မီးတုတ်ကိုင်ဖို့ပြင်ကြလော့ (နီအောင်ဝေ)
မီးတုတ်ကိုင်ဖို့ပြင်ကြလော့ (နီအောင်ဝေ) စစ်တပ်က ရွေးကောက်ပွဲရလာဒ်ကို ပြဿနာရှာနေတာ မပြီးနိုင်မစီးနိုင်။ ဒီချုပ်ပါတီကိုမဲပေးရာမှာ မဲမသမာမှုတွေဖြစ်ခဲ့တယ်ဆိုရင်တောင် အာဏာပိုင်အစစ်အမှန်ဖြစ်တဲ့စစ်အုပ်စုလက်ချက်သာဖြစ်လိမ့်မယ်။ ဒီချုပ်ဟာ ရွေးကောက်ပွဲနိုင်ဖို့ မဲခိုးရမယ့်ပါတီမဟုတ်တာ ပြည်တွင်းပြည်ပ သိသာမြင်သာတဲ့ကိစ္စပါ။ ဒါပေမဲ့ စစ်အုပ်စုက ဘာကြော င့်ပြဿနာရှာနေသလဲ။ ဒီချုပ်ဆက်ပြီး အစိုးရနေရာ၊ လွှတ်တော်နေရာတွေမှာ နေရာယူမှာကို မလိုလားတာတခုတည်းတော့မဟုတ်ဘူး။ ရွေးကောက်ခံအစိုးရမှာရှိတဲ့အာဏာဆိုတာ မဖြစ်စလောက် ယောင်ပြဆိုတာ သူတို့အသိဆုံးပဲ။ အခြေခံဥပဒေ အတည်ပြုပွဲကစလို့၂၀၀၈ ခြေဥအောက်က ရွေးကောက်ပွဲတွေမှာ သူတို့မဲခိုး၊ မဲလိမ်၊ မဲဝယ်၊ မဲဓားပြတိုက်ခဲ့သမျှ ဘူးပေါ်သလိုပေါ်ခဲ့တာတွေအတွက် သူခိုးကလူပြန်ဟစ်ပြီး ဒီချုပ်ကို တန်းညှိချင်တာ၊ ၂၀၀၈…
