အလုပ်သမားသပိတ်တွေကို ပင့်ဖိတ်ခေါ်ယူနေတဲ့ အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀

အနည်းဆုံးအခကြေးငွေဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ၂ နှစ်ကျော်ကြာမှ အနိမ့်ဆုံးလုပ်ခလစာ (အဆိုပြုနှုန်းထား) ကျပ် ၃၆၀၀ (တစ်နာရီ ၄၅၀ ကျပ်) ကို ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုကြေညာတဲ့ အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ မှာ အဆိုပြုနှုန်းထားသာဖြစ်ပြီး၊ အတည်မဖြစ်သေး၊ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်/ပြင်ဆင်နိုင်ပါတယ်။ အဲဒီနောက်မှသာ အနိမ့်ဆုံးလုပ်ခ အတည်ပြုကြေညာမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေး ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး “အလုပ်သမားပြဿနာတွေဖြစ်အောင် မီးမွှေးပေးနေတာ ဖြစ်တယ်”လို့ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်းက ပြောဖူးပါတယ်။ အခုလို (အဆိုပြုနှုန်းထား) ကြေညာလိုက်တော့မှ မီးတွေထတောက်တော့မယ့် ကိန်းဆိုက်နေပါပြီ။ အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ချက်ကို အလုပ်သမားတွေဘက်ကရော စက်ရုံအလုပ်ရှင်တွေဘက်ကပါ ကိုယ်စီရပ်တည်ချက်နဲ့ မကျေနပ်ကြပါဘူး။ အလုပ်ရှင်တွေက အလုပ်တွေ ပိတ်သိမ်းမယ်လို့ ပြောနေပြီး အလုပ်သမားတွေဘက်က သပိတ်မှောက်မယ်လို့ တုံ့ပြန်နေကြပါတယ်။ အလုပ်သမားတွေဘက်က မကျေနပ်မှုဟာ တရားမျှတမှန်ကန်ပြီး၊ ကြောင်းကျိုးဆီလျော်တဲ့ မကျေနပ်မှုဖြစ်ပါတယ်။ ဒီနေ့ကာလမှာ လူတစ်ယောက် အဝစား ထမင်းတစ်နပ် ကျပ်… Read More »

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၃)

AYDB2-3

ဝမ်းနည်းသတင်းထုတ်ပြန်ချက်

အချိုသပ်လှည့်စားထားတဲ့ ပြင်ဆင်ရေးမူကြမ်း

268528303-on-draft

ကျွန်တော့်ရဲ့ ခေါင်းဆောင်၊ ဆရာ၊ စံပြ

ကိုယ့်ကိုယ်ကိုသတ်သေတဲ့အဆင့် ရောက်နေတဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေ

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ ထင်ရှားပေါ်လွင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအကြောင်းပြောရင် မပြောမဖြစ်ပြောရမယ့် အချက်က ဒီလှုပ်ရှားမှုတွေကို အာဏာရသူရဲ့လှုပ်ရှားမှုနဲ့၊ အာဏာရမဟုတ်သူတွေရဲ့လှုပ်ရှားမှုတွေလို့ အခြေခံကျကျ ခွဲခြားလို့ရတယ်ဆိုတာပါပဲ။ လက်ရှိပေါ်ပေါက်နေတဲ့လှုပ်ရှားမှုတွေဟာ ရည်ရွယ်ချက်အမျိုးမျိုး၊ သဏ္ဌာန်အမျိုးမျိုးပဲလို့ ဆိုရင်လည်းရပါတယ်။ စစ်ပွဲကအစ၊ လွှတ်တော်၊ ဆန္ဒပြပွဲအလယ် အခုနောက်ဆုံး မိမိကိုယ်မိမိ အဆုံးစီရင်တဲ့သဏ္ဍာန် အထိ မကြုံဖူး၊ မကြားဖူးတဲ့သဏ္ဌာန်တွေ တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုတွေကို ခေါင်းစည်းခွဲထည့်လိုက်ရင်တော့ လက်ရှိတည်ရှိနေတဲ့ ဗိုလ်သိန်းစိန်တို့ရဲ့ အရပ်ဝတ်စစ်အစိုးရက ခွင့်ပြုထားတဲ့ နိုင်ငံရေးဘောင်အတွင်း စည်းကမ်းသေဝပ်စွာ လှုပ်ရှားတာနဲ့၊ ဒီဘောင်ခတ်ထားတာကြီးကို ဖောက်ထွက်လုပ်ကိုင်နေကြတာရယ်လို့ အထင်အရှား တွေ့ရပါလိမ့်မယ်။ ပိုပြီးထင်ရှားအောင် သရုပ်ခွဲပြောရရင် စစ်အစိုးရသဘောကျ၊ ခွင့်ပြုနိုင်တဲ့ လှုပ်ရှားမှုသဏ္ဌာန်နဲ့ စစ်အစိုးရ သဘောမကျ ခွင့်မပြုနိုင်တဲ့ လှုပ်ရှားမှုသဏ္ဌာန်တွေလို့ ခွဲခြားနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီနိုင်ငံကြီးမှာ ဟိုတယ်ထဲမှာ ရှင်းလင်းပွဲကျင်းပပြီး ကိုယ့်သဘောထားဖော်ပြတာ၊ အချုပ်ကားပြတင်းပေါက်ကနေ လက်သီးဆုပ်ပြပြီး ကိုယ့်သဘောထားဖော်ပြတာ၊ ကိုယ့်ကိုယ်ကိုသတ်ပြီး သဘောထားဖော်ပြတာ စသဖြင့် အမျိုးမျိုးအဖုံဖုံ တွေ့နေရတာပါပဲ။ လမ်းပေါ်မှာ ဆန္ဒဖော်ပြသူကို အရပ်ဝတ် စစ်အစိုးရက ရိုက်နှက်ဖမ်းဆီး၊ သတ်ဖြတ်တာလုပ်ပြီး၊ လွှတ်တော်အတွင်း (သူတို့ခွင့်ပြုတဲ့ ဘောင်အတွင်းမှာသာ)… Read More »

အောသင့်မအောသင့်

ဒီနေ့ဗမာပြည်မှာ သံဃာ့တိုက်ပွဲနဲ့ လယ်သမားလှုပ်ရှားမှုတွေ ပေါ်ထွက်လာ၊ ဒါ့အပြင် အလုပ်သမားတိုက်ပွဲတွေ ကျယ်ပြန့်လာနေပြီး ကျောင်းသားတိုက်ပွဲတွေကလည်း ထပ်ဆင့်ပေါက်ကွဲလာတော့ လူတွေက ရှစ်လေးလုံး အရေးတော်ပုံကြီးလို လူထုအုံကြွမှုကြီးတခု တွေ့မြင်လာရတော့မလားလို့ ပြောဆိုဆွေးနွေးလာကြပါတယ်။             နိုင်ငံရေးအလားအလာဆိုတာ ဗေဒင်ဟောသလို တွက်လို့မရပါဘူး။ အဲဒီလိုတွက်လို့လည်း မဖြစ်ပါဘူး။ သမိုင်းနဲ့ချီတဲ့ အလားအလာ – ဥပမာ ကိုလိုနီကျွန်ပြုခံနေရသူတွေ တနေ့မှာ မုချလွတ်မြောက်ရမယ်ဆိုတာမျိုး- ကို ပြောနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအဆင့်တွေကို ကြိုပြောဖို့ဆိုတာ အကြောင်းရင်းတွေ အများကြီးရှိနေတော့ တိုင်းပြည်မှာ အာဏာရနေတဲ့ လူတွေတောင် ဒီလိုအတိအကျ၊ ဒက်ထိမပြောနိုင်ပါဘူး။             ဒီတော့ ဒီနှစ်တွေအတွင်း ဆက်တိုက်ပေါ်နေတဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေဟာ ဘယ်ဆီကို ရောက်မယ်ဆိုတာ အတိအကျ ပြောရခက်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ၁၉၇၄-၇၅-၇၆ ခုနှစ်များဆီက အလုပ်သမား-ကျောင်းသား တိုက်ပွဲတွေလိုတော့ ဖြစ်မယ်လို့ မှန်းဆနိုင်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အဲဒီဆယ်စုနှစ်တခု မတိုင်မီက တိုက်ပွဲတွေက အစပြုခဲ့တာ၊ အဲဒီတိုက်ပွဲတွေ မပေါ်ခဲ့ဘဲ ရှစ်လေးလုံးအရေးတော်ပုံကြီး မပေါ်နိုင်ဘူးဆိုတာလို ဒီနေ့တိုက်ပွဲတွေဟာလည်း သမိုင်းမှာ ဘယ်လိုမှ… Read More »