ငြိမ်းချမ်းရေးလား၊ ဝေးသေးတယ်

ငြိမ်းချမ်းရေးလား၊ ဝေးသေးတယ် (စောအယ်ထူး) (အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇) ခေတ်သစ်ဗမာပြည်သမိုင်းမှာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရင်းနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ရတာဖြစ်တယ်။ ကိုလိုနီနယ်ချဲ့စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်နိုင်တဲ့ အချိန်မှာ အမျိုးသား စည်းလုံး ညီညွတ်ရေးစိတ်ဓာတ်ဟာ အမြင့်ဆုံးအဆင့်ကိုရောက်တတ်ပြီး ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်ရာမှာ တွေဝေယိမ်းယိုင်မှုတွေ ပေါ်ပေါက်တဲ့ အခါမှာ အမျိူးသားစည်းလုံးရေး စိတ်ဓာတ်ဟာလည်း လျော့ရဲလာကာ အမျိုးသားစည်းလုံး ညီညွတ်ရေးလုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိတတ်ကြပါတယ်။ ဒီလိုအမျိုးသားစည်းလုံးညီညွတ်ရေးကို အဆင့်ဆင့်၊ အကွေ့အကောက်၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်လာကြရင်းနဲ့ ဒုတိယ ကမ္ဘာစစ်ကြီးကာလကို ရောက်လာလာတဲ့အခါ နယ်ချဲ့ဖက်ဆစ်ဂျပန်ကိုတော်လှန်ဖို့ လုံးပန်းကြရင်းနဲ့ တည်ဆောက်လိုက်တဲ့ အမျိုးသား စည်းလုံးညီညွတ် ရေးဟာ သမိုင်းမှာ တခါမှမရှိခဲ့ဖူးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိလိုက်ကြပါတယ်။ ဒါကြောင့်လည်း နယ်ချဲ့ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာ တွန်းလှန်အောင်ပွဲခံလိုက်ပါတယ်။ ဒီအောင်ပွဲအရှိန်ဟာ ဗမာပြည်ကို လွတ်လပ်ရေးပန်းတိုင်အထိ တွန်းပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာတော်လှန်အပြီး လွတ်လပ်ရေးတိုက်ပွဲမှာ ရင်ဆိုင်ရတာက ဖက်ဆစ်ဂျပန် မဟုတ်ဘဲ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သမားဖြစ်နေပြန်တယ်။ အင်္ဂလိပ်နယ်ချဲ့သမားဟာ ဒုတိယကမ္ဘာစစ်ကြီးမှာ အောင်နိုင်သူဖြစ်ပေမယ့်… Read More »

ကျန်းမာရေးစောင့်ရှောက်မှုသည် ရောင်းကုန်မဟုတ်

ကျန်းမာရေးစောင့်ရှောက်မှုသည် ရောင်းကုန်မဟုတ် ကျော်ဇင်မင်း အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇ အညာကိုမရောက်တာကြာပြီဖြစ်သော ကျွန်တော့်အတွက် ညောင်ပြာသာဒ်ကြီးကို တွေ့လိုက်ရသည်နှင့် ခံစားချက်တို့ ထက်မြက်နိုးကြား လာလေသည်။ ညောင်ပြာသာဒ်ပင်ကြီးကား ခန်းနားကြီးကျယ်လှသည်။ အုံ့အုံ့ဆိုင်းဆိုင်းရှိလှသည်။ အံ့ဘနန်း ထူးခြားဆန်းကြယ်လှသည်။ ညောင် ပင်ကြီးမှသည် ကြီးမားထယ်ဝါသော အကိုင်းကြီးတွေ အဖက်ဖက်သို့ ဖြာထွက်နေသည်။ ထိုဖြာထွက်နေသောအကိုင်းကြီးတွေမှသည် ညောင်မုတ်ဆိတ်တွေ မြေသို့ တွဲရရွဲကျဆင်းနေကြသည်။ ညောင်မုတ်ဆိတ်တို့သည် အမြစ်မှသည် ပင်စည်အဖြစ်သို့ ကြီးထွား သန်မာ လာပြန်သောအခါ ညောင်ပင်ကြီး အောက်တွင် ညောင်ပင်တွေ အများကြီးပေါက်နေသလို ဖြစ်နေသည်။ ညောင်မုတ်ဆိတ်တွေက ဘယ်တပင်ညာတပင် ပေါက်နေရာ တံခါးပေါက်တွေလို ဖြစ်နေကြသဖြင့် ထိုအပေါက်တွေကို ညောင်တံခါးတွေဟုလည်း ခေါ်ကြသည်။ ညောင်ပြာသာဒ်ပင်ကြီးသည် နန်းတော်ကြီးနှင့်ပင်တူနေသေး တော့သည်။ ညောင်တံခါးပေါက်တခု၏ အလည်တွင် ကျောက်ရေအိုးစင်တခုကို တွေ့ရသည်။ ရေအိုးအသစ်လေးတွေက ရေတွေ စိမ့်ဖြာ စိုရွှဲနေသည်။ ရေအိုးဘေးခင်းထားသောသဲပေါ်တွင် မြက်ပင်လေးတွေနှင့် စိမ်းစိမ်းစိုစိုဖြစ်နေသည်။ ရေကုသိုလ်ပြုသူ၏စေတနာကို စိမ်းစို နေသော မြက်ပင်ကလေး များပေါ်တွင် တွေ့မြင်နေရသည်။ ငယ်ငယ်က အလယ်တန်းစကားပြေတွင်… Read More »

အခြေခံအကြောင်းရင်းကိုမမေ့သင့်ကြပါ

အခြေခံအကြောင်းရင်းကိုမမေ့သင့်ကြပါ ရဲဘော်ဖိုးသံချောင်း အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ကျွန်တော်တို့နိုင်ငံမှာဒီနေ့ဖြစ်ပျက်နေတာတွေ တော်တော်များများဟာ မျက်စိလည်စရာလို ဖြစ်နေပါတယ်။ ဒီမိုကရေစီစကားတွေ တဖောင်ဖောင် ပြောနေတဲ့အကြားက နိုင်ငံရေးအကြောင်းပြုတဲ့ အပြောအဆို-အရေးအသား အကြောင်းပြုပြီး အဖမ်းခံနေရတာတွေ ဆက်လက် တွေ့မြင်နေရတာ၊ ငွေကုန်ကြေးကျ အမြောက်အမြားခံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ၂၁ပင်လုံညီလာခံကြီးတွေ တခြိမ်းခြိမ်း ကျင်းပနေတဲ့အကြားက တိုက်ပွဲတွေ တရံ မလပ်၊ စစ်ပြေးဒုက္ခသည်တွေ အပြေးမရပ်ဖြစ်နေရတာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်နေတယ်ဆိုတဲ့အချိန်မှာ အလုပ်သမားပြဿနာတွေ တိုးသထက် တိုး၊ ကျွန်ပြုခံရ တယ်ဆိုတာမျိုးအထိဖြစ်၊ လယ်သမားမြေ ဆုံးရှုံးမှုတွေ များသထက်များဖြစ်နေရတာ၊ တရားဥပဒေစိုးမိုးရေးစကားတွေ စီစီညံ အောင်ကြားနေရတဲ့အကြားကပဲ ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲဖောက်ကားမှုပြဿနာဟာ ဆိုးသထက်ဆိုးလာနေတာ- ဒါတွေ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာကို ဗမာ နိုင်ငံသားတိုင်းက သိချင်နေကြပါတယ်။ နောက်ပြီး တယ်လီဖုန်းကိုင်တဲ့လူတွေ များသထက်များလာ၊ အင်တာနက်တက်သူတွေ များသထက်များလာ၊ အနေရာရာမှာ ပြည်ပက သင်တန်းတွေပေးတာတွေ များသထက်များလာနေတဲ့အကြားက ဒီနိုင်ငံမှာကျောင်းသားလူငယ်တွေနဲ့ မိဘတွေရဲ့မကျေနပ်မှုတွေဟာ လျော့သွား တယ်မရှိဘဲ ဘာကြောင့်တိုးသထက်တိုး များလာနေရတာလဲ။ ပြည်ပက အကူအညီမျိုးစုံ… Read More »

ဗြိတိန်ကွန်မြူနစ်ပါတီ၏ (၅၄) ကြိမ်မြောက်ကွန်ဂရက်သို့ သဝဏ်လွှာ

သို့-ဗဟိုကော်မတီဗြိတိန်ကွန်မြူနစ်ပါတီ မှဗဟိုစည်းရုံးရေးကော်မတီဗမာပြည်ကွန်မြူနစ်ပါတီ ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။ အကြောင်းအရာ။ ။ ဗြိတိန်ကွန်မြူနစ်ပါတီ၏ (၅၄) ကြိမ်မြောက်ကွန်ဂရက်သို့ သဝဏ်လွှာပေးပို့ခြင်း။ ချစ်လှစွာသော ရဲဘော်များခင်ဗျား- ကမ္ဘာ့လုပ်သားပြည်သူများအနေဖြင့် နယ်ချဲ့သမားများက အရင်းရှင်စနစ်ကျဆုံးမှုကို ကာကွယ်ရေး အတွက် အရူးအမူးလုံးပန်းမှုကို ရင်ဆိုင်နေရသောအချိန်တွင် အရှေ့တောင်အာရှတိုက်နိုင်ငံတခုမှ မိမိတို့က ကမ္ဘာပေါ်ရှိအရင်းရှင်နိုင်ငံအများစုတည်ရှိရာ ဥရောပတိုက်တွင် အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေကြ သောရဲဘော်များ၏ ကွန်ဂရက်ကို ဂုဏ်ပြုနှုတ်ဆက်လိုက်ပါသည်။ အင်အားကြီးနိုင်ငံကြီးများအကြား စစ်အေးခေတ်လွန်ကာလ နယ်မြေလုယက်မှုနှင့်ခွဲဝေမှုမှာ အဆုံး သတ်ဖို့နေနေသာသာ လက်တွေ့တွင် ပို၍ပြင်းထန်၊ ပို၍ကောက်ကျစ်လာသည်ကိုတွေ့နေရသည်။ သူတို့၏ နယ်ချဲ့အားပြိုင်မှုကြောင့်ဖြစ်ပေါ်လာသော စစ်ပြေးဒုက္ခသည်နှင့်ပြန်လည်နေရာချထားရေးပြဿနာသစ်များ သည်သမိုင်းတွင်မကြုံဖူးလောက်အောင် များပြားလာသည်။ ယခုလိုအမေရိကန်နယ်ချဲ့သမားက တရုတ်ပင် လယ်တွင်စစ်အင်အားစုပြုံရန် လုံးပန်းမှုကြောင့် တရုတ်ပြည်အတွက်အနောက်ဖက်တံခါးပေါက်များရှိရာ ဗမာ ပြည်မှာလည်း ဤဝဲဂယက်အတွင်းသို့ ဆွဲသွင်းခြင်းခံရပါတော့သည်။ ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးနိုင်ငံ ကြီးနှစ်ခုအကြားတွင်တည်ရှိကာ ကမ္ဘာ့အရေးအပါဆုံးပင်လယ်ရေကြောင်းများပေါ်တွင် တည်ရှိနေသည့် ကျွန်တော်တို့၏မြန်မာနိုင်ငံ၏နိုင်ငံရေးကို အင်အားကြီးနိုင်ငံများက အမြဲပင် မျက်ခြည်ပြတ်မခံစောင့်ကြည့်နေ ကြပါသည်။ ယခုအခါတွင် အနောက်နိုင်ငံများ၏ ဗမာပြည်နိုင်ငံရေးကို စွက်ဖက်ရန် အကြံအစည်များကို မြန်မာနိုင်ငံအတွင်းတွင် အစွမ်းကုန်… Read More »

Felicitation to the Fifty-fourth Congress of the Communist Party of Britain

download_tocbr

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၆)

aydb2-6

(၂၈) ကြိမ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားအတွက် သဝဏ်လွှာပေးပို့ခြင်း

to-ABSDF