(Twilight Over Burma) ရုပ်ရှင်ပြသခွင့်မရှိတဲ့ “ဒီမိုကရေစီ”
ဗမာပြည်နိုင်ငံရေးသမိုင်းမှာ “အရိုးတွန်” စရာကိစ္စတွေများပြားလှပါတယ်။ (Twilight Over Burma) ရုပ်ရှင်ကတော့ များပြားလှတဲ့ အရိုးတွန်စရာကိစ္စတွေထဲက တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ သီပေါစော်ဘွားစဝ်ကြာဆိုင်ကို လက်စဖျောက်ခဲ့ကြတဲ့ လက်သည်တရားခံဟာ ဗိုလ်နေဝင်းနဲ့ စစ်အုပ်စုပါပဲ။ ထိုစဉ်က သီပေါ စော်ဘွားဟာ ဗိုလ်နေဝင်းရဲ့အမုန်းဆုံးလူများစာရင်းမှာ ရှေ့တန်းကပါခဲ့ပုံပါပဲ။ ဗိုလ်နေဝင်းရဲ့အမုန်းဆိုတာက စိတ်ရောဂါတမျိုးပဲလို့ ထင်ပါတယ်။ ဗိုလ်နေဝင်းဟာ သူ့ ထက်သာတာကို မနာလို၊ မရှုဆိမ့်နိုင်တာမျိုးပါ။ သီပေါစော်ဘွားက အခြားစော်ဘွားတွေနဲ့ မတူဘဲ ခေတ်ပညာတတ်ဖြစ်သလို ရှမ်းပြည်ကိုလည်း ခေတ်နဲ့အမီ ရင်ဘောင်တန်း စေချင်သူတဦးလည်း ဖြစ်ပါတယ်။ ဒီအချက်တွေကို ဗိုလ်နေဝင်း မနာလိုပါဘူး၊ မရှုဆိတ်နိုင်ပါဘူး။ အဲဒီလို ဗိုလ်နေဝင်းရဲ့ ရူးသွပ်မိုက်မဲတဲ့ အမုန်းနဲ့အငြိုးအတေး၊ အာဃာတအောက်မှာ သီပေါစော်ဘွား ရေတိမ်နစ်ခဲ့ရတာပါ။ ဗိုလ်နေဝင်းနဲ့စစ်အုပ်စုဟာ သီပေါစော်ဘွားကို သတ်ဖြတ်တဲ့ ရာဇဝတ်မှုတင် မကပါဘူး။ အလောင်းဖျောက်ဖျက်တဲ့ ရာဇဝတ်မှုကို တပါတည်းကျူးလွန်ခဲ့ကြတာပါ။ ဒီကနေ့အထိ ဘယ်လို ဖြေရှင်းချက်မျိုးမှ မပေးခဲ့ကြပါဘူး။ (SNLD) ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးဟာ သီပေါစော်ဘွားနဲ့ တူအရီး တော်စပ်တယ်လို့ ကြားဖူးပါတယ်။ အခုတော့ (Twilight… Read More »




