၂၀၂၀ ရွေးကောက်ပွဲလွန် အရွေ့(ကိုတူး)
၂၀၂၀ ရွေးကောက်ပွဲလွန် အရွေ့ (ကိုတူး) ရွေးကောက်ပွဲ ၈ နိုဝင်ဘာမှာ ပြီးသွားပြီ။ ရွေးကော် UEC က မဲဆန္ဒနယ်တချို့ရဲ့အနိုင်အရှုံးကို တတိတိကြေညာနေသော်လည်း အပြီးသတ်အနိုင်အရှူံးကို ပြတ်ပြတ်သားသားမကြေညာနိုင်သေးဘူး။ တခြားပါတီများထံမှ ဘာသံမှမကြားရပေမယ့် ကြံ့ဖွံ့ကတော့ ရလဒ်ကိုလက်မခံသေးပဲ မဲမသမာမှုများရှိနေသဖြင့် ပြန်လည်စိစစ်ပေးရန်တောင်းဆိုထားတယ်။ ခရီးက မပြီးဆုံးသေးဘူးလို့ဆိုတယ်။ ဒီချုပ်ဘက်ကတော့ အစိုးရဖွဲ့နိုင်တာထက် ကျော်လွန်တဲ့ပမာဏနဲ့ တောင်ပြိုကမ်းပြိုတင်မက မိုးကောင်းကင်ပြိုကျသလို သူတို့ ပြတ်ပြတ်သားသား အနိုင်ရတယ်လို့ဆိုတယ်။ ၁၁ ရက်နေ့ညနေမှာ ရွေးကော်နဲ့ကြံ့ဖွံ့ အပြိုင်သတင်းစာရှင်းပွဲ လုပ်ကြတယ်။ ရွေးကော်က အမျှတဆုံးကျင်းပပေးခဲ့တဲ့ရွေးကောက်ပွဲဖြစ်ကြောင်း အငြင်းပွားမှုရှိရင် ရွေးကောက်ပွဲဥပဒေအရ ဒီမိုကရေစီနည်းကျဖြေရှင်းကြဖို့ ပြောသွားတယ်။ အနိုင်အရှုံးမဲရလဒ် အပြည့်အစုံကြေညာဖို့ ၅-၇…
