It Ain’t Over Till It’s Over

It goes without saying that anyone who doesn’t wish for a smooth and peaceful transition in Burma needs their head examined. But that is obviously the best case scenario. When all the window dressing and fanfare are seen for what they are the so called progress made in the peace process as well as the transfer of power to the democratically elected government to be formed by the NLD with… Read More »

ပြည်သူ့အာဏာဂျာနယ် အမှတ် (၃၉) (၂၀၁၆ ဇန်နဝါရီ)

pd39

စေ့စပ်ရေးပရိယာယ်နှင့် ၂၀၀၈ ဒိုင်အာခီ

on compromise ပြည်သူ့အာဏာ အမှတ် (၃၉) မှဆောင်းပါးကို ကြိုတင်ဖော်ပြခြင်း ဖြစ်ပါသည်။

ဤခရီးဝေးသေးသည်

ကမ္ဘာ့နိုင်ငံရေးလောကမှာ အစိုးရထဲကအစိုးရ (state within a state) ဆိုတဲ့ဆိုနည်းတခု ရှိပါတယ်။ အဓိပ္ပာယ်က အစိုးရတရပ် တရားဝင်ရှိနေလျက်နဲ့ နောက်ကွယ်မှာ၊ ဒါမှမဟုတ် ဒီအစိုးရထဲမှာပဲ ဒီအစိုးရကို ညွှန်ကြားနေ၊ ချုပ်ကိုင်နေတဲ့ အင်အားစုတရပ် တည်ရှိနေတယ်လို့ ဆိုလိုတာပါ။ဒါဆိုရင် ဘာကိုရေးချင်လို့ အစချီနေတယ်ဆိုတာကို သိကြမှာပါ။ဟုတ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအရ တက်လာမယ့်အစိုးရနဲဲ့့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အခွင့်အာဏာတွေ ကျင့်သုံးနေမယ့် ကာလုံနဲ့စစ်တပ်တို့ရဲ့အခန်း ဖြစ်ပါတယ်။အခုအခါမှာ ကမ္ဘာကရော ဗမာပြည်သားတွေက ပူပန်မှုအပြည့်နဲ့ စောင့်ကြည့်နေကြတာဟာ စစ်ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို တကယ်ပဲ အာဏာလွှဲပေးပါ့မလား ဆိုတာပါ။ ဗိုလ်သိန်းစိန်က လွှဲပေးမယ်ပြောပြီး ဗိုလ်မင်းအောင်လှိုင်ကတော့ “တကယ်လို့”၊ “ဒါပေမဲ့”ဆိုတဲ့ စကားတွေခံပြီး ပြောပါတယ်။ ဒါဟာ သူတို့တလျှောက်လုံး က’နေတဲ့ ဇာတ်ထုပ်အတိုင်း တယောက်က မင်းသားလုပ်၊ တယောက်က ကုန်း (ဂုန်း) ရုပ်လုပ်ဆိုတဲ့ ဇာတ်ခွဲပုံအတိုင်း ဆက်က’နေတာ ဖြစ်ပါတယ်။ တနည်း- ဆက်ညာနေတာ ဖြစ်ပါတယ်။ပြည်တွင်းစစ်ကို တမင်မွေးထား၊ မီးမငြိမ်းအောင် မပြတ်လုပ်နေတဲ့… Read More »

၂၀၁၅ ရွေးကောက်ပွဲလွန်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီ၏ တင်ပြချက်

pr2-2015 by aungpwe pr2-2015

လူထုဟာ သမိုင်းဖန်တီးသူ၊ လူထုဟာ သူရဲကောင်း

ရွေးကောက်ပွဲနား နီးလာတာနဲ ့အမျှ လူထုရဲ ့လှိုင်းတံပိုးထကြွသလို မြင့်မားလာတဲ့ နိုင်ငံရေး နိုးကြားမှုကို အထင်းသား မြင်တွေ ့လာရပါတယ်။ လူထုဟာ အပြောင်းအလဲကို အင်မတန် တောင့်တနေပြီ ဖိနှိပ်မှုတွေ လိမ်ညာသွေးစုပ်မှုတွေကို ထပ်ပြီးသည်းမခံနိုင်တော့ဘူး ဆိုတာကို ကြီးမားကျယ်ပြောလှတဲ့ “လူပင်လယ်” လူထုစုရုံးမှုကြီးတွေကနေ အထင်အရှား ထုတ်ဖော်ပြသနေပါတယ်။ သူတို ့ဟာ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ အခွင့်အလမ်းတခုကို အမိအရဆုပ်ကိုင်ပြီး အာဏာ လက်မလွှတ်လိုသူ လူတစုကို အညင်သာဆုံး အငြိမ်းချမ်းဆုံး မောင်းထုတ်ဖို ့ကြိုးစားနေတာပါ။ သာသာပြောလို ့မရရင် နာနာနှက်ဖို ့လည်း ဝန်မလေးတဲ့ သူတွေပါ။ ကမ္ဘာ ့သမိုင်းမှာပဲဖြစ်ဖြစ် ဗမာပြည်သမိုင်းမှာပဲဖြစ်ဖြစ် အရေးကြီးတဲ့ သမိုင်းအချိုးအကွေ ့ အလှည့်အပြောင်းတွေကို အများတကာ့ အများစုကြီးဖြစ်တဲ့ အဖိနှိပ်ခံလူထုကြီးကသာ အဆုံးအဖြတ်ပေးခဲ့တာပါပဲ။ အခုလည်း သမိုင်းတွင်မယ့် အဆုံးအဖြတ်တခုကို ဆုံးဖြတ်ဖို ့သူတို ့အဆင်သင့် ဖြစ်နေပါပြီ။ လူထုဟာ တီထွင်ကြံဆနိုင်တဲ့၊ ဖန်တီးနိုင်စွမ်းရှိတဲ့၊ နိုင်ငံရေးတိုက်ပွဲတွေကို လက်ရုံးရည်၊ နှလုံးရည်ပြည့်စွာနဲ ့ တိုက်ပွဲဝင်နိုင်သူတွေ ဖြစ်ပါတယ်။… Read More »

သေနတ်ခါးချိတ်ထားသလို မဲတောင်းတဲ့သမ္မတ

“မဲပေးကြပါအရပ်ကတို့ရဲ့၊ မဲတပြားလောက်ပေးပါ။” ဒါက ၁၉၅၀ စုနှစ်များတုန်းက ကျင်းပခဲ့တဲ့ ကျောင်းသားပွဲတော်တခုက အမတ်ရူးယိမ်းမှာဆိုတဲ့ ယိမ်းသီချင်းရဲ့ အစပိုဒ်က စာသားတွေပါ။ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက သူ့ရဲ့မွေးဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဥသျှစ်ကုန်းကျေးရွာမှာ မဲတောင်းတဲ့အခါဗိုလ်သိန်းစိန်က “ပြည်သူများလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီ၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့ကပြောင်းပြီးပြီ”လို့ရဲရဲတင်းတင်းကြီး၊ စိန်ခေါ်သလို ပြောပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူအဲဒီလိုမာနတခွဲသားနဲ့ ပြောတဲ့နေ့မှာပဲ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို ဖမ်းဆီးခဲ့သလို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေတဲ့ ဒီချုပ်အမတ်လောင်းဦးနိုင်ငံလင်းနဲ့ အမျိုးသမီးတွေအပါအဝင် ဒီချုပ်ပါတီဝင်တွေကို စွမ်းအားရှင် တဖြစ်လဲ-ကြံ့ဖွတ်ပါတီဝင်နဲ့ အပေါင်းပါ လူမိုက်တွေက ဓားတွေနဲ့ဝင်ခုတ်တာ၊ အကြမ်းဖက်ရမ်းကားတာတွေ ဖြစ်ခဲ့ပါတယ်။ တို်က်ဆိုင်တာလို့တော့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကနေ့ဗမာပြည်ရဲ့ အခြေအနေကို ပိုလေးနက်စေတဲ့ တိုက်ဆိုင်မှုလို့ ပြောရပါမယ်။ အဲဒီနေ့တုန်းက ဗိုလ်ကနေ ဦးပြောင်းခဲ့ပြီး ဗိုလ်အခွင့်အရေးတွေ ဆက်လက်ခံစားနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ပြောတာကိုက ‘‘ပြောင်းလဲချိန်တန်ပြီဆိုခြင်းမှာ ဘာကိုပြောတာလဲ’’လို့ မောက်မောက်မာမာပြောခဲ့တာ ဖြစ်ပါတယ်။ ဒီချုပ်ကို ရန်ထောင်တာလို့ ထုတ်မပြောရုံတမယ်ပါ။ ပြီးမှ… Read More »