အများသောက်တဲ့မိုးခါးရေ

အများသောက်တဲ့မိုးခါးရေ မောင်ရွှေအိုး အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး ဗမာပြည်ကြီးပြောင်းလဲလာနေပြီဆိုတာ ဘာမှငြင်းကွယ်နေစရာအကြောင်းမရှိ။ အရင်ကနဲ့ မတူတော့တာအမှန်။ အသိသာဆုံးက သတင်းမီဒီယာ လွတ်လပ်မှု၊ ဆိုရှယ်မီဒီယာပါမကျန် ဒီမိုကရေစီအရသာကို တစုံတရာသော အတိုင်းအတာအထိ ခံစားနေကြရပြီဆိုနိုင်ပါတယ်။ လွတ်လပ်စွာ ဝတ်စားဆင်ယင် ဆိုချင်ကချင် ဖော်ချင်ပြချင်တာတွေလည်း ကမ်းကုန်ယမ်းကုန်နီးပါး လုပ်နိုင်ကြပါ၏။ လမ်းမကြီးအလယ်ခေါင် သေးတက် မပန်းရုံပါပဲ။ ဒီ့ထက်လွတ်လပ်တာဘာလဲ။ ပြည်တွင်းအုပ်စိုးသူလူတန်းစားရော ပြည်ပနိုင်ငံကြီးများပါ နဖားကြိုးဖြုတ် ဇက်ကုန်လွှတ်ပေးလုနီး ကြိုးပမ်းအား ထုတ်နေကြတာဘာလဲ။ “လွတ်လပ်စွာရောင်းဝယ်ဖောက်ကားရေး” free trade ဖြစ်ပါတယ်။…

ကားလ်မာ့က်စ်

ကားလ်မာ့က်စ် အတ္ထုပ္ပတ္တိအကျဉ်းနှင့်မာ့က်စ်ဝါဒကိုရှင်းပြချက်တခု (ဗလာဒီမာအီလျစ်ခ်ျလီနင်) ရဲဘော်အောင်ထက် ပစ္စည်းမဲ့လူတန်းစား၏လူတန်းစားဆိုင်ရာနည်းပရိယာယ် အင်မတန်စောတဲ့ ၁၈၄၄-၄၅ ခုနှစ် ကာလများကတည်းကပဲ မာ့က်စ်ဟာ အစောပိုင်းရုပ်ဝါဒရဲ့အားနည်းချက်တွေ- ဆိုလိုတာ လက်တွေ့တော်လှန်ရေးလုပ်ငန်းဖြစ်ပေါ်ဖို့အခြေအနေတွေ၊ ဒါမှမဟုတ်အရေးပါမှုကိုနားမလည်မှုတွေ-ကို စူးစမ်းလေ့လာပြီးနောက် သူဟာ သူ့တသက်တာမှာ သူ့ရဲ့သဘောတရားရေးလုပ်ငန်းနဲ့အတူ ပစ္စည်းမဲ့လူတန်းစားရဲ့နည်းပရိယာယ်ပြဿနာတွေကို တရံမလပ် သတိပြုအာရုံစိုက်ခဲ့ပါတယ်။ သူ အာရုံစိုက်ပြုစုခဲ့တာတွေကို ပမာဏကြီးမားလှတဲ့ မာ့က်စ်ရဲ့ရေးသားချက်တွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့်၁၉၁၃ခုနှစ်မှာထုတ်ဝေခဲ့တဲ့ သူနဲ့ အိန်ဂယ်တို့ရဲ့ အပြန်အလှန်ပေးစာလေးတွဲထဲမှာ ဖြစ်ပါတယ်။ သူ့ရေးသားချက်တွေကို အားလုံးစုစည်းတာ၊ စစ်ဆေးတာ၊ လေ့လာသုံးသပ်တာ မလုပ်ရသေးပါဘူး။ ဒီတော့ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာမာ့က်စ်က ဒီနယ်ပယ်အကြောင်းမပါရင် ရုပ်ဝါဒဟာမပြည့်စုံ၊…

ကာချုပ်နဲ့စစ်တပ်မျက်နှာကို ကြည့်နေရသော အစိုးရနဲ့လွှတ်တော်

ကာချုပ်နဲ့စစ်တပ်မျက်နှာကို ကြည့်နေရသော အစိုးရနဲ့လွှတ်တော် (မင်းဝေ) အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇ “ ရာနှုန်းပြည့်သာ အနိုင်ရအောင်မဲပေးပါ၊ ကျန်တာ ကျွန်မတို့ ကြည့်လုပ်ပါ့မယ်” ဆိုတဲ့ ဒီချုပ်အစိုးရ ကြည့်လုပ်နေရတဲ့ပုံပါပဲ။ လတ်တလော ပေါ်ပေါက်ဖြစ်ပွားလာနေတဲ့ အခြေအနေတွေရဲ့ဖိအားမျိုးစုံက ဒီချုပ်အစိုးရအဖို့ (ကာလုံ) အစည်းအဝေး မဟုတ်သော်လည်း ကာလုံကိစ္စတွေကို အဆုံးအဖြတ်ပေးကြတဲ့ အထူးအစည်းအဝေးခေါ်ကြရတဲ့ အနေအထားကို ဆိုက်ရောက်သွားစေပါတယ်။ အစည်းအဝေးအစီအစဉ်ကို ကြည့်ပြန်တော့လည်း စစ်တပ်နဲ့သက်ဆိုင်တာတွေချည်းအဓိက ဖြစ်နေတယ်။ ကြည့်ရတာ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့်အထူးအစည်းအဝေး”ဆိုတဲ့ ဒီအစီအမံကို ဒီချုပ် အစိုးရဘက်က အရေးပေါ် ထွင်လိုက်ရတာပဲလို့ယူဆပါတယ်။…

ပျားရည်ဆမ်းလွန် ဗမာပြည်နိုင်ငံရေး

ပျားရည်ဆမ်းလွန် ဗမာပြည်နိုင်ငံရေး မောင်သန်းမြရွှေ အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး ဒီချုပ်အစိုးရသစ် တက်လာပြီး ပျားရည်ဆမ်း ၆ လ အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွေမှာ နိုင်ငံခြားဆက်ဆံရေး ရလဒ်သစ်တွေ ရရှိလာတယ်လို့ ဆိုနိုင်သော်လည်း ပြည်တွင်းရေးပြဿနာ ကိုင်တွယ်ရာမှာ မထိရက်မတို့ရက် ဖြစ်နေတုန်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ကောဇောနီခင်းကြိုဆိုတဲ့ တရုတ်ပြည်ခရီးမှာ သမ္မတရှီကျင့်ဖျင်က နယ်စပ်တည်ငြိမ်ရေး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မိတ်ဆွေကောင်းပီသစွာ ကူညီမယ်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မယ်လို့ ပြောတယ်။ အိမ်ဖြူတော်နဲ့…

လူ့အခွင့်အရေးဆိုတာ

လူ့အခွင့်အရေးဆိုတာ ညီေဋ္ဌးကျော် (အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇) သူရဦးရွှေမန်း ဆုမွန်ကောင်းတောင်းသလို ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးမှ ရွှေအိုးရွက်ပြန်လာခဲ့တယ်။ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းခြင်းနဲ့ အမည်ပျက်စာရင်းမှ ပယ်ဖျက်ခြင်းဆိုတဲ့ ဆုလာဘ်ကို သယ်ဆောင်လာရုံတင်မက၊ အပိုဆုအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်တွင် မြန်မာပြည်လူ့အခွင့်အရေးကိစ္စ နှစ်စဉ်ထည့်သွင်းဆွေးနွေးရာမှ ယခုနှစ်အဖို့ ကင်းလွတ်ခွင့်ကိုလည်း သယ်ဆောင်လာခဲ့တယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးဆောင်ဖွဲ့စည်းထားတဲ့ မြန်မာပြည်မိတ်ဆွေနိုင်ငံများအဖွဲ့ဆိုတဲ့ မြန်မာ့အရေး စောင့် ကြည့်အဖွဲ့ကိုလည်း ဖျက်သိမ်းနိုင်ခဲ့တယ်။ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေးများ မမြင်တွေ့ရသေးဘဲ စစ်ခရိုနီတွေကို ဒီလောက်ထိ…