အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၆)
aydb2-6
aydb2-6
to-ABSDF
စခန်းမှ နေ့ဝက် ခြေကျင်ခရီးလောက်ဝေးသော တဲစုတစုမှာ စပါးကူရိတ်ပေးရာမှ စခန်းသို့ ပြန်အရောက်တွင် ခရိုင်အတွင်း ရေးမှူးက ကျွန်တော့်ကို တာဝန်ပေးသည်။ ကျောက်တောင်ရွာ စည်းရုံးရေးတာဝန်ခံအဖြစ်ဆောင်ရွက်ရန်ဖြစ်သည်။ “ကျွန်တော်တို့မှာ ခင်ဗျားသိတဲ့အတိုင်း ဒီရွာတရွာပဲ ရှိတော့တယ်။ အဲဒီရွာကို ကျွန်တော်တို့ စနစ်တကျ တည်ဆောက် ရ မယ်” ဟုလည်းပြောပါသည်။ (၁၉၉၁)ခုနှစ် မိုးဦးကျတွင် ရန်သူက ကျွန်တော်တို့ပါတီနယ်မြေတွင် ဖြတ်လေးဖြတ် စစ်ဆင်ရေးစခဲ့သည်။ စစ်ဆင်ရေးကို ရေပက်စစ်ဆင်ရေးဟု ခေါ်ကြောင်း သိရသည်။ ငါးနှင့်တူသော ကျွန်တော်တို့တပ် အသက်မရှင်နိုင်အောင် ရေနှင့်တူသော ကျွန်တော်တို့၏ အခြေခံဒေသ…
ကွန်မြူနစ်ပါတီအနေဖြင့် မိမိတို့ပြည်သူများအား ကွန်မြူနစ်ပါတီနှင့်ပူးပေါင်းစည်းလုံးပြီး ပြည်သူနှင့်လူသားများ၏ ရန်သူတွေကို ဆန့်ကျင်ရန်လှုံ့ဆော်နေသည်။ လွတ်မြောက်ရေးမှာ ကျွန်တော်တို့၏ လက်တကမ်းမှာပင် ရှိနေသည်။ ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့က တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းပွဲတွင် ဘာဖြစ်ခဲ့သည်ကို ကျွန်တော်တို့ အသေးစိတ် မသိရပေ။ သို့သော် အာဏာသိမ်းပွဲကို စီစဉ်သူများထဲတွင် ပြည်ပအင်အားစုများ ပါဝင်သည်ဆိုခြင်းကိုတော့ ကျွန်တော်တို့ သိသည်။ နောက်ပြီး အလုပ်သမားလူတန်းစားက တာဝန်လွှဲပေးခြင်းမခံရသူသည် အေကေပီ (AKP) ပါတီက ဖန်တီးထားသော အမှောင်ကို အနိုင်မတိုက်နိုင်၊ တူရကီနိုင်ငံ၏ ပြဿနာများကို…
အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သောမိမိတို့သဘောတား(ထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆)(၁၇ – ၇ – ၂၀၁၆) အစိုးရအပြောင်းအလဲလုပ်ပြီး၍ ရက်တရာအလွန်မှာပင်“အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် ကိုင်တွယ်ထိန်းသိမ်းနိုင်ရန်(Rapid Response) စီမံပေးရန်အတွက်ဆိုပြီး ဗဟိုကော်မတီတခု ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် အစိုးရသစ်တက်လာပြီးနောက် တိုင်းပြည်တစုံတရာအေးချမ်းသွားလိမ့်မည်ဟု ထင်နေသူတွေမှာ မျက်လုံးမျက်ဆံပြူး ဖြစ်ကုန်ကြတော့သည်။ ငြိမ်းချမ်းရေးစကားတွေ၊ ရင်ကြားစေ့စကားတွေ သောင်းသောင်းညံအောင် ကြားနေရသည့်အကြားမှ ပေါ်ထွက်လာသော အက်ဥပဒေဖြစ်သမို့ ပိုပြီးအံ့အားသင့်ကြရခြင်း ဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရန် ပြောဆိုစိုင်းပြင်းနေချိန်နှင့် တိုက်ဆိုင်နေသည်မှာ မည်သို့သောအဆက်အစပ်ပါလိမ့်ဟု တွေးသူကတွေးစရာ ဖြစ်လာသည်။ သေချာတာကတော့…
aydb2-5