စစ်ဗျူရိုကရက်လူတန်းစား စစ်အာဏာရှင်စနစ် နဲ့ စစ်တပ်အာဏာသိမ်းမှု
ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြန်ပြီ။ အာဏာသိမ်းတာ မဟုတ်ဘူး၊ မာရှယ်လောစစ်အုပ်ချုပ်ရေး ကြေညာတာပဲဖြစ်တယ်လို့ ပြောပြီးနှစ်ရက်အကြာမှာ အာဏာသိမ်းကြောင်း စစ်တပ်က တရားဝင် ကြေညာလိုက်တယ်။ အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီကြီး နှစ်ပါတီမှ ခေါင်းဆောင် ၁၅၀ ကျော်ကို ထိန်းသိမ်းလိုက်တယ်။ ထိန်းသိမ်းခံရမယ့် နိုင်ငံရေးသမားများဟာ စစ်တပ်က ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း သွားရောက်သတင်းပို့ပြီး အဖမ်းခံကြရတယ်။ ဒီတကြိမ် စစ်တပ်အာဏာသိမ်းတာဟာ သွေးထွက်သံယိုမရှိ ညင်သာလှတယ်။ ထိုင်းနိုင်ငံရေး အကျပ်အတည်း ဖြစ်နေတာ ၆ လ ကျော် ၇ လ လောက် ကြာနေခဲ့ပြီ။ လွှတ်တော်လည်း ဖျက်သိမ်းထားရတယ်၊ ဝန်ကြီးချုပ်လည်း ပြုတ်သွားပြီး ယာယီဝန်ကြီးချုပ်နဲ့ ထိန်းထားရတယ်။ အစိုးရယန္တရားလည်း (လွှတ်တော် အစိုးရအဖွဲ့ နိုင်ငံခြားရေးစတဲ့) မလည်ပတ်နိုင် ဖြစ်နေတာ ကြာပြီဖြစ်တယ်။ နိုင်ငံရေးပါတီကြီး နှစ်ပါတီမှ ရှပ်နီတွေ ရှပ်ဝါတွေ အပြိုင်အဆိုင် ရက်ရှည်လများ လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့အတွက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုတွေလည်း ပေါ်ပေါက်နေတယ်။ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အကြမ်းဖက်လုပ်ရပ်များလည်း ပေါ်ပေါက်လာတယ်။… Read More »





