ရဲဘော်ကိုထက်နဲ့ တကွ တော်လှန်ရေးအတွင်း ကျဆုံးသူ ရဲဘော်အပေါင်းကို အလေးပြုလိုက်ပါတယ်
ကျော်ဇင်မင်း PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အဖွဲ့ဝင် အလုပ်သမားတော်လှန်ရေးသမား ရဲဘော်ကိုထက်ဟာ အလုပ်သမား၊ လယ်သမားလူတန်းစားလွတ်မြောက်ရေးအတွက် ရှေ့တန်းကနေလက်နက်ကိုင်တိုက်ခိုက်ရင်း သူရဲကောင်းပီသစွာကျဆုံးသွားခဲ့ပါတယ်။ အဖိနှိပ်ခံဆင်းရဲသားပြည်သူလူထုကြီးအတွက် ရဲဘော်ကိုထက် အသက်ပေးလှူသွားတာဟာ ရဲဘော်အားလုံးအတွက် ဂုဏ်ပြုဦးညွတ်စရာ ဖြစ်ပါတယ်။ ပခုက္ကူမြို့အနီးက ရေလာလေးပျူစောထီးကျေးရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်ဖွဲ့ PDO/PDA ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ၊ ကမ္မတော်လှန်ရေးတပ်ဖွဲ့ KMRF ၊ ကျောင်းသားလက်ရုံးတပ်တော် SAF ၊ ပခုက္ကူစုဖွဲ့မှုတို့ ဒီဇင်ဘာ ၁၁ ရက်နေ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘုန်းကြီးကျောင်းတကျောင်းထဲမှာခိုလှုံနေခဲ့ကြပါတယ်။ အဲဒီဘုန်းကြီးကျောင်းဟာ မဘသဘုန်းကြီးကျောင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်ဘုန်းကြီးတွေနေထိုင်ပါတယ်။ ပျူစောထီးတွေကိုသင်တန်းပေးပါတယ်။ ဘုန်းကြီးတွေကပျူစောထီးစစ်ဗိုလ်တွေအဖြစ်နဲ့ညွှန်ကြားဦးဆောင်ပါတယ်။ ဘုန်းကြီးကျောင်းအနီးချဉ်းကပ်ပြီးတိုက်ခိုက်ကြစဉ်မှာ ရဲဘော်ကိုထက်ရဲ့ဦးခေါင်းကိုကျည်ဆန်ထိမှန်ခဲ့ပါတယ်။ တိုက်ပွဲအောင်မြင်ပြီး လက်နက်ခဲယမ်းအများအပြားအပြင် သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့ပေမဲ့ PLA ရဲဘော်ကိုထက်နဲ့ SRF ရဲဘော်တဦးတို့အသက်ပေးလှူခဲ့ကြရပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုနဲ့ဖွဲ့စည်းထားတဲ့တပ်မတော်ဖြစ်ပြီး အလုပ်သမား၊ လယ်သမား၊ အဖိနှိပ်ခံဆင်းရဲသားပြည်သူလူထုကြီးရဲ့အကျိုးစီးပွားကို အဓိကရှေ့တန်းတင်ဆောင်ရွက်နေတဲ့ တပ်မတော်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရောက်လာစဉ်က တော်လှန်ရေးရဲဘော်တွေထဲမှာ ကျောင်းသားတွေတော်တော်များများပါဝင်ကြလို့… Read More »




