ကိုယ့်ကိုယ်ကိုသတ်သေတဲ့အဆင့် ရောက်နေတဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေ

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ ထင်ရှားပေါ်လွင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအကြောင်းပြောရင် မပြောမဖြစ်ပြောရမယ့် အချက်က ဒီလှုပ်ရှားမှုတွေကို အာဏာရသူရဲ့လှုပ်ရှားမှုနဲ့၊ အာဏာရမဟုတ်သူတွေရဲ့လှုပ်ရှားမှုတွေလို့ အခြေခံကျကျ ခွဲခြားလို့ရတယ်ဆိုတာပါပဲ။ လက်ရှိပေါ်ပေါက်နေတဲ့လှုပ်ရှားမှုတွေဟာ ရည်ရွယ်ချက်အမျိုးမျိုး၊ သဏ္ဌာန်အမျိုးမျိုးပဲလို့ ဆိုရင်လည်းရပါတယ်။ စစ်ပွဲကအစ၊ လွှတ်တော်၊ ဆန္ဒပြပွဲအလယ် အခုနောက်ဆုံး မိမိကိုယ်မိမိ အဆုံးစီရင်တဲ့သဏ္ဍာန် အထိ မကြုံဖူး၊ မကြားဖူးတဲ့သဏ္ဌာန်တွေ တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုတွေကို ခေါင်းစည်းခွဲထည့်လိုက်ရင်တော့ လက်ရှိတည်ရှိနေတဲ့ ဗိုလ်သိန်းစိန်တို့ရဲ့ အရပ်ဝတ်စစ်အစိုးရက ခွင့်ပြုထားတဲ့ နိုင်ငံရေးဘောင်အတွင်း စည်းကမ်းသေဝပ်စွာ လှုပ်ရှားတာနဲ့၊ ဒီဘောင်ခတ်ထားတာကြီးကို ဖောက်ထွက်လုပ်ကိုင်နေကြတာရယ်လို့ အထင်အရှား တွေ့ရပါလိမ့်မယ်။ ပိုပြီးထင်ရှားအောင် သရုပ်ခွဲပြောရရင် စစ်အစိုးရသဘောကျ၊ ခွင့်ပြုနိုင်တဲ့ လှုပ်ရှားမှုသဏ္ဌာန်နဲ့ စစ်အစိုးရ သဘောမကျ ခွင့်မပြုနိုင်တဲ့ လှုပ်ရှားမှုသဏ္ဌာန်တွေလို့ ခွဲခြားနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီနိုင်ငံကြီးမှာ ဟိုတယ်ထဲမှာ ရှင်းလင်းပွဲကျင်းပပြီး ကိုယ့်သဘောထားဖော်ပြတာ၊ အချုပ်ကားပြတင်းပေါက်ကနေ လက်သီးဆုပ်ပြပြီး ကိုယ့်သဘောထားဖော်ပြတာ၊ ကိုယ့်ကိုယ်ကိုသတ်ပြီး သဘောထားဖော်ပြတာ စသဖြင့် အမျိုးမျိုးအဖုံဖုံ တွေ့နေရတာပါပဲ။ လမ်းပေါ်မှာ ဆန္ဒဖော်ပြသူကို အရပ်ဝတ် စစ်အစိုးရက ရိုက်နှက်ဖမ်းဆီး၊ သတ်ဖြတ်တာလုပ်ပြီး၊ လွှတ်တော်အတွင်း (သူတို့ခွင့်ပြုတဲ့ ဘောင်အတွင်းမှာသာ)… Read More »

အောသင့်မအောသင့်

ဒီနေ့ဗမာပြည်မှာ သံဃာ့တိုက်ပွဲနဲ့ လယ်သမားလှုပ်ရှားမှုတွေ ပေါ်ထွက်လာ၊ ဒါ့အပြင် အလုပ်သမားတိုက်ပွဲတွေ ကျယ်ပြန့်လာနေပြီး ကျောင်းသားတိုက်ပွဲတွေကလည်း ထပ်ဆင့်ပေါက်ကွဲလာတော့ လူတွေက ရှစ်လေးလုံး အရေးတော်ပုံကြီးလို လူထုအုံကြွမှုကြီးတခု တွေ့မြင်လာရတော့မလားလို့ ပြောဆိုဆွေးနွေးလာကြပါတယ်။             နိုင်ငံရေးအလားအလာဆိုတာ ဗေဒင်ဟောသလို တွက်လို့မရပါဘူး။ အဲဒီလိုတွက်လို့လည်း မဖြစ်ပါဘူး။ သမိုင်းနဲ့ချီတဲ့ အလားအလာ – ဥပမာ ကိုလိုနီကျွန်ပြုခံနေရသူတွေ တနေ့မှာ မုချလွတ်မြောက်ရမယ်ဆိုတာမျိုး- ကို ပြောနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအဆင့်တွေကို ကြိုပြောဖို့ဆိုတာ အကြောင်းရင်းတွေ အများကြီးရှိနေတော့ တိုင်းပြည်မှာ အာဏာရနေတဲ့ လူတွေတောင် ဒီလိုအတိအကျ၊ ဒက်ထိမပြောနိုင်ပါဘူး။             ဒီတော့ ဒီနှစ်တွေအတွင်း ဆက်တိုက်ပေါ်နေတဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေဟာ ဘယ်ဆီကို ရောက်မယ်ဆိုတာ အတိအကျ ပြောရခက်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ၁၉၇၄-၇၅-၇၆ ခုနှစ်များဆီက အလုပ်သမား-ကျောင်းသား တိုက်ပွဲတွေလိုတော့ ဖြစ်မယ်လို့ မှန်းဆနိုင်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အဲဒီဆယ်စုနှစ်တခု မတိုင်မီက တိုက်ပွဲတွေက အစပြုခဲ့တာ၊ အဲဒီတိုက်ပွဲတွေ မပေါ်ခဲ့ဘဲ ရှစ်လေးလုံးအရေးတော်ပုံကြီး မပေါ်နိုင်ဘူးဆိုတာလို ဒီနေ့တိုက်ပွဲတွေဟာလည်း သမိုင်းမှာ ဘယ်လိုမှ… Read More »

Public Enemy Number One

Many of us will agree that the students won a moral victory at Letpadan on Tuesday. The message “Students won” went viral in social media, and people know exactly what that means. [1] For the recidivist regime however it will yet prove to be a Pyrrhic victory. Their stock (built up in the last few years by deception) has plummeted in the eyes of both the peoples of Burma and… Read More »

ရက် ၅၀ စတုတ္ထကျောင်းသားသပိတ် ဖြိုခွဲခံရမှုအပေါ် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်

A Spectre That Haunts

To borrow the opening line from the Communist Manifesto a spectre is haunting the ruling military clique in Burma – the spectre of communism. No sooner did the students’ boycott and protest march from Mandalay to Rangoon start to gain popular support and momentum than the generals (smug in their confident intransigent position over the new education law, completely out of touch and unpopular with the very people in the… Read More »

ကျားနာခဲခဲလာမှာကို သတိထားကြပါ

အခု နောက်ဆုံးထုတ်လာတဲ့ ဖဲချပ်က ကိုးကန့်ပြဿနာ။             ဒီနေ့ ဗမာပြည်နိုင်ငံရေး၊ မီဒီယာလောက စတာတွေမှာ ဖုံးလွှမ်းနေတဲ့အကြောင်းအရာကတော့ ကိုးကန့်တိုက်ပွဲတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စပေါ်လာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူတွေစိတ်ဝင်စားနေကြတဲ့ ကျောင်းသားသပိတ်ကိစ္စဟာ နောက်တန်းကို ရောက်သွားပါတယ်။ သူတို့စစ်အုပ်စုကပဲ ကျောသပ်ခဲ့တဲ့ ကိုးကန့်ဦးဖုန်ကြားစင်းအဖွဲ့က အတိုက်ခံရတာကို သံသေးသံကြောင်တွေနဲ့  တကမ္ဘာလုံးကြားအောင်အော်ဟစ်၊ ပြည်တွင်းက သူတို့လက်ကိုင်တုတ် အဖွဲ့အစည်းတွေနဲ့ သူတို့ မွေးထားတဲ့ ဖေ့စ်ဘုတ်မြေခွေးတွေကနေ အမျိုးမျိုးဖော်ပြနေတာတွေကို ကြည့်လိုက်ရင်  ဦးသိန်းစိန်စစ်အစိုးရဟာ အကြံအစည်တခုခုနဲ့လုပ်နေတာ ဖြစ်တယ်လို့ လူတိုင်းရိပ်မိကြပါတယ်။             ဗမာပြည်သားတွေ မမေ့သင့်တဲ့အချက်တချက်က လက်ရှိအစိုးရဟာ သူတို့အာဏာရပြီးကတည်းက တိုင်းပြည်မှာ နိုင်ငံရေးလေထုတင်းတင်းမာမာနဲ့  အထိတ်တလန့်ဖြစ်နေအောင် အမြဲဖန်တီးနေတယ်ဆိုတာပါ။ နောက်ပြီး ဘာသာရေး- လူမျိုးရေး ပဋ္ဋိပက္ခတွေ နေရာတကာမှာ ဖန်တီး၊ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ပေါက်တာလို၊ ကိုပါကြီး-ဒေါ်ခင်ဝင်း တို့ကို သတ်ပြတာမျိုးတွေကို တခါပြီးတခါ ဖော်ထုတ်နေပါတယ်။ ဒါ့အပြင် သပိတ်ဖြိုခွဲဖို့ ဘယ်နေရာမှာဖြင့် ဘယ်လောက်ကြီးတဲ့ တပ်တွေ၊ လက်နက်ကိုင်တွေ စုထားတယ်စတဲ့ ကောလာဟလတွေကိုလည်း မပြတ်ထုတ်လွှင့်နေပါတယ်။ ဒါပေမဲ့ တခုလုံးအခြေအနေကို… Read More »

ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်

ဒီအစိုးရဟာ အစိုးရကောင်းဖြစ်မြောက်ရေးကို ပါးစပ်ကသာ မိုးတလုံး လေတလုံးပြောနေပြီး အစိုးရကောင်းဖြစ်မြောက်ရေးဆိုတာ သူတို့နဲ့လားလားမှ မဆိုင်ဘူး။ အစိုးရကောင်းဖြစ်မြောက်ရေးအတွက် ရှိရမယ့် တိုင်းပြည်နဲ့ လူထုအတွက် စိတ်ကောင်းစေတနာကောင်း မရှိတာ အဓိကပဲ။ နောက်ပြီး အစိုးရကောင်းဖြစ်ဖို့ အရည်အချင်းမရှိဘူး။ သူတို့အုပ်စိုးထားတော့ တိုင်းပြည်မှာ ပြဿနာမီးတောက်တွေဟာ ဟိုနေရာ ဘွားခနဲ ပေါ်လာလိုက်၊ ဒီနေရာမှာ ရုတ်ခြည်း ပေါ်လာလိုက်။ ဘယ်ပြဿနာမှ မှန်မှန်ကန်ကန် သေသေသပ်သပ် မဖြေရှင်းနိုင်ခဲ့ဘူး။ ဘယ်မီးမှ ငြိမ်းမသွားဘူး။ ဒီမီးတွေ ပြဿနာတွေ ဖြစ်ပေါ်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပြီ။ ဟိုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလိုက်။ ပြဿနာ မဖြေရှင်းနိုင်ခင် နောက်ပြဿနာပေါ်လာလိုက်။ ဦးနင်း ပဲ့ထောင်။ ပဲ့နင်းဦးထောင်။ ပြည်တွင်းစစ်ပြဿနာဆိုတာကို ပြောမနေနဲ့ဦး။ လက်ပံတောင်းတောင် ပြဿနာကိုကြည့်။ နှစ်နဲ့ချီ ကြာခဲ့ပြီ။ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းတာကအစ ဒေါ်ခင်ဝင်းကို ပစ်သတ်ခဲ့တာအဆုံး အကြမ်းဖက်နည်းတွေကို အားကိုးဖြေရှင်းခဲ့တယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ လုပ်ငန်းတွေကိုကျ တိတိကျကျ အကောင်အထည်ဖော်မပေးခဲ့ဘူး။ ပြဿနာ ငြိမ်းအေးသွားပြီလား။ မတရား မြေယာတွေ အာဏာပိုင်တွေနဲ့… Read More »