ဗြိတိန်ကွန်မြူနစ်ပါတီ၏ (၅၄) ကြိမ်မြောက်ကွန်ဂရက်သို့ သဝဏ်လွှာ

သို့-ဗဟိုကော်မတီဗြိတိန်ကွန်မြူနစ်ပါတီ မှဗဟိုစည်းရုံးရေးကော်မတီဗမာပြည်ကွန်မြူနစ်ပါတီ ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။ အကြောင်းအရာ။ ။ ဗြိတိန်ကွန်မြူနစ်ပါတီ၏ (၅၄) ကြိမ်မြောက်ကွန်ဂရက်သို့ သဝဏ်လွှာပေးပို့ခြင်း။ ချစ်လှစွာသော ရဲဘော်များခင်ဗျား- ကမ္ဘာ့လုပ်သားပြည်သူများအနေဖြင့် နယ်ချဲ့သမားများက အရင်းရှင်စနစ်ကျဆုံးမှုကို ကာကွယ်ရေး အတွက် အရူးအမူးလုံးပန်းမှုကို ရင်ဆိုင်နေရသောအချိန်တွင် အရှေ့တောင်အာရှတိုက်နိုင်ငံတခုမှ မိမိတို့က ကမ္ဘာပေါ်ရှိအရင်းရှင်နိုင်ငံအများစုတည်ရှိရာ ဥရောပတိုက်တွင် အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေကြ သောရဲဘော်များ၏ ကွန်ဂရက်ကို ဂုဏ်ပြုနှုတ်ဆက်လိုက်ပါသည်။ အင်အားကြီးနိုင်ငံကြီးများအကြား စစ်အေးခေတ်လွန်ကာလ နယ်မြေလုယက်မှုနှင့်ခွဲဝေမှုမှာ အဆုံး သတ်ဖို့နေနေသာသာ လက်တွေ့တွင် ပို၍ပြင်းထန်၊ ပို၍ကောက်ကျစ်လာသည်ကိုတွေ့နေရသည်။ သူတို့၏ နယ်ချဲ့အားပြိုင်မှုကြောင့်ဖြစ်ပေါ်လာသော စစ်ပြေးဒုက္ခသည်နှင့်ပြန်လည်နေရာချထားရေးပြဿနာသစ်များ သည်သမိုင်းတွင်မကြုံဖူးလောက်အောင် များပြားလာသည်။ ယခုလိုအမေရိကန်နယ်ချဲ့သမားက တရုတ်ပင် လယ်တွင်စစ်အင်အားစုပြုံရန် လုံးပန်းမှုကြောင့် တရုတ်ပြည်အတွက်အနောက်ဖက်တံခါးပေါက်များရှိရာ ဗမာ ပြည်မှာလည်း ဤဝဲဂယက်အတွင်းသို့ ဆွဲသွင်းခြင်းခံရပါတော့သည်။ ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးနိုင်ငံ ကြီးနှစ်ခုအကြားတွင်တည်ရှိကာ ကမ္ဘာ့အရေးအပါဆုံးပင်လယ်ရေကြောင်းများပေါ်တွင် တည်ရှိနေသည့် ကျွန်တော်တို့၏မြန်မာနိုင်ငံ၏နိုင်ငံရေးကို အင်အားကြီးနိုင်ငံများက အမြဲပင် မျက်ခြည်ပြတ်မခံစောင့်ကြည့်နေ ကြပါသည်။ ယခုအခါတွင် အနောက်နိုင်ငံများ၏ ဗမာပြည်နိုင်ငံရေးကို စွက်ဖက်ရန် အကြံအစည်များကို မြန်မာနိုင်ငံအတွင်းတွင် အစွမ်းကုန်… Read More »

Felicitation to the Fifty-fourth Congress of the Communist Party of Britain

download_tocbr

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၆)

aydb2-6

(၂၈) ကြိမ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားအတွက် သဝဏ်လွှာပေးပို့ခြင်း

to-ABSDF

ကျေးရွာ စည်းရုံးရေးတာဝန်ခံ

စခန်းမှ နေ့ဝက် ခြေကျင်ခရီးလောက်ဝေးသော တဲစုတစုမှာ စပါးကူရိတ်ပေးရာမှ စခန်းသို့ ပြန်အရောက်တွင် ခရိုင်အတွင်း ရေးမှူးက ကျွန်တော့်ကို တာဝန်ပေးသည်။ ကျောက်တောင်ရွာ စည်းရုံးရေးတာဝန်ခံအဖြစ်ဆောင်ရွက်ရန်ဖြစ်သည်။ “ကျွန်တော်တို့မှာ ခင်ဗျားသိတဲ့အတိုင်း ဒီရွာတရွာပဲ ရှိတော့တယ်။ အဲဒီရွာကို ကျွန်တော်တို့ စနစ်တကျ တည်ဆောက် ရ မယ်” ဟုလည်းပြောပါသည်။ (၁၉၉၁)ခုနှစ် မိုးဦးကျတွင် ရန်သူက ကျွန်တော်တို့ပါတီနယ်မြေတွင် ဖြတ်လေးဖြတ် စစ်ဆင်ရေးစခဲ့သည်။ စစ်ဆင်ရေးကို ရေပက်စစ်ဆင်ရေးဟု ခေါ်ကြောင်း သိရသည်။ ငါးနှင့်တူသော ကျွန်တော်တို့တပ် အသက်မရှင်နိုင်အောင် ရေနှင့်တူသော ကျွန်တော်တို့၏ အခြေခံဒေသ ပြည်သူများကို သူတို့ မျက်စိအောက် နေရာသို့ အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ခြင်းပင် ဖြစ်သည်။ နိုင်သလောက်ပစ္စည်းမျှသာ ယူဆောင်ပြီး၊ ချက်ချင်း ပြောင်းရွှေ့ခိုင်းခြင်း တနည်းအားဖြင့် ရွာများမှ နှင်ထုတ်၊ မောင်းထုတ်ခြင်းပင်။ အသုဘအိမ် ကိုပင် အလောင်း မြေမြှုပ် သင်္ဂြိုဟ်ခွင့်မပေးချေ။ ဆောင်းလယ်လောက်မှာ သည်နယ်သို့ ကျွန်တော် ရောက်လာခဲ့ခြင်းဖြစ်ရာ၊ လူသူကင်းမဲ့သော ရွာများကို ဖြတ်လာခဲ့စဉ်က စိတ်ထဲမှာ ကြေကြေကွဲွဲကွဲ နာနာကြည်းကြည်း… Read More »

ပြည်သူလူထုမှတပါးအခြားမရှိ

ကွန်မြူနစ်ပါတီအနေဖြင့် မိမိတို့ပြည်သူများအား ကွန်မြူနစ်ပါတီနှင့်ပူးပေါင်းစည်းလုံးပြီး ပြည်သူနှင့်လူသားများ၏ ရန်သူတွေကို ဆန့်ကျင်ရန်လှုံ့ဆော်နေသည်။ လွတ်မြောက်ရေးမှာ ကျွန်တော်တို့၏ လက်တကမ်းမှာပင် ရှိနေသည်။ ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့က တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းပွဲတွင် ဘာဖြစ်ခဲ့သည်ကို ကျွန်တော်တို့ အသေးစိတ် မသိရပေ။ သို့သော် အာဏာသိမ်းပွဲကို စီစဉ်သူများထဲတွင် ပြည်ပအင်အားစုများ ပါဝင်သည်ဆိုခြင်းကိုတော့ ကျွန်တော်တို့ သိသည်။ နောက်ပြီး အလုပ်သမားလူတန်းစားက တာဝန်လွှဲပေးခြင်းမခံရသူသည် အေကေပီ (AKP) ပါတီက ဖန်တီးထားသော အမှောင်ကို အနိုင်မတိုက်နိုင်၊ တူရကီနိုင်ငံ၏ ပြဿနာများကို မရှင်းလင်းနိုင်ဆိုသည်ကိုလည်း အသေအချာ ပြောနိုင်သည်။ ယနေ့အဖြစ်အပျက်များက ပြသနေသည်ကတော့ တူရကီပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် အေကေပီပါတီကို ဖယ်ရှားနိုင်ရင်ဖယ်ရှား၊ မဖယ်ရှားနိုင်လျှင် အေကေပီပါတီ၏ ဖောက်ပြန်သောပေါ်လစီများ ပိုမိုဆိုးဝါးလာပြီး သူတို့၏ လူသတ်မှု၊ လုယက်မှုနှင့် ခိုးယူမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုခြင်းပင် ဖြစ်သည်။ အေကေပီကိုဖယ်ရှားနိုင်မည့် တခုတည်းသောအင်အားမှာ ပြည်သူလူထုမှတပါး အခြားမရှိချေ။ ယနေ့ည ဖြစ်ပွားခဲ့သည်အားလုံးအတွက် အေကေပီတွင်သာ တာဝန်ရှိသည်။ လက်ရှိအခြေအနေကို ဖြစ်ပေါ်စေသော အကြောင်းရင်းအားလုံးမှာ… Read More »

အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သော မိမိတို့သဘောတား (ထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆)

အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သောမိမိတို့သဘောတား(ထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆)(၁၇ – ၇ – ၂၀၁၆) အစိုးရအပြောင်းအလဲလုပ်ပြီး၍ ရက်တရာအလွန်မှာပင်“အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် ကိုင်တွယ်ထိန်းသိမ်းနိုင်ရန်(Rapid Response) စီမံပေးရန်အတွက်ဆိုပြီး ဗဟိုကော်မတီတခု ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် အစိုးရသစ်တက်လာပြီးနောက် တိုင်းပြည်တစုံတရာအေးချမ်းသွားလိမ့်မည်ဟု ထင်နေသူတွေမှာ မျက်လုံးမျက်ဆံပြူး ဖြစ်ကုန်ကြတော့သည်။ ငြိမ်းချမ်းရေးစကားတွေ၊ ရင်ကြားစေ့စကားတွေ သောင်းသောင်းညံအောင် ကြားနေရသည့်အကြားမှ ပေါ်ထွက်လာသော အက်ဥပဒေဖြစ်သမို့ ပိုပြီးအံ့အားသင့်ကြရခြင်း ဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရန် ပြောဆိုစိုင်းပြင်းနေချိန်နှင့် တိုက်ဆိုင်နေသည်မှာ မည်သို့သောအဆက်အစပ်ပါလိမ့်ဟု တွေးသူကတွေးစရာ ဖြစ်လာသည်။ သေချာတာကတော့ စစ်တပ်နဲ့ဒီချုပ် အပေးအယူ ကောင်းလာပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ယူဆစရာတွေ ရှိနေသည်။ သူတို့အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် စီမံကိန်းများကြောင့် ပေါ်လာနိုင်သည့် ပြည်သူ့တောင်းဆိုမှုကို ချေမှုန်းနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားခြင်းဟူ၍လည်း ယူဆစရာ ရှိသည်။ ဘီဘီစီအသံလွှင့်ချက်အရတော့ ဤအဖွဲ့ကို ဖွဲ့ပေးရန် ပြည်ထဲရေးဌာနက တောင်းဆိုထားသည်မှာ နှစ်လကျော် ကြာပြီဖြစ်ပြီး အခုမှ သမ္မတက လက်မှတ်ထိုးခြင်းဖြစ်သည်ဟု… Read More »