လူ့အခွင့်အရေးဆိုတာ
လူ့အခွင့်အရေးဆိုတာ ညီေဋ္ဌးကျော် (အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇) သူရဦးရွှေမန်း ဆုမွန်ကောင်းတောင်းသလို ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးမှ ရွှေအိုးရွက်ပြန်လာခဲ့တယ်။ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းခြင်းနဲ့ အမည်ပျက်စာရင်းမှ ပယ်ဖျက်ခြင်းဆိုတဲ့ ဆုလာဘ်ကို သယ်ဆောင်လာရုံတင်မက၊ အပိုဆုအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်တွင် မြန်မာပြည်လူ့အခွင့်အရေးကိစ္စ နှစ်စဉ်ထည့်သွင်းဆွေးနွေးရာမှ ယခုနှစ်အဖို့ ကင်းလွတ်ခွင့်ကိုလည်း သယ်ဆောင်လာခဲ့တယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးဆောင်ဖွဲ့စည်းထားတဲ့ မြန်မာပြည်မိတ်ဆွေနိုင်ငံများအဖွဲ့ဆိုတဲ့ မြန်မာ့အရေး စောင့် ကြည့်အဖွဲ့ကိုလည်း ဖျက်သိမ်းနိုင်ခဲ့တယ်။ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေးများ မမြင်တွေ့ရသေးဘဲ စစ်ခရိုနီတွေကို ဒီလောက်ထိ လွတ်ငြိမ်းခွင့် မပေးသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW လိုအဖွဲ့များက ထောက်ပြနေတဲ့ကြားက လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဖြစ်တယ်။ သက်တမ်းကုန်ဆုံးခါနီး သမ္မတအိုဘားမားအစိုးရက အမေရိကန်နိုင်ငံခြားရေးပေါ်လစီ အောင်မြင်မှုပြယုဂ်အဖြစ် ဗမာပြည် ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေး တိုးတက်မှုရှိကြောင်း ဗန်းတင်ချင်နေတာ ထင်ရှားပါတယ်။ တကယ်ပဲ ဗမာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ပါးသွားပြီလား။ သတင်းသမားတဦးရဲ့ အမေးကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူအခွင့်အရေးပြဿနာ… Read More »