စိတ်ဝင်စားစရာ သတင်းတိုထွာ
စိတ်ဝင်စားစရာ သတင်းတိုထွာ မြစမ်းအေး အိုင်ယာလန်ဘိုးဘိုးအောင် Apple ၂၀၁၅ အိုင်ယာလန် GDP ၂၆ ဒဿမ ၃ ရာခိုင်နှုန်း တိုးကြောင်း အိုင်ယာလန်ဗဟိုစာရင်းရုံးရဲ့ ထုတ်ပြန်ချက်က စီးပွားရေးပညာရှင်များအကြား ရယ်စရာဟာသတပုဒ် ဖြစ်နေတယ်။ စီးပွားရေးနိုဘယ်ဆုရှင် ပေါလ်ခရုမန် က ‘ဘိုးဘိုးအောင်စီးပွားရေး’ Leprechaun economics လို့လှောင်တယ်။ ကုန်စည် တိုးထုတ်လို့လား။ လူထုဝင်ငွေ တိုးလာလို့လား။ နိုင်ငံတော်ထုတ်ကုန် တိုးလာလို့လား။ တခုမှမဟုတ်ပါ။ တကယ်တော့ EU အဖွဲ့ဝင် အိုင်ယာလန်ဟာ ကြွေးဝန်ပိနေတဲ့ စီးပွားရေးကပ်ဒဏ်သင့် PIIGS (ပေါ်တူကီ ၊ အိုင်ယာလန် ၊ အီတလီ ၊ ဂရိ ၊ စပိန်) စာရင်းဝင် နိုင်ငံတနိုင်ငံဖြစ်တယ်။ လူဦးရေ ၅ သန်းခန့်သာရှိပြီး ကျွန်းငယ်လေးသာဖြစ်တဲ့ အိုင်ယာလန်ဟာ ဗြုန်းစားကြီး GDP တနှစ်တာဝင်ငွေ တိုးလာကာ $၂၅၇ ဒဿမ ၄ ဘီလီယံ (၂၀၁၅ ခန့်မှန်း) ဖြစ်လာတယ်။ အကြောင်းက အိုင်ယာလန်ဟာ အမေရိကန်ကော်ပိုရိတ်များရဲ့ ဗလောင်းဗလဲလုပ်ရာ… Read More »




