ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် ကိုတူး ဗမာပြည်အရေး ကြားဝင်လာတဲ့ ကမ္ဘောဒီးယားသမ္မတဟွန်ဆန် နဲ့ ကုလအထူးသံ နိုလင်းဟေဇာတို့က မင်းအောင်လှိုင် ဖက်ဆစ်စစ်တပ်ကို လျစ်လျူရှုလို့ မရ၊ ညှိနှိုင်းဆွေးနွေးဖို့လိုကြောင်း ထုတ်ဖော်လာမှုဟာ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတရပ်လုံးရဲ့ ဝိုင်းဆန့်ကျင်တာခံရလို့ ပြန်ရုပ်သိမ်းသွားပါတယ်။ ဗမာပြည်နွေဦးတော်လှန်ရေး တနှစ်ပြည့်မြောက်ချိန်မှာ မြို့တွေပေါ်မှာ တိတ်ဆိတ်ငြိမ်သက်သပိတ်နဲ့ လူငယ်များရဲ့နီရဲတဲ့သွေး လှုပ်ရှားမှုများနဲ့အတူ တပြည်လုံးအနှံ့ပျံ့နှံ့လာတဲ့ လက်နက်ကိုင်တော်လှန်ရေး သေနတ်သံတွေက ပြည်သူတရပ်လုံး ပိုမိုသွေးစည်းညီညွတ်ပြီး စစ်အုပ်စုကို ရန်-ငါစည်းပြတ်ကြောင်း သိသာပါတယ်။ စစ်ကောင်စီက တန်ပြန်သပိတ်အဖြစ် ငွေထုပ်ပိုက်ပြီး အမိန့်ထုတ် လူစည်အောင်လုပ်ပေမယ့် ကျီးနဲ့ဖုတ်ဖုတ်ပါပဲ။ နွေဦးတော်လှန်ရေးအတွင်း ပြည်သူတွေဟာ ကိုယ့်တပ်ကိုယ်ဖွဲ့တယ်၊ ကိုယ့်လက်နက်ကိုယ် ထုတ်တယ်၊ ကိုယ့်ပြည်သူအချင်းချင်းထံမှာ စစ်ပညာကိုသင်တယ်၊ တိုက်ပွဲအတွင်းမှာ ထုသားပေသားကျလာတယ်။ ရန်သူ့လက်နက်ကိုယ့်လက်နက် ဖြစ်လာတယ်။ ကိုယ့်ပြည်သူလူထုရဲ့ စိတ်ခွန်အားရုပ်ခွန်အား အားပေးထောက်ခံမှုနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဖက်ဆစ်စစ်တပ်ကို တစည်းတလုံးတည်း ခုခံတော်လှန်ရင်း မရှိရာကရှိရာသို့ တစတစ ဖြစ်ပေါ်တိုးပွားလာတယ်။ အခက်အခဲအကျပ်အတည်းကြားကပဲ ပြည်သူချင်းဖေးမလို့ ဝမ်းနည်ကြေကွဲမှုကို ခွန်အားအဖြစ် ပြောင်းကာ သန္နိဋ္ဌာန်ချ အသက်စွန့်ရန်မကြောက် အခက်အခဲကျော်လွှား အောင်ပွဲအရယူမယ့် ပိုင်းဖြတ်ချက်တွေ ခိုင်မာလာတယ်။… Read More »




