ထာဝရ တော်လှန်ရေးသမား (ဗိုလ်မှူးချစ်ကောင်း နှစ်တစ်ရာပြည့် ဆောင်းပါး)
ထာဝရ တော်လှန်ရေးသမား (ဗိုလ်မှူးချစ်ကောင်း နှစ်တစ်ရာပြည့် ဆောင်းပါး) ညီစေမင်း(ရဲဘော်ကျော်ဇံလှ ရဲ့ ပုံနှိပ်ဖော်ပြခြင်းမပြုရသေးတဲ့ ဆောင်းပါးတပုဒ်ပါ။) (အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျွန်တော်သည် မိမိကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲကို ရောက်နေသည်ကို တွေ့ရ၏) ဗိုလ်မှူးချစ်ကောင်းဒါကတော့ ကိုယ်ကျိုးမဖက် ပြည်သူအတွက် အလုပ်လုပ်လာခဲ့သူ နိုင်ငံရေးသမားတယောက်အနေနဲ့ တနေ့နေ့ တချိန်ချိန် တနေရာရာ အခြေအနေတခုခုအောက်မှာ မလွဲမသွေကြုံတွေ့ရမယ့် အခြေအနေတရပ်ပါ။ ကိုယ်က ကိုယ်ကျိုးမထည့်တွက်၊ ပြည်သူအတွက်ပဲ ရှေးရှူတယ်၊ ပြည်သူ့ဒုက္ခကို ကိုယ့်ဒုက္ခလို့ ယူဆတယ်။ ဒါပေမဲ့ ပြည်သူ့သုခကိုတော့ ကိုယ်လည်းရကောင်းတဲ့သုခလို့ မယူဆ၊ ပြည်သူသာ ပျော်ပါစေပေါ့။ ပြည်သူအတွက် တလျှာက်လုံး ဦးတည်လာခဲ့လေတော့ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ လက်ပိုက်ကြည့်မနေနိုင်။ ပြည်သူများ ဒုက္ခနွံအတွင်းမှ လွတ်မြောက်ရေးအတွက် အလုပ်လုပ်တယ်။ လှုပ်ရှားတယ်။ တိုက်ပွဲဝင်တယ်။ ပြည်သူအတွက် တိုက်ပွဲဝင်တယ်ဆိုတာ လရောင်အောက်လမ်းလျှောက်ရတာ မဟုတ်။ ဆူးငြောင့်ခလုတ်တွေ ထူပြွမ်းတဲ့ ခယောင်း လမ်းကို လျှောက်ရတယ်။ အဲဒီလမ်းကို လျှောက်လှမ်းတဲ့အခါမှာ အခက်အခဲတွေ တွေ့မယ်။ ဒုက္ခရောက်မယ်။ အသက်စွန့်တန်စွန့်ရမယ်။ ဒါတွေက ပြည်သူ့သူရဲကောင်းတွေ… Read More »




