၂၀၂၂အောင်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ ညိုစိန်ဝင်း
၂၀၂၂အောင်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ ညိုစိန်ဝင်း အခြေခံကျကျကြည့်ရင် ကာလရှည်ကြာ စုပုံလာခဲ့ပြီး ပိုမိုသည်းသန်လာဆိုးဝါးလာနေတဲ့ နိုင်ငံရေး စီးပွားရေးနဲ့ တခြားလူမှုရေးဒုက္ခများအပြင် ကိုဗစ်ရောဂါကပ် ဒဏ်များကြောင့် မခံမရပ်နိုင်ဖြစ်လာတဲ့ ပြည်သူများရဲ့ ခုခံဆန့်ကျင်မှုကို ဗြောင်ကျတဲ့ ဖက်ဆစ်အာဏာနဲ့ရင်ဆိုင်ဖို့အတွက်၊ တိုက်ရိုက် နိုင်ငံရေး အရကြည့်ရင် ရွေးကောက်ပွဲရလဒ်ဖျက်ဖို့အတွက် စစ်အုပ်စုက အာဏာသိမ်းလိုက်တာပဲ။ ဒါပေမဲ့ တကယ် ပျက်သုဉ်းတဲ့လမ်းကြောင်းပေါ် ရောက်သွားတာ သူတို့ပဲ။ ပြည်သူ့ ခုခံဆန့်ကျင်မှုကြောင့် သူတို့အာဏာ ထိန်းချုပ်မရအောင်၊ မတည်ငြိမ်အောင် ပျက်သွားတယ်။ “စစ်အုပ်စု ကို နိုင်ငံရေး ဦးဆောင်နေရာ မပေးရုံမက စစ်အာဏာရှင်စနစ်ကို…
