ဘိုကလေး ဦးလှရွှေ ( သို့မဟုတ် ) အလံ (၃)လက် ကြားက လူ

( ၁ ) “ ဖြိုသူက ဖြို – – ဖျက်သူက ဖျက် – တိုင်းပြည်ပျက်မယ့်ကိန်းကြုံ .. ငရဲကြီး ရှစ်ထပ် – ဖြစ်ရပ်မျိုးစုံ – ကျောက်နီရုပ်မို့ ဒို့မဖြုံ – ဟေ့ ကျောက်နီရုပ်မို့ ဒို့မဖြုံ – သြော် .. အရုဏ်ကျင်းလို့ – လင်းကြက်တို့လဲ တွန်ချိန်တန်… ” အသံဝါဝါကြီးနဲ့ သီကြွေးလိုက်တဲ့ အစ်ကိုကြီးကိုလှရွှေ ရဲ့တေးသီသံဟာ ကျွန်တော့်အာရုံထဲဆီ တကြော့ပြန်ဝေ့ဝဲဝင်ရောက်လာပါတယ်။ အကိုကြီး ကိုလှရွှေ…

အခက်အခဲကျော်လွှား အောင်ပွဲအရယူ (မောင်သန်းမြရွှေ)

အခက်အခဲကျော်လွှား အောင်ပွဲအရယူ မောင်သန်းမြရွှေ အရေးတော်ပုံဂျာနယ်။ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းခင် နောက်ဆုံးအချိန်အထိ မင်းအောင်လှိုင်နဲ့ဒေါ်စု စေ့စပ်ညှိနှိုင်းခဲ့ပါတယ်။ မပြေလည်လို့ အာဏာသိမ်းတာပါ။ ဘာတွေဘယ်လို တောင်းဆိုတယ်။ ဘာတွေလိုက်လျောပြီး ဘာတွေမလိုက်လျောနိုင်ဘူး ဆိုတာ ကာယကံရှင်တွေကိုယ်တိုင် ထုတ်ပြောမှသာ သိရမှာပါ။ တကယ်က စေ့စပ်ညှိနှိုင်းတာ မဟုတ်ပါဘူး။ စစ်ကောင်စီက သူ့တို့လိုလားချက်ကို တဖက်သတ် တောင်းဆိုတာပါ။ ဒါမျိုးက ဗိုလ်သန်းရွှေ ဗိုလ်ခင်ညွန့်တို့ ဒေါ်စုကို အိမ်ချုပ်ထားလိုက် အပြင်ထုတ်လိုက်နဲ့ တလျှောက်လုံးလုပ်လာခဲ့တဲ့…

အစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုရေးကိစ္စ(သိန်းထွန်းနိုင်)

အစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုရေးကိစ္စသိန်းထွန်းနိုင်အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ကုလသမဂ္ဂအပါ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ တချို့က မျှော်လင့်နေတယ်။ နိုင်ငံတကာက အသိအမှတ်ပြုတာနဲ့ ‘ပွဲသိမ်းပြီ’ လို့ မှန်းဆ တွက်ချက်နေကြတယ်။ ဘယ်လို ပွဲသိမ်းမှာလဲ။ အာဏာသိမ်းစစ်ကောင်စီကို ဘယ်သူက ဘယ်လိုဥပဒေ အကြောင်းပြချက်တွေနဲ့ ပလ္လင်ပေါ်ကဆွဲချမလဲ။ နိုင်ငံတကာအသိအမှတ်ပြုမှုက အရေးကြီးတာမှန်ပေမယ့် အသိအမှတ်ပြုခံရဖို့ လွယ်သလား။ နိုင်ငံကြီးတွေက နိုင်ငံတနိုင်ငံရဲ့အစိုးရအဖြစ် အသိအမှတ်ပြုဖို့ စဉ်းစားတဲ့အခါ အခိုင်အမာရှိနေတဲ့ မြေပြင်က…

အဖိနှိပ်ခံပြည်သူနဲ့ စစ်ကောင်စီကြားက အောက်စီဂျင်တိုက်ပွဲ (ညိုစိန်ဝင်း)

အဖိနှိပ်ခံပြည်သူနဲ့ စစ်ကောင်စီကြားကအောက်စီဂျင်တိုက်ပွဲ ညိုစိန်ဝင်း ပြည်သူတွေ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ အောက်စီဂျင်ဘူးတွေကို စစ်တပ်က လုယူတယ်။ ပြီးတော့ သူတို့ စစ်တပ်ထဲသယ်တယ်။ ပြည်သူတွေထူထောင်တဲ့ ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံတွေကို ပိတ်တယ်။ ပြည်သူတွေအတွက် အောက်စီဂျင်ဖြည့်တာတောင် မဖြည့်ရတော့ဘူးလို့ တားမြစ်တယ်။ကိုဗစ်ရောဂါလူနာ ကုသကယ်ဆယ်ရေးမှာ အောက်စီဂျင်ဟာ မရှိမဖြစ် အရင်းအမြစ်ပစ္စည်း ဖြစ်တယ်။အောက်စီဂျင်ပေးတာ ငါးမိနစ်နောက်ကျရုံနဲ့ လူ့အသက်သေစေနိုင်တယ်။ ပြည်သူတွေ ကိုယ့်အသက်ကို ကယ်တင်ဖို့ထူထောင်တဲ့ အောက်စီဂျင်ဘူးတွေကို စစ်ဓားပြတွေကသယ်ယူပြီး သူတို့ စစ်တပ်ထဲ သယ်တယ်ဆိုတာ တကယ်က ပြည်သူတွေကို သတ်နေတာပဲ။ ဆေးရုံတွေမှာ ဖျာကြမ်းတွေ…

“တပ်တည်ဆောက်ရေးမှာ စည်းကမ်းရဲ့ အရေးကြီးမှု”ငြိမ်းမောင်ဦး-

“တပ်တည်ဆောက်ရေးမှာ စည်းကမ်းရဲ့ အရေးကြီးမှု”ငြိမ်းမောင်ဦး—- လက်ရှိကာလမှာ ဗမာပြည်သူလူထုတရပ်လုံးရဲ့နိုင်ငံရေးလှုပ်ရှားမှုဟာ ဒီရေမြင့်ကာလကိုရောက်ရှိနေပါပြီ။ အဖိနှိပ်ခံ ပြည်သူလူထုဟာ မိမိတို့ရဲ့လက်တွေ့ဘဝအရ စစ်အာဏာရှင်စနစ်ရဲ့ကမ်းကုန်အောင်ရက်စက်တဲ့ ဖိနှိပ်သတ်ဖြတ်မှုကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တဲ့ လမ်းကြောင်းကို မလွှဲသာမရှောင်သာရွေးခဲ့ကြရတယ်။ တပြည်လုံးအနှံ့အပြား ကျေးလက်ဒေသရော မြို့ပြတွေမှာပါ လက်နက်ကိုင်တပ်ဖွဲ့တွေ တည်ထောင်ဖွဲ့စည်းပြီး ပြန်လှန်ခုခံကြတဲ့ပြည်သူတွေရဲ့တိုက်ပွဲဟာ အနှစ်သာရအားဖြင့် တော်လှန်တဲ့ပြည်သူ့စစ်ပွဲပဲဖြစ်ပါတယ်။ ဒါဟာ…ဗမာပြည်တော်လှန်ရးရဲ့ကြီးမြတ်တဲ့ အလှည့်အပြောင်းလည်းဖြစ်ပါတယ် ။ ဖိနှိပ်မှုမှန်သမျှဒဏ် စုပြုံမခံတော့တဲ့ အောက်ခြေလူထုက အစချီကာ တပ်ဖွဲ့များကို စုဖွဲ့လှုပ်ရှားကြခြင်းဆိုတဲ့ အားသာချက်ရှိတာနဲ့ တချိန်တည်းမှာ ရန်/ငါ အင်အားအချိုးအစားကွာဟမှုကတော့ ကြီးပါတယ်။ ဒီလို အင်အားကြီးမားတဲ့ ရန်သူကိုအနိုင်တိုက်ဖို့အတွက်…

ငါလိုလူ ဇမ္ဗူမှာရှိသေးလား။ လှကျော်ဇော

ငါလိုလူ ဇမ္ဗူမှာရှိသေးလား။ လှကျော်ဇော—– သီဟာသနပလ္လင်ရုပ်ထုကြီးရှေ့ သလွန်ညောင်စောင်းပေါ် မိန့်မိန့်ကြီးထိုင်ပြီး နိုင်ငံခြားဧည့်သည်တွေကို တွေ့ဆုံနေတဲ့ စစ်အာဏာသိမ်းခေါင်းဆောင် မအလရဲ့စိတ်ထဲမှာတော့ — ကဲ-ဘာတတ်နိုင်ကြသေးလဲ။ ငါ့လိုလူ ဇမ္ဗူမှာရှိသေးလား — လို့တွေးတောကျေနပ်ပြီး ပိတိတွေတဝေ‌ဝေနဲ့ သာယာနေဟန်ရှိပါတယ်။အဲဒီပုံတွေ့ရတော့ သတိရလိုက်မိတာ တခုရှိပါတယ်။ ဖေဖော်ဝါရီ(၁)ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးချိန် အဖမ်းမခံရခင် (၃-၄)ရက်နေရစဉ် ဒီချုပ်ဦးဝင်းထိန်(ဗိုလ်ကြီးဟောင်း)က သတင်းသမားတွေကိုပြောသွားတဲ့ စကားတွေထဲက နိမိတ်ပုံဆန်တဲ့ စကားတခွန်းပါ။သြော်-မင်းအောင်လှိုင် – သနားဖို့တော့ကောင်းတယ်ဗျာ — တဲ့။ စစ်အာဏာရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီးဗိုလ်နေဝင်းရဲ့ ဘဝအတွေ့အကြုံ အတက်အကျတွေကို မြင်တွေ့ဖူးသူတိုင်း (ဦးဝင်းထိန်အပါအဝင်) ဒီအတိုင်းစဉ်းစားမိမှာပါ။…