ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်(အမှတ် ၈)“ယူဂျီနဲ့ ထောက်လှမ်းရေး”(A.ငြိမ်း)
ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်(အမှတ် ၈)“ယူဂျီနဲ့ ထောက်လှမ်းရေး” (A.ငြိမ်း) (အရေးတော်ပုံဂျာနယ်၊ အတွဲ (၃) အမှတ်(၄) မှာ ဖော်ပြမယ့် ဆောင်းပါး) (၁) ယူဂျီဆိုလိုက်တာနဲ့ သူသူကိုယ်ကိုယ် နိုင်ငံရေးသမားတွေ လှုပ်လှုပ်ရှားရှားဖြစ်လာတတ်ကြတယ်။ ပါတီအဖွဲ့အစည်းတွေကလည်း မျက်လုံးဝိုင်းသွားတတ်ကြတယ်။ အနည်းဆုံး ဒီသတင်းကို နားမထောင်ဘဲ မဖတ်ဘဲ နေမရ – ဒါကကိုယ့်ဘက် -ရန်သူ့ဘက် (အထူးသဖြင့်စစ်တပ်) နဲ့ အုပ်စိုးသူအဆက်ဆက်ဘက်မှာလည်း ခေါင်းထောင်လာတတ်ကြတယ်။ အမြဲနားစွင့်နေတဲ့ ထောက်လှမ်းရေးဘက်ကပုဂ္ဂိုလ်တွေဆိုရင် ပိုအာရုံပြုကြမှာ သေချာပါတယ်။ လွတ်လပ်ရေးခေတ်နောက်ပိုင်း ကျွန်တော်တို့ ကြားဖူးတဲ့ မီလိုက်တဲ့ ကြုံလိုက်ဖူးတဲ့ ထောက်လှမ်းရေးတာဝန်ခံတွေ စဉ်ကြည့်မိတယ်။ ဗိုလ်မှူးကြီးချစ်ခင် (လေ)၊ ဗိုလ်မှူးကြီးလွင် (တပ်ထဲမှာ ဗိုလ်မှူးကြီးမောင်လွင် ၃ ယောက်ဖြစ်နေလို့ နှုတ်ခမ်းမွှေးမောင်လွင်လို့လည်း ခေါ်တတ်ကြ)၊ မျက်မှန်တင်ဦး၊ ဗိုလ်ခင်ညွန့် စသည် တွေ့မိပါတယ်။ ၄ ယောက်စလုံးက ဗိုလ်နေဝင်းမွေးထားတဲ့သူတွေ၊ တလက်ကိုင် လက်မရွံ့သမားတွေချည်းပဲ။ ရှေ့ ၂ ယောက်က ခိုင်းတာပဲ လုပ်တယ်။ အထွတ်အထိပ်ရောက်ဖို့အထိတက်လှမ်းဖို့ မျှော်မှန်းလုပ်ဆောင်ကြတာ မတွေ့ရ။ နောက် ၂… Read More »




