ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သောဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက်

          ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက် ၂/၂၀၂၁ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ   ၂၁  ရက် ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်။ ဗမာပြည်တွင် ဖြစ်ပေါ်လျက်ရှိသော ပြည်သူ့အုံကြွမှုကြီးမှာ အချိန်အားဖြင့် လဝက်ပင် ကျော်သွားလေပြီ။ ဤမျှရှည်ကြာစွာ တိုက်ပွဲဝင်နေကြသော ဗမာပြည် ပြည်သူလူထုကြီးကို အလေး အနက် ချီးကျူးဂုဏ်ပြု အားပေးထောက်ခံသွားရမည် ဖြစ်ပေသည်။ ဤတိုက်ပွဲကြီးတွင် ပါဝင်နေသူများအနက် မနည်းလှသောရာခိုင်နှုန်းမှာ တနေ့လုပ်မှ တနေ့စားရသူများဖြစ်ပြီး သူတို့သည် အလုပ်ပျက်ခံ၊ အအိပ်ပျက် အစားပျက်ခံပြီး တိုက်ပွဲဝင်နေကြဆဲလည်း ဖြစ်သည်။  သူတို့မဲထည့် ရွေးချယ်ပေးလိုက်သော ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ ကြိုးစားရာက အာဏာသိမ်းမှုပြုလိုက်သော စစ်အုပ်စုကို ပြည်သူလူထုကြီးက လွန်စွာရွံရှာမုန်းတီးပြီး ပြတ်ပြတ်သားသား ဆန့်ကျင်လာကြသည်။ ဤသည်ကိုလည်း အသိအမှတ်ပြုရပေမည်။ တိုက်ပွဲမည်သို့အဆုံးသတ်မည်ကို အသေအချာမပြောနိုင်သေးသော်လည်း တိုက်ပွဲ မည်သို့ စတင်ခဲ့သည်ကိုတော့ တကမ္ဘာလုံးက မှန်ကန်တိကျစွာသိနေကြသည်။ ဗမာပြည် သမိုင်းမှာ ပေါ်ပေါက်ခဲ့သော ယခင့်ယခင်က လူထုတိုက်ပွဲကြီးများနည်းတူ၊ အုပ်စိုးသူများ/ စစ်အာဏာရှင်များဘက်က စတင်ဖန်တီးခဲ့ခြင်းကြောင့်… Read More »

ငုံ့ခံရေးအတွေးအခေါ်ကို ဆန့်ကျင်ကြ(မောင်သန်းမြရွှေ)

ငုံ့ခံရေးအတွေးအခေါ်ကို ဆန့်ကျင်ကြ (မောင်သန်းမြရွှေ) ဗမာပြည်နိုင်ငံရေး အချိုးအကွေ့တရပ်ကို ရောက်နေပြီ။ လူထုမဲနဲ့ ရွေးကောက်ခံသမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရအဖွဲ့နဲ့ ဒီချုပ်ခေါင်းဆောင်အချို့ကို မင်းအောင်လှိုင်စစ်တပ်က အလွယ်တကူ အာဏာသိမ်းပြီး ကြက်ကလေး ငှက်ကလေးလို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က အသိအမှတ်မပြု၊ လွှတ်တော်ခေါ်ခွင့်မပေးလို့ ဒီချုပ်အမတ်များ နေပြည်တော်စည်ပင် ဧည့်ရိပ်သာမှာ အချုပ်ကျခဲ့ရပါတယ်။ ဒါလောက် ဖြစ်ပျက်နေတာကို – လာဖမ်းမှာကို အိမ်ကစောင့်နေတယ်၊ လမ်းပေါ်မထွက်ကြနဲ့၊ ထိန်းထိန်းသိမ်းသိမ်းနေကြပါ၊ ထောင်ချောက်ထဲမဝင်ကြပါနဲ့၊ ကျန်းမာစွာရှိပါတယ်၊ ထိန်းထားစဉ်ကကာလ ကောင်းကောင်းမွန်မွန်ကျွေးလို့ ကျေးဇူးတင်ပါတယ်၊ သွေးမြေမကျ အကြမ်းမဖက်တော်လှန်ရေးတဲ့။ ဘယ်လိုနားလည်ရမှာပါလဲ။ အာဏာသိမ်း ၃ ရက်မြောက်နေ့မှာမှ (၃ ဖေဖော်ဝါရီ ၂၀၂၁) ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်ထွက်ပါတယ်။ မည်သို့ပင်ဖြစ်စေ ဒီကြေညာချက်ကို ကြိုဆိုပါတယ်။ တိုးချဲ့စေချင်ပါတယ်။ယခုလုပ်နေတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience ကိုလည်း အားပေးပါတယ်။ ဒါလောက်နဲ့ ရပ်မနေဖို့၊ အာဏာယန္တရားကို ကာယကံမြောက်ထိခိုက်စေတဲ့ လှုပ်ရှားမှုများ အနှံ့အပြား ဖြစ်လာစေဖို့နဲ့ နိုင်ငံရေးသပိတ် လူထုတိုက်ပွဲသို့… Read More »

တဆင့်တိုး တိုက်ပွဲဝင်ကြ (ရဲဘော်ဖိုးသံချောင်း)

တဆင့်တိုး တိုက်ပွဲဝင်ကြ (ရဲဘော်ဖိုးသံချောင်း) ဘယ်အခါကနဲ့မှမတူအောင် ဗမာပြည်သားတွေ ဆင်းရဲကြပ်တည်း၊ ကိုဗစ် ဖိစီးဒဏ်ခံနေရချိန်မှာ ကိုယ်ကျိုးကလွဲပြီးဘာကိုမှ မထောက်ထားတဲ့စစ်အုပ်စု ထိပ်သီး တွေက ဗမာပြည်ရဲ့ စတုတ္ထအကြိမြောက်အာဏာသိမ်းပွဲ ကို နေရာအရပ်ရပ်မှာ သံချပ်ကားတွေ၊ စစ်ရဟတ်ယာဉ်တွေ ဥဒဟို ပြေးလွှား၊ စစ်သားတွေဖြန့်ကြက် အင်အားပြနဲ့ လူထုကို ခြောက်ခြားအောင်လုပ်ပြီး စံကျတဲ့ အာဏာသိမ်းပွဲတရပ်ဖော်ထုတ် လိုက်ပါတယ်။ တကယ်တော့ဒီအကြိမ် အာဏာသိမ်းပွဲဟာအခုမှရုတ်တရက်ဗြုန်းစား ပေါ်လာတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမတိုင်မီကတည်းက အာဏာသိမ်းလိမ့်မယ်လို့ သတင်းတွေ ထွက်နေတာ အကျယ်ကြီး၊ အကြာကြီးပါ။ ဒါဟာ အာဏာသိမ်းမယ့်လူတွေက ခြိမ်းခြောက် တဲ့အနေနဲ့ တမင်သတင်းဖြန့်နေတာဖြစ်နိုင်သလို တာဝန်ရှိသူတွေ-အစိုးရဆိုသူတွေက တမင်မသိကျိုးနွံပြုနေတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပစေအခုတော့ ကိုဗစ်-၁၉ ရောဂါကခြောက်လှန့်၊ အငတ်ဘေးကဖိစီးနဲ့ ပြည်သူတွေ စစ်ဘီလူးကသူရဲစီးတာခံကြရ ပြန်ပြီ။ စစ်တပ်ဟာသူတို့လိုချင်တာကို လက်နက်နဲ့ပဲ အရယူတယ်ဆိုတဲ့ ဓားပြဓလေ့ မြင်တွေ့ကြရပြန်တာဖြစ်ပါတယ်။ ဒီကနေဆက်စဉ်းစားစရာဖြစ်လာတာတွေက- ၂ဝဝ၈ဖွဲ့စည်းပုံဥပဒေရှိနေသမျှတော့ စစ် အုပ်စုကလုပ်ချင်တာလုပ်နေမှာပဲ၊ ၂ဝဝ၈ဖွဲ့စည်းပုံကိုလွှတ်တော်အတွင်းကနေပြင်ဆင်မယ် ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဗိုလ်မင်းအောင်လှိုင်ရဲ့ တရက်တမျိုးပြောတဲ့စကားတွေကို အတည် သဘောထားယုံနေလို့ဖြစ်ပါ့မလား၊ သူတို့ပြောတဲ့ နောက်တနှစ်နေရင် သူတို့က လုပ်ပေး… Read More »

လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်-၁/၂၀၂၁

လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်-၁/၂၀၂၁ ရက်စွဲ။ ။ ၃၁- ၁- ၂၀၂၁ တပ်မတော်အနေနဲ့အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း သတင်းစာရှင်းလင်းပွဲမှာ တပ်ဘက်က ပြောကြားလိုက်တာနဲ့ တဆက်တည်းဆိုသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဥပဒေအားလုံး၏ Mother law ဖြစ်ပြီး မလေးစား မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမှာဖြစ်ကြောင်း ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ဗြောင်ပြောလာပြန်ပါတယ်။ အဲဒီနောက်၊ လုံခြုံရေး တင်းကျပ်ထားတဲ့ နေပြည်တော်မှာ စစ်တပ်ကိုယ်စားလှယ်များနဲ့ ဒီချုပ်ကိုယ်စားလှယ်များ တွေ့ဆုံတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တပ်ဘက်က ရွေးကောက်ပွဲရလဒ်ကို လက်မခံလိုတဲ့ သဘောထားဖော်ပြမှုနဲ့ အတူ လွှတ်တော်ရွှေ့ဆိုင်းဖို့ ကာလုံခေါ်ပေးဖို့တင်းတင်းမာမာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်တွေဟာ ၁၉၅၈ ပထမအကြိမ် စစ်တပ်က တရားဝင်အာဏာသိမ်းလို့ရအောင် တာတေစနေသား ဦးနုကို အကျပ်ကိုင် လက်မှတ်ထိုးခိုင်းသလို ဒီချုပ်ကို အကျပ်ကိုင်တဲ့သဘောပါပဲ။ ဒါဟာ သမိုင်းတပတ် လည်လာပြန်တာလား။ ၂၀၀၈ အောက်မှာ ဝင်မိသမျှ အစိုးရတွေဟာ ဒီလို စစ်အာဏာခြိမ်းခြောက်မှု၊ ၂၀၀၈ ခြေဥကို ကိုင်ပြီး အနိုင်ကျင့် ဗိုလ်ကျမှု၊အကျပ်ကိုင်မှုတွေ၊ စစ်ကိုယ်စားလှယ် တမတ်သားနဲ့ ထိန်းချုပ်မှုတွေ တောက်လျှောက် ရင်ဆိုင်နေရဦးမှာပါ။ ရင်ကြားစေ့ပေါ်လစီ မအောင်မြင်ကြောင်း… Read More »

တောင်တရုတ်ပင်လယ်ထဲက တရုတ်အမေရိကန် အားပြိုင်ပွဲတွေ (နိုင်မိုးအေး)

တောင်တရုတ်ပင်လယ်ထဲက တရုတ်အမေရိကန် အားပြိုင်ပွဲတွေ (နိုင်မိုးအေး) အမေရိကန် စစ်သင်္ဘော သီအိုဒိုရုစဗဲ့ဟာ တောင်တရုတ်ပင်လယ်ထဲကို ချင်းနင်းဝင်ရောက် သွားခဲ့ပါပြီ။ ဒါက သမ္မတသစ် ဂျိုးဘိုင်ဒင်ရဲ့ တရုတ်ပြည်ရေးရာအယူအဆကို စတင် ဖော်ထုတ်လိုက်တာပဲဖြစ်ပါတယ်။ စစ်သင်္ဘော သီအိုဒိုရုစဗဲ့ တောင်တရုတ်ပင်လယ်ထဲ ချင်းနင်းဝင်ရောက်လာတာနဲ့အတူ ဘိုင်ဒင်အစိုးရဟာ တရုတ်ပြည်ရေးရာ ထရန့်ပေါ်လစီတချို့ကို သဘောတူကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အဲဒါကတော့ တခြား မဟုတ်ပါဘူး။ တရုတ်အစိုးရက ဝီဂါတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ထရမ့်အစိုးရအဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ပြောဆိုချက်ကို ဂျိုးဘိုင်ဒင်က သဘောတူကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။ ဝီဂါလူမျိုးတွေဟာ တရုတ်ပြည်အနောက်ပိုင်း စင်ကျန်းပြည်နယ်ထဲက အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပါ။ သူတို့ဟာ ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ်ပိုင်ဓလေ့ ကိုယ်ပ်ုင်ယဉ်ကျေးမှုတွေရှိခဲ့ပြီး ပြည်မကြီးနဲ့အတူ ဥမကွဲသိုက်မပျက် နေလာခဲ့တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီဒေသအတွင်း ခွဲထွက်ရေးလှုပ်ရှားမှုပေါ်ပေါက်လာပြီး တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ ပျက်ပြားခဲ့ပါတယ်။ တရုတ်ပြည် ဗဟိုအစိုးရဟာ ပြဿနာအတော်များများကို ချင့်ချင့်ချိန်ချိန် ကိုင်တွယ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရမှာ အကဲဆတ်တဲ့ ပေါ်လစီတချို့ရှိပါတယ်။ အဲဒါတွေကတော့ နယ်စပ်ဒေသပြဿနာတွေ၊ တရုတ်ပြည်နယ်နိမိတ်ကို ထိခိုက်မယ့်အရေးကိစ္စတွေနဲ့ တရုတ်ပြည်ပိုင်နက်ကို… Read More »

မီးတုတ်ကိုင်ဖို့ပြင်ကြလော့ (နီအောင်ဝေ)

မီးတုတ်ကိုင်ဖို့ပြင်ကြလော့ (နီအောင်ဝေ) စစ်တပ်က ရွေးကောက်ပွဲရလာဒ်ကို ပြဿနာရှာနေတာ မပြီးနိုင်မစီးနိုင်။ ဒီချုပ်ပါတီကိုမဲပေးရာမှာ မဲမသမာမှုတွေဖြစ်ခဲ့တယ်ဆိုရင်တောင် အာဏာပိုင်အစစ်အမှန်ဖြစ်တဲ့စစ်အုပ်စုလက်ချက်သာဖြစ်လိမ့်မယ်။ ဒီချုပ်ဟာ ရွေးကောက်ပွဲနိုင်ဖို့ မဲခိုးရမယ့်ပါတီမဟုတ်တာ ပြည်တွင်းပြည်ပ သိသာမြင်သာတဲ့ကိစ္စပါ။ ဒါပေမဲ့ စစ်အုပ်စုက ဘာကြော င့်ပြဿနာရှာနေသလဲ။ ဒီချုပ်ဆက်ပြီး အစိုးရနေရာ၊ လွှတ်တော်နေရာတွေမှာ နေရာယူမှာကို မလိုလားတာတခုတည်းတော့မဟုတ်ဘူး။ ရွေးကောက်ခံအစိုးရမှာရှိတဲ့အာဏာဆိုတာ မဖြစ်စလောက် ယောင်ပြဆိုတာ သူတို့အသိဆုံးပဲ။ အခြေခံဥပဒေ အတည်ပြုပွဲကစလို့၂၀၀၈ ခြေဥအောက်က ရွေးကောက်ပွဲတွေမှာ သူတို့မဲခိုး၊ မဲလိမ်၊ မဲဝယ်၊ မဲဓားပြတိုက်ခဲ့သမျှ ဘူးပေါ်သလိုပေါ်ခဲ့တာတွေအတွက် သူခိုးကလူပြန်ဟစ်ပြီး ဒီချုပ်ကို တန်းညှိချင်တာ၊ ၂၀၀၈ အခြေခံဥပဒေကို ပြဒါးရှင်လုံးလို သူတို့လိုသလို သုံးနိုင်တယ်လို့ထင်နေတာ၊ သည်အခြေခံဥပေဒနဲ့သူတို့အာဏာကို တည်မြဲနေစေလို့ဥစ္စာရူး၊ အာဏာရူး ရူးနေတာ စသဖြင့် အကြောင်းအရင်းတွေ အစုံရှိလိမ့်မယ်။ ၂၀၀၈ အခြေခံဥပဒေ တည်မြဲရေးအတွက် ရန်ဖြစ်ပြပြီး ဒီမိုကရေစီအရေခြုံ စစ်အာဏာကို သိဒ္ဓိတင်ပေးနေတာလည်း ဖြစ်နိုင်တာပဲ။ ဟိုဟိုဒီဒီ သီးခြားအခြေအနေများ အပေါ်ကြည့်ရှုရုံမျှမဟုတ် အခြေအနေတခုလုံးအပေါ် ခြုံငုံသုံးသပ်ပါက စစ်အုပ်စုဟာ ရွေးကောက်ပွဲကိစ္စသာမက နိုင်ငံရေး စီးပွားရေးကိစ္စမှန်သမျှကို ကြိုးကိုင်ထားကြောင်း ထင်ရှားပါတယ်။… Read More »

စစ်တပ်က အာဏာသိမ်းမတဲ့လား (ညီဌေးကျော်)

စစ်တပ်က အာဏာသိမ်းမတဲ့လား (ညီဌေးကျော်) ၂၀၀၈ ခြေဥပေးထားချက်အောက်ကကျင်းပတဲ့ (၂၀၁၅၊ ၂၀၂၀) ရွေးကောက်ပွဲ ၂ ကြိမ်စလုံး ခွက်ခွက်လန်ရှုံးနိမ့်သွားတဲ့ စစ်အုပ်စုကိုယ်စားပြုကြံ့ဖွံ့ပါတီဟာ သူ့ရှေ့က ဗိုလ်နေဝင်းဆိုရှယ်လစ်ပါတီ(မဆလ)လိုပဲ နိုင်ငံရေးအမှိုက်ပုံးထဲရောက်သွားတော့မယ့် အခြေအခြေအနေပါ။ စစ်တပ်ကိုယ်စားလှယ် ၂၅% နဲ့ ကြံ့ဖွံ့အပေါင်းအပါများ ၂၆% ပေါင်းပြီး အစိုးရတရပ်ဖွဲ့ကာ သမ္မတလုပ်ဖို့ဆိုတဲ့ စိတ်ကူးအိပ်မက်ဟာလည်း ပူဖေါင်းပေါက်သလို ပေါက်ကွဲလွင့်ပြယ်သွားတဲ့နောက် ဗိုလ်မင်းအောင်လှိုင်တယောက် တနေ့တမျိုးဇာတ်ထုတ်တွေခင်းလာပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လို၊ မဲမသမာမှုတွေ တွေ့ရှိထား၊ ရခိုင်မှာ ရွေးကောက်ပွဲ ထပ်လုပ်ဖို့လို၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ဖို့လို၊ သမ္မတနဲ့ရွေးကော်ကို အရေးယူဖို့ တရားလွှတ်တော်ချုပ်မှာ စာချွန်လွှာတင်၊ (ရွေးကောက်ပွဲ အငြင်းပွားမှု) လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို လွှတ်တော်၊ အစိုးရ၊ ရွေးကော်တို့မှ နည်းနာရှာ ဖြေရှင်းပေးဖို့- တပ်မတော်မှ သဘောထားကြေညာချက် ထုတ်လာတယ်။ ကြံ့ဖွံ့ကလည်း တပ်မတော်ထောက်ခံပွဲ ရွေးကောက်ပွဲ ကန့်ကွက်ပွဲများ လုပ်နေဆဲပဲ။ လာမယ့် ဖေဖော်ဝါရီ လွှတ်တော်သစ်မှာ တက်ဖို့ မသေချာကြောင်းလည်း လေသံလွှင့်နေတယ်။ ဒါတွေဟာ ၂၀၀၈ ခြေဥအောက်မှာ ဖြစ်နေတာတွေပါ။ ဒီချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကလည်း၂၀၀၈ ခြေဥကိုင်ပြီး တုံ့ပြန်တာပါပဲ။… Read More »