သုံ့ပန်းပေါ်လစီကို လက်တွေ့ကျင့်သုံးကြပါစို့။

သုံ့ပန်းပေါ်လစီကို လက်တွေ့ကျင့်သုံးကြပါစို့။ လှကျော်ဇော ၁၉၈၉-စက်တင်ဘာ(၁၉)ရက်နေ့ န၀တ အာဏာသိမ်းအပြီးမှာ တိုင်းပြည်တ၀န်းက ၈ လေးလုံးအရေးတော်ပုံကြီးမှာပါဝင်ခဲ့သူအများအပြားနီးစပ်ရာ တောတွင်းအဖွဲ့အစည်းများထဲသို့ ပြေးဝင်ခိုလှုံ ရောက်ရှိလာကြပါတယ်။ ဒီမှာတင်ကျွန်မတို့ဗမာပြည်ကွန်မြူနစ် ပါတီဌာနချုပ်ရှိရာ ပန်ဆန်းကို ရှမ်းပြည်တဝိုက်က လူငယ်တွေအသုတ်လိုက် ရောက်ရှိလာကြပါတယ်။ ဒီတော့ ပါတီက လက်ခံစောင့်ရှောက်ထားပြီး စစ်ရေး-နိုင်ငံရေးသင်တန်းတွေပေးပါတယ်။ တနေ့တော့ သင်တန်းဆရာက ပါတီရဲ့စည်းကမ်းကြီး(၃)ရပ်။ သတိပြုရန်(၈)ချက်ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပို့ချပါတယ်။(ဒီအထဲမှာ သုံ့ပန်းများကိုညှင်းပန်းနှိပ်စက်ခြင်းမပြုရ ဆိုတဲ့သုံ့ပန်းပေါ်လစီပါပါတယ်။) အမေးအဖြေ အချိန်ရောက်တော့ သင်တန်းသားတဦးက ကျွန်တော်ကျန်တာအားလုံး လိုက်နာနိုင်တယ်။ သုံ့ပန်းပေါ်လစီ တော့ မလိုက်နာနိုင်ဘူးလို့ဆိုပြီး သူမျက်စေ့အောက် ဆန္ဒပြပွဲတွေမှာ စစ်သားတွေပစ်တဲ့…

သေဒဏ်က မင်းအောင်လှိုင်ကို မကယ်နိုင်ဘူး(မြစမ်းအေး)

ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့အပေါ် ချမှတ်တဲ့သေဒဏ်က မင်းအောင်လှိုင်ကို မကယ်နိုင်ဘူး(မြစမ်းအေး) ပြည်တွင်းပြည်ပက ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက မင်းအောင်လှိုင် အာဏာသိမ်း စစ်ကောင်စီက ကိုဂျင်မီ ကိုဖြိုးဇေယျာသော် နဲ့ ကိုလှမျိုးအောင် ကိုအောင်သူရဇော်တို့လေးဦးကို ၂၄ ဇူလိုင်က သေဒဏ်ပြစ်ဒဏ် စီရင်ဆောင်ရွက်ပြီးစီးကြောင်း ထုတ်ပြန်တယ်။ မဆလဗိုလ်နေဝင်းက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်စီရင်ခဲ့ပြီးနောက်ပိုင်း ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့အပေါ် သေဒဏ်စီရင်ချက် ပြန်အသက်သွင်းလာတာ ဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်စီရင်လိုက်တဲ့အတွက် လူထုက ကြောက်ရွံ့မသွားရုံတင်မက ပိုလို့သာမုန်းတီးရွံရှာ ဆန့်ကျင်လာကြရာက ဗိုလ်နေဝင်းမဆလအစိုးရ တဇာတ်သိမ်းခဲ့ရပါတယ်။ တကယ်က…

စစ်နဲ့တော်လှန်ရေးကြားက ဗမာပြည် (ကိုတူး)

စစ်နဲ့တော်လှန်ရေးကြားက ဗမာပြည် (ကိုတူး) အာဆီယံအထူးသံ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ဖနွမ်းပင်ပြန်ရောက်တော့ သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ – မင်းအောင်လှိုင်က တွေ့ဆုံဆွေးနွေးပွဲအတွက် ကြိုတင်သတ်မှတ်ချက်သုံးရပ်ကို ပြောတယ်လို့ The Nation သတင်းစာက ဖော်ပြပါတယ်။ (စကစ)အစိုးရကို မဖျက်ဆီးဖို့၊ အစားမထိုးဖို့နဲ့ ၂၀၀၈ ခြေဥကို ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ အခြေခံမူအဖြစ်ထားဖို့ ဖြစ်တယ်လို့ဆိုတယ်။ အဓိပ္ပာယ်က (အာဏာသိမ်းတာကိုလက်ခံ၊ NUG ကိုဖျက်၊ ၂၀၀၈ အောက်ကိုပြန်ဝင်) ဖို့ပါပဲ။ ပရက်ဆော့ခွန်း တလက်စတည်း ပြောတာက – ကျန်ခြောက်လသက်တမ်းမှာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် မိမိ(အထူးသံ)မှာ…

သံတမန်မျက်နှာစာက ဗမာပြည်နွေဦးအရေးတော်ပုံ

သံတမန်မျက်နှာစာက ဗမာပြည်နွေဦးအရေးတော်ပုံ (ကိုတူး) အများအာရုံစိုက် စောင့်ကြည့်နေတဲ့ အာဆီယမ်အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ရဲ့ ဗမာပြည်ခရီးစဉ် (၂၉ ဇွန် – ၅ ဂျလိုင်) နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ရဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၆နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (၃ ဂျူလိုင် – ၅ ဂျူလိုင်) ဗမာပြည်ခရီးစဉ်များ ပြီးဆုံးသွားပါပြီ။ ပရက်ဆော့ခွန်းက ဗမာပြည်ပဋိပက္ခ ကြားဝင်ဆောင်ရွက်ဖို့ဖြစ်ပြီး၊ တပါတည်း ၇ ကြိမ်မြောက် မဲခေါင်-လန်ချန်း အစည်းအဝေးကို…

လူထုမှာ မကုန်ခန်းနိုင်တဲ့ အင်အားသတ္တိတွေရှိတယ်

လူထုမှာ မကုန်ခန်းနိုင်တဲ့ အင်အားသတ္တိတွေရှိတယ် (မောင်သန်းမြရွှေ) အာဏာသိမ်းစစ်ကောင်စီက PDF တွေ ပြောက်ကျားတပ်ဖွဲ့တွေကို လက်နက်ချအလင်းဝင်ရင် ကြိုဆိုမယ် လို့ ထုတ်ပြန်လာတယ်။ ဒီအရင်က (PDFတွေမပါ) လူမျိုးစုလက်နက်ကိုင် EAO များကိုပဲ မင်းအောင် လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ ဖိတ်ခေါ်ပြီး သုံးရက်တဖွဲ့နှုန်းနဲ့ဆွေးနွေးပြနေပေမယ့် ၊ (လက်နက်ကိုင် တိုက်နေတဲ့) EAO အဖွဲ့ အများစုက မတက်ရောက်ပါဘူး။ အပစ်အခတ်ရပ်လက်စ အဖွဲ့အချို့နဲ့ သဏ္ဌာန်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပဲ လုပ်ပြနေပါတယ်။ ခုတလော မင်းအောင်လှိုင်ကိုယ်တိုင် ညောင်နှစ်ပင်ခန်းမ(ဟောင်း)ကို သွားကြည့်တဲ့ပုံနဲ့ ပြုပြင်မွမ်းမံဖို့ ညွှန်ကြားသွားကြောင်း…

လူသတ်ဝါဒကျင့်သုံးပြီး တော်လှန်ရေးဒီရေကို ဟန့်တားလို့ရနိုင်မတဲ့လား။

လူသတ်ဝါဒကျင့်သုံးပြီး တော်လှန်ရေးဒီရေကို ဟန့်တားလို့ရနိုင်မတဲ့လား။(အရေးတော်ပုံစာတည်းအဖွဲ့ အာဘော်) မင်းအောင်လှိုင်စစ်ကောင်စီဟာ စစ်တပ်အားကိုးနဲ့ အာဏာသိမ်းပြီးကတည်းက တတိုင်းပြည်လုံး အတိုက်အခံများတင်မက လူထုကြီးကိုပါ တောရောမြို့ပါမကျန် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် လုယက် မီးရှို့ ဖျက်ဆီး ထင်တိုင်းကြဲနေတာ အားလုံးအသိပါ။ အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်ပြလိုက်ရင် တတိုင်းပြည်လုံး ငြိမ် ဝပ် ပိ ပြား သွားမယ်လို့တွက်ပြီး အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ဟာ၊ အာဏာသိမ်းပြီး တနှစ်ခွဲအကြာမှာ ထင်သလိုဖြစ်မလာဘဲ ကျယ်ပြန့်လာနေတဲ့ လက်နက်ကိုင်တော်လှန်ရေး မီးတောက်မီးလျှံများအောက်မှာ အရူးမီးဝိုင်းဖြစ်နေတာပါ။ ပြည်တွင်းပြည်ပ နိုင်ငံရေးဖိအား သံတမန်ရေးဖိအားတွေ လျော့ပါးစေဖို့…