စာတည်းအဖွဲ့အမှာ
စာတည်းအဖွဲ့အမှာ အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် (၆) စာတည်းအဖွဲ့အမှာ (အပိုင်း ၁) (နိဒါန်း) (မင်းအောင်လှိုင်တို့ရဲ့ သွေးခွဲနည်းပရိယာယ်ခြေလှမ်းတွေကို သတိထားနိုင်ဖို့ လျှို့ဝှက်ချက်တခုကို မိတ်ဆက်ပေးပါမယ်။ မင်းအောင်လှိုင်က ကျွန်တော်တို့ပါတီဆီကို စိတ်ချရတဲ့ ပုဂ္ဂိုလ်တဦးကတဆင့် အတွင်းစကားတခု ပို့ဖူးတယ်။ “ကျွန်တော်တို့အတွင်းမှာ ဒီငါတကောကော လုပ်တဲ့မိန်းမကြီးနဲ့တော့ အလုပ်တွဲလုပ်သွားလို့ မဖြစ်တော့ဘူး”တဲ့။ (အေး-မင်းပြောတာတွေ ငါကတော့ ပါတီကို အစီရင်ခံရမှာပဲ)ဆိုတော့ “ခင်ဗျားတို့ပါတီ သိစေချင်လို့ ပြောတာပဲ”တဲ့။ ဒါဟာ ကြောင်လက်နဲ့ ပြာပူ အယက်ခိုင်းတဲ့ ကိစ္စ၊ လမ်းစဉ်မတူကြလို့ NLD နဲ့…
