စစ်အုပ်စုရဲ့စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေး တိုက်ကွက်တခု
စစ်အုပ်စုရဲ့စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေး တိုက်ကွက်တခု—–လှဝင်း ဗမာပြည်က ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အရင်းခံ သဘောထားဟာ လက်နက်ချစေချင်တာပဲ။ သူတို့ကို လက်နက်ကိုင်တော်လှန်တာကို ဆက်မလုပ်စေချင်တာပဲ။ ဦးနုက ဒီမိုကရေစီ ဖွင့်ပေးမယ်၊ လာခဲ့ကြလို့ ပြောတော့ သခင်သန်းထွန်းက ဒါနဲ့ပတ်သက်လို့ အသေးစိတ်ဆွေးနွေးဖို့ စာပို့တယ်။ ဒီလို ဆွေးနွေးဖို့ကို ကျားမြီးဆွဲတာထက်ကြောက်တဲ့ ဦးနုက ဘာမှ ဆွေးနွေးမနေနဲ့၊ အရင်ဆုံးလက်နက်ချပြီး ဝင်ခဲ့ကြ။ အဲလိုဆို ဒီမိုကရေစီပေးမယ်လို့ ကြေညာခဲ့တာပဲ။ ဖဆပလ ဖောက်ပြန်ရေးအစိုးရကနေ ဒီနေ့ စစ်ကောင်စီအထိ သူတို့ရဲ့ အရင်းခံ သဘောထားက လက်နက်ချရေး။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ တွေ့ဆုံဆွေးနွေးရေး၊ NCA လမ်းကြောင်း နာမည်အမျိုးမျိုး တပ်တယ်။ ရည်ရွယ်ချက်ကတော့ လက်နက်ချရေးပဲ။ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ ပြည်တွင်းစစ်ကြောင့် ဒုက္ခဆင်းရဲကြီးစွာခံစားရတဲ့ ပြည်သူတွေကို စစ်မှန်တဲ့ငြိမ်းချမ်းရေး ရယူပေးလိုတဲ့ ဆန္ဒ ရှိကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှာ ပါဝင်ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို စိတ်ရှည်သည်းခံပြီး ကြိုးပမ်းကြတဲ့အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့… Read More »




