လိဘနက်၊ လူဇင်ဘာ့နဲ့ဇန်နဝါရီ အရေးတော်ပုံ(နီအောင်ဝေ)

လိဘနက်၊ လူဇင်ဘာ့နဲ့ဇန်နဝါရီ အရေးတော်ပုံ (နီအောင်ဝေ) အရေးတော်ပုံဂျာနယ် ဆောင်းပါး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ဟာ ဂျာမနီကွန်မြူနစ်ပါတီ တည်ထောင်သူ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကားလ်လိဘနက်နဲ့ ရိုဇာလူဇင်ဘာ့ ကျဆုံးတာ ၁၀၁ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ လူဇင်ဘာ့နဲ့လိဘနက်က မူလက ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ် ပါတီဝင်တွေ ဖြစ်တယ်။ ပထမကမ္ဘာစစ်မှာ ဂျာမနီပါဝင်မှုအပေါ် ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်လာတယ်။ ၁၉၁၄ ခုနှစ် နှစ်ကုန်မှာ ကားလ်လိဘနက်၊ ရိုဇာလူဇင်ဘာ့၊ ဖရန့်မဲရင်း၊ ကလာရာဇတ်ကင်းနဲ့ တခြားတော်လှန်ရေးသမားတွေစုစည်းပြီး နောင်အခါ ဂျာမနီကွန်မြူနစ်ပါတီဖြစ်လာမယ့် ‘စပါတာကပ်အဖွဲ့ချုပ်’ကို တည်ထောင်ကြတယ်။ ‘စပါတာကပ် ပေးစာများ’ ဆိုတဲ့ သတင်းစာမှာ သူတို့အမြင်တွေကို ဖော်ပြကြတယ်။ သတင်းစာ တရားမဝင်ကြေညာခံရပြီးနောက်မှာ လိဘနက်က ရှေ့တန်းစစ်မြေပြင်ကိုပို့တာ ခံရပါတယ်။ ဒါပေမဲ့ စစ်တိုက်ဖို့ငြင်းဆန်ပြီး အလောင်းတွေကို မြေမြှုပ်သဂြိုဟ်တဲ့အလုပ်သာ လုပ်ခဲ့တယ်။ ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် သူ့ကို ရှေ့ တန်းကနေ ပြန်ပို့ပေးတယ်။ ၁၉၁၆ ခုနှစ် စပါတာကပ် အဖွဲ့ချုပ်ရဲ့ဆန္ဒပြပွဲ ပေါ်ထွက်ပြီးနောက်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ အကျဉ်းချခံရပါတယ်။ လိဘနက် (ဖခင်ဖြစ်သူ ဗီဟိန်းလိဘနက်က… Read More »

အထိမခံတဲ့ ပြစ်မှုများ (လှသောင်း)

အထိမခံတဲ့ ပြစ်မှုများ (လှသောင်း) ဘယ်ပြည်သူမဆို အချိန်မရွေးဖမ်းဆီးချုပ်နှောင် ထောင်ချခံရနိုင်ခြင်းဆိုတဲ့ ဖက်ဆစ်ခြိမ်းခြောက်မှုကို စစ်အုပ်စုက ဖန်တီးထားတယ်၊ သူတို့က ဒီပြစ်မှုကို လက်ညှိုးအထိုးမခံပေမဲ့ ရံဖန်ရံခါ ဝန်ထုပ်ခါတဲ့သဘော လွတ်ငြိမ်းခွင့်ပေးတာလေးတွေကိုတော့ လူထုက ကျေးဇူးတင် ကြိုဆိုပေးရမယ့်သဘောဖြစ်နေပါတယ်။ ထုနဲ့ထည်နဲ့ ကျုးလွန်ခဲ့တဲ့ လယ်သိမ်းယာသိမ်းပြစ်မှုများကိုလည်း တို့ထိလို့မရပေမယ့် အသုံးမလိုတဲ့ မြေအနည်းအကျဉ်း ပြန်စွန့်ပေးတာလေးတွေကိုတော့ လူထုက အမျက်ဖြေကြေအေးပေးရမယ့်သဘော ဖြစ်နေပြန်ပါတယ်။ အလေးထားပြောလိုတာက စစ်အုပ်စုဟာ ပြည်သူအပေါ်ကျူးလွန်ထားတဲ့ပြစ်မှုတွေကို ဝန်ခံဖို့ဝေလာဝေး အတို့အထိတောင်မခံဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ ဂျူလိုင်-၇ ကျောင်းသားသတ်ဖြတ်မှု၊ သပိတ်အလုပ်သမားများကို သတ်ဖြတ်မှု၊ ၈၈ အရေးတော်ပုံနှောင်းပိုင်းကာလမှာ ပြည်သူကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဒီပဲရင်းလုပ်ကြံမှု၊ ဒီနေ့ကာလအထိ ပူပူနွေးနွေး သွေးမခြောက်သေးတဲ့ လူမျိုးရေး ဘာသာရေး သတ်ဖြတ်မှုများ စတဲ့ပြစ်မှုကြီးများ အလွယ်တကူကျူးလွန်နိုင်နေတာက ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ အခြေခံအခြေအနေရှိပြီးဖြစ်နေတာကြောင့်ဖြစ်တယ်။ ဗျူရိုကရက်လူတန်းစားနဲ့ စစ်အုပ်စုက ဒီမီးကို ဦးဆောင်ထွန်းငြှိ ထိန်းသိမ်းတိုးချဲ့နေခဲ့တာ ဖြစ်ပါတယ်၊ ဒီလုပ်ရပ်ကိုယ်တိုင်က သရဖူပြစ်မှုကြီးဖြစ်တယ်၊ ဒီပြစ်မှုကို သေသေချာချာ မကိုင်တွယ်ဘဲနဲ့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဘာပြဿနာကိုမှ ဖြေရှင်းနိုင်မှာမဟုတ်ပါ။ ဒါပေမဲ့ စစ်အုပ်စုကတော့ ဒီသရဖူပြစ်မှုကြီးကို အကိုင်ခံဖို့ နေနေသာသာ၊ ပြည်တွင်းစစ်လို့ အသုံးနှုန်းမခံ… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက်

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက် ၁။ ယခုအခါ COVID-19 ကူးစက်မြန်ရောဂါသည် ရခိုင်ဒေသအတွင်း အလျှင်အမြန်ပျံ့နှံ့နေကြောင်းသတင်းများ ကြားသိနေရပါသည်။ ဩဂုတ်လ ၁၆ မှ ၂၃ ရက်နေ့ည ၈ နာရီအထိ ရောဂါပိုးတွေ့ရှိသူ ၅၉ ဦးအထိရှိလာပြီ။ တပြည်လုံး ကူးစက်ခံရသူစုစုပေါင်း ၄၅၀ ဦး ရှိခဲ့ပြီ။ ကျန်းမာရေးဝန်ကြီးဌာနသတင်းများအရ ယခုကူးစက်မှုမှာ မျိုးဗီဇပြောင်းလဲနေသော ဗိုင်းရပ်စ်အမျိုးအစား ဖြစ်နိုင်သောကြောင့် ကူးစက်မှုနှုန်း ဆယ်ဆမြန်ကြောင်းနှင့် ဒုတိယလှိုင်း တကြော့ပြန်လာတာဖြစ်နိုင်ကြောင်း သတိပေးနှိုးဆော်ထားသည်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ကာကွယ်ဆေးစမ်းသပ်ခြင်းနှင့် ကာကွယ်ဆေးလူတိုင်းစေ့ဖြန့်နိုင်ရေးမှာ နှစ်ချီကြာဦးမှာဖြစ်ကြောင်း သတိပေးထားသည်။         ၂။ ယခုအခါ ရခိုင်ဒေသတွင်း ရောဂါထိန်းချုပ်ရေးအတွက် ရပ်ကွက် မြို့ရွာအလိုက် ပိတ်ဆို့ထားခြင်း Lockdown- နေထိုင်မှု ကန့်သတ်ထားခြင်း၊ ညမထွက်ရအမိန့်ထုတ်ထားခြင်းများကို ဆောင်ရွက်ထားကြောင်း ကြားသိရပါသည်။ ရခိုင်မြောက်ပိုင်းတွင် အင်တာနက်ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ထားသည်မှာလည်း ကြာလှပါပြီ။ ရခိုင်နှင့်မွတ်စလင် ဒုက္ခသည်စခန်းများနှင့် လတ်တလော စစ်ဘေးရှောင်စခန်းများတွင်လည်း သိန်းနဲ့ချီသောလူများ ပြွတ်သိပ်လျက်ရှိနေသည်။ သူတို့၏ဒုက္ခများကိုလည်း နားလည်ပေးသင့်ပါသည်။ ၃။ ကမ္ဘာနှင့်ချီဖြစ်ပွားနေသော စီးပွားရေးအကျပ်အတည်းနှင့် ကိုဗစ်ကပ်အောက်တွင် ပြည်တွင်းစစ်ပြဿနာ၊ ဆင်းရဲမွဲတေမှုပြဿနာ စသော အသည်းအသန်ပြဿနာပေါင်းစုံနှင့်… Read More »

ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ်(နီအောင်ဝေ)

ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ် (နီအောင်ဝေ) စစ်အုပ်စုက ဒီမိုကရေစီ လမ်းပြမြေပုံ (၇) ချက်နဲ့ တဆင့်ပြီးတဆင့် ‘ဒီမိုကရေစီ အခင်းအကျင်း’ တခုကို ဦးတည်ပုံဖော်ခဲ့ပါတယ်။ ပြည်သူတွေက အညာမခံပါဘူး။ ၂၀၀၇ မှာ လူထုတိုက်ပွဲနဲ့ဖျက်သိမ်းပစ်ဖို့ကြိုးစားပါတယ်။ လူထုအုံကြွမှုကို ပြင်းပြင်းထန်ထန်ဖိနှိပ်ဖြိုခွဲပြီး တနှစ်မပြည့်ခင် ၂၀၀၈ နာဂစ်ကာလမှာ သူတို့စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေကို အဓမ္မအတည်ပြုလိုက်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ စစ်တပ်ပါတီကြံ့ဖွံ့ကို အာဏာလွှဲပြီးတဲ့အခါ လမ်းပြမြေပုံအတိုင်း သူတို့လိုရာပန်းတိုင်ကို ရောက်သွားပါပြီ။  လမ်းပြမြေပုံရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆိုတာဟာ သူတို့ရဲ့ပန်းတိုင်ပါ။ ဒါပေမဲ့ အဲဒီလို သူတို့တည်ဆောက်ထားတဲ့ ဒီမိုကရေစီအရေခြုံ နိုင်ငံတော်သစ် မပြိုလဲအောင် ထိန်းသိမ်းဖို့၊ ကာကွယ်စောင့်ရှောက်ဖို့လိုပါသေးတယ်။ စစ်အုပ်စု ထူထောင်ပေးတဲ့ ဒီမိုကရေစီ နိုင်ငံတော်ဆိုတာကို ကြံ့ဖွတ်အစိုးရလို စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတွေနဲ့တင် ရေရှည်တည်မြဲအောင် လုပ်လို့မရပါဘူး။ ရွှေရည်စိမ်ဆိုတာ အရောင်ကျွတ်မှာပါ။ ပုံမှန် အရောင်ပြန်တင်ပေးဖို့လိုပါတယ်။ ရွေးကောက်ပွဲတွေက ငါးနှစ်တခါ ရွှေရည်စိမ်တဲ့အလုပ်ကို လုပ်တာပါ။ တစညလို ကြံ့ဖွံ့လိုပါတီတွေနဲ့ပြည်သူကို ဆက်ပြီးညာချဖို့မလွယ်တာ သူတို့သိပါတယ်။ ဒါကြောင့် အတုအယောင် ပြည်သူ့ဘက်သားတွေ၊ အင်အားစုတွေ ဖန်တီးပါတယ်။ ထိပ်တန်း စစ်ဗိုလ်ချုပ်ကစလို့… Read More »

ဂျင်နီ့ဘဝရုပ်ပုံလွှာ(သိန်းထွန်းနိုင်)

ဂျင်နီ့ဘဝရုပ်ပုံလွှာ (သိန်းထွန်းနိုင်) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —— မာ့က်စ်နဲ့ဂျင်နီလက်ထပ်တော့ မာ့က်စ်အသက်ကအစိတ် ဂျင်းနီက ၂၉ နှစ်။ ဂျင်နီက ပဒေသရာဇ်မိသားစုမှာ မွေးဖွားလာတဲ့သူ။ မာ့က်စ်လို ရက်ဒီကယ်ဂျူးတယောက်ကို လက်ထပ်တယ်ဆိုတာ သူတို့ထုံးတမ်းစဉ်လာကို ဆန့်ကျင်ပြီး လုပ်ရတာပါ။ ဒါကြောင့် နှစ်ဘက်မိဘတွေသဘောတူကြည်ဖြူပေမယ့် တိုးတိုးတိတ်တိတ် စေ့စပ်ကြတယ်။ မာ့က်စ်ရဲ့ဖခင်နဲ့ ဂျင်နီရဲ့ဖခင်တွေက တမြို့တည်းသား မိတ်ဆွေတွေ။ ဂျင်နီ့ဖခင်က ပြင်သစ် လစ်ဘရယ်ဝါဒနဲ့ဆိုရှယ်လစ်ဝါဒကို အင်မတန်သဘောကျတယ်။ သမီးဖြစ်သူ ဂျင်နီကလည်း သူစိတ်ဝင်စားတဲ့ ပြင်သစ်ဆိုရှယ်လစ်ဝါဒနဲ့ ဂျာမန်ရိုမန်းတစ် စာပေအနုပညာလှုပ်ရှားမှုကိုသာ လေ့လာလိုက်စားတယ်။ ငယ်စဉ်ကတည်းက ကျားမတန်းတူရေးအမြင်တွေလည်းရှိတယ်။      သူတို့နှစ်ယောက် လက်ထပ်တဲ့အခါ အဖေတွေ မရှိကြတော့ဘူး။ ဆွေမျိုးသားချင်းတွေ ဖေးမတဲ့အကူအညီ နည်းနည်းပါးပါးကလွဲလို့ ကိုယ့်ဒူးကိုယ့်ချွန် ရုန်းကန်ရတယ်။ လက်ထပ်ပြီးနောက် ဇနီးမောင်နှံနှစ်ယောက် ပါရီကိုသွားကြတယ်။ ရက်ဒီကယ်တွေနဲ့ဝိုင်းဖွဲ့မိတယ်။ မာ့က်စ်နဲ့အိန်ဂယ် တသက်တာ ရဲဘော်ရဲဘက်တွေအဖြစ် စပြီးလက်တွဲမိတာ အဲဒီကာလမှာပါ။ ပြင်သစ်အာဏာပိုင်တွေက မာ့က်စ်တို့မိသားစုကို ပါရီကနေ နှင်ထုတ်တယ်။ ဂျင်နီလည်း အိမ်ထောင် ပရိဘောဂတွေ အကုန်ရောင်းချပစ်ရတယ်။ ဒါတောင် အိမ်ငှားခ… Read More »

အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ)

အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၂၀ သြဂုတ် ၅ နေ့စွဲနဲ့ သတင်းတပုဒ်ဖတ်ရတယ်။ လှိုင်သာယာမြို့နယ်ရှိ Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၉၇ဦးအား ခံဝန်ဝရမ်းထုတ်ပြီး ရုံးချိန်းထပ်မံပျက်ကွက်ပါက ဒဏ်ငွေသိန်း၅၀ ဆောင်ရမည်ဖြစ်ကြောင်း တရားသူကြီးက ပြောလိုက်တယ်လို့ဆိုတယ်။ မလာရင်ခွင့်မဲ့ဝရမ်းထုတ်မယ်။ တရားခံပြေး အဖြစ်ကြေညာမယ်။ ရဲကိုလွှတ်လိုက်ပြီး ရှာမယ်။ ဘယ်နေရာဘယ်အချိန်ဖြစ်ဖြစ် တွေ့တဲ့နေရာဖမ်းမယ်လို့ ဆိုတယ်။ ဖြစ်စဉ်မှာ ဆန္ဒပြသပိတ်စခန်းဖွင့်တောင်းဆိုမှုကြောင့် အလုပ်သမား ၉၇ ဦးအား လှိုင်သာယာမြို့နယ် အလဆဦးစီးမှုးဦးသိန်းမင်းထွန်းက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၆(ဃ) ၄၇ဖြင့် မတ်လ ၁၃ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့တာ ဖြစ်တယ်။ အမှုကကြာပြီ။ ရုံးချိန်း ၄ ကြိမ်ရှိပြီ။ ကိုဗစ်၁၉ နဲ့ သင်္ကြန်မတိုင်မီ ကတည်းကဖြစ်ပြီး ၅လကြာနေပြီဖြစ်တယ်။ ဒီကြားထဲ အလုပ်သမတွေ လူစုကွဲ ဖရိုဖရဲဖြစ်၊ တချို့ရွာပြန် တချို့ရရာအလုပ်ရှာလုပ်၊ လက်လှုပ်မှပါးစပ်လှုပ်ရသူတွေ၊ ဘယ်သူက ကျွေးထားလို့လဲ။ တရားသူကြီးက ပြောလိုက်ပုံက နင်တို့က တရားခံတွေဖြစ်နေပြီတဲ့။… Read More »

ကိုဗစ်လွန် ပုံမှန်အနေအထားသစ်(ညီဌေးကျော်)

ကိုဗစ်လွန် ပုံမှန်အနေအထားသစ် (ညီဌေးကျော်) ဩဂုတ်လလယ်မှာစတင်လာတဲ့ COVID-19 ဒုတိယလှိုင်းဟာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ရန်ကုန်ကို ဗဟိုပြုပြီး အကြီးအကျယ်ပျံ့နှံ့နေပါပြီ။ (၁၆−၁၀−၂၀၂၀ ည ၈ နာရီသတင်းအရ စုစုပေါင်းအတည်ပြုလူနာ ၃၃၄၈၈ ဦး၊ သေဆုံး ၇၉၉ ဦး ရှိပြီဖြစ်ပါတယ်)။ ဘယ်လောက်ထိ တိုးဦးမလဲ၊ ဘယ်တောါ့ထိန်းချုပ်နိုင်မလဲက ရေရေရာရာမရှိပါဘူး။ သာမန်လူထုသာမက ဆေးဝန်ထမ်းတွေ ဘုန်းကြီးတွေ သီလရှင်တွေ စစ်သားရဲသားတွေ ဝန်ထမ်းနဲ့အလုပ်သမားတွအထိ ပျံ့နှံ့နေပါပြီ။ ကျောင်းတွေပိတ်ထားလို့ တော်တော့တယ်။ (ရွေးကောက်ပွဲက ကိုဗစ်နဲ့တန်းတူမက ပိုအရေးကြီးတာကြောင့်) လူစုလူဝေးနဲ့ ဟေးလားဝါးလား မဲဆွယ်ပွဲတွေတော့ခွင့်ပြုထားပါတယ်။      ကုလသမဂ္ဂကော ပြည်သူတရပ်လုံးကပါ ရခိုင်စစ်ပွဲရပ်ဖို့ ကိုဗစ်ကိုထိထိရောက်ရောက် တညီတညွတ်တည်းတိုက်ဖို့ တိုက်တွန်း ပြောကြားကြသော်လည်း ၂၀၀၈အောက်က စစ်ခရိုနီ+ လစ်ဘရယ် ရင်ကြားစေ့အစိုးရက မလုပ်ဘူး။ ရခိုင်ကတဆင့် ရန်ကုန်ကို ပြန့်လာတဲ့ ကိုဗစ်ဒုတိယလှိုင်းရဲ့ ကူးစက်မှုနှုန်းနဲ့သေဆုံးမှုနှုန်း ဂရပ်မျဉ်းက ထောင်တက်နေပါတယ်။ ကိုဗစ်တိုက်ဖျက်ရေးဗဟိုဥက္ကဋ္ဌ အတိုင်ပင်ခံပုဂ္ဂိုလ်က အကောင်းမြင်မျှော်လင့်ချက် ရုပ်သံမိန့်ခွန်းတွေ ဘယ်လောက်ပဲချွေနေနေ ဗမာပြည်ရဲ့ ချည့်နဲ့နေတဲ့ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်စွမ်းအားစုတွေ ခြေကုန်လက်ပန်း ကျလာနေပါပြီ။ ရန်ကုန် နောက်ဆုံးတိုက်ပွဲလည်း (၆ ပတ်ကျော်ပြီ) မထိန်းချုပ်နိုင်သေးကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကိုယ်တိုင် ထုတ်ဖော် ပြောခဲ့ကြတာ… Read More »