မော်ရှေ့ ဆောင်လမ်းပြခဲ့တဲ့ လမ်းအတိုင်း ချီတက်ခြင်းဟာ
အကောင်းဆုံး ဂုဏ်ပြုလက်ဆောင်ပေးခြင်းပဲ ဖြစ်တယ် မော်ရှေ့ ဆောင်လမ်းပြခဲ့တဲ့ လမ်းအတိုင်း ချီတက်ခြင်းဟာ အကောင်းဆုံး ဂုဏ်ပြုလက်ဆောင်ပေးခြင်းပဲ ဖြစ်တယ် မြစမ်းအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်သူခေါင်းဆောင်ကြီး ဥက္ကဋ္ဌမော်ရဲ့ ၁၃၀ နှစ်မြောက် မွေးနေ့အခါသမယကို တရုတ်ပြည်ကွန်မြူနစ်ပါတီ တရုတ်ဒေသန္တရအစိုးရများနဲ့တရုတ်ပြည်သူများဟာ နိုင်ငံတဝန်း အထိမ်းအမှတ်ပြု ဂုဏ်ပြုကျင်းပကြပါတယ်။ ပေကျင်း ရှန်ဟဲ နဲ့ မော်စီတုန်းရဲ့ မွေးရပ်ဇာတိ တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ် ရှောက်စန်း Shaoshan မြို့ နဲ့တကွ၊ တရုတ်ပြည်အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျင်ကန်းစန်းလို၊ တရုတ်ပြည်အနောက်မြောက် ရှန်းရှီးပြည်နယ် ယင်အန်းလို အလေးအမြတ်ထားရာ ဒေသများတွင်၊ အဆင့်မြင့်အရာရှိများနဲ့ အကျိုးဆောင်များမှ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခြင်းဖြင့်၊ တရုတ်ပြည်တင်မက ကမ္ဘာမှာပါ ဘက်စုံလှုပ်ရှားထကြွလာစေခဲ့တဲ့ မော်စီတုန်းအတွေးအခေါ် စိတ်ဓာတ်နဲ့ သမိုင်းမော်ကွန်းကို ဂုဏ်ပြု အထိမ်းအမှတ်ပြုကြပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ရဲဘော်မော်စီတုန်း အနှစ် ၁၃၀ မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားတရပ်ကို အင်္ဂါနေ့ (၂၆ ဒီဇင်ဘာ) မှာ ပြုလုပ်ခဲ့ပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ သမ္မတနဲ့၊… Read More »