၅၅ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့ အထိမ်းအမှတ် အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ မှ ရဲဘော်အောင်ငြိမ်း (ကျွန်းပြန်ရဲဘော်) ရဲ့ ဂုဏ်ပြုအမှာစကား

By | July 31, 2026

ဇူလိုင် ၃၁ ရက်နေ့ဟာ “ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့” ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅ နှစ်က ကိုကိုးကျွန်း အကျဉ်းစခန်းမှာ အာဇာနည် ၈ ဦး ပြည်သူအတွက် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွားခဲ့ကြတယ်။

ဗိုလ်နေဝင်းလက်ထက် ကိုကိုးကျွန်းကို အပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းက ၂၂၃ ယောက် ဖြစ်ပါတယ်။ ခု ဘယ်လောက်ကျန်သေးလဲ ….. အတိအကျတော့ ကျွန်တော် မသိပါ။ ၂၀ ထက် မပိုတော့ဘူးလို့ ခန့်မှန်းမိတယ်။

ဒီမှာတော့ ရဲဘော်ဖိုးသံချောင်းနဲ့ ကျွန်တော် နှစ်ယောက်ပဲ ကျန်ပါတယ်။

ကျွန်တော်တို့အနေနဲ့ တိုက်ပွဲဝင်ကျွန်းပြန်တွေအဖြစ် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လက်နက်ကိုင်တိုက်ပွဲမှာ ဆက်ပါဝင်ခွင့်ရနေလို့ ဆက်လက်တော်လှန်တိုက်ပွဲဝင်နေရတာအပေါ် ကိုယ့်ဘဝကိုယ် ကျေနပ်မိပါတယ်။

စစ်အာဏာရှင်စနစ်ကို တိုက်တဲ့ တိုက်ပွဲထဲမှာ ဆက်ပါဝင်နေကြတဲ့ ရဲဘော်တွေနဲ့ တိုက်ဖော်တိုက်ဖက်တွေကိုလည်း ဂုဏ်ပြုလိုက်ပါတယ်။ ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများရဲ့ တော်လှန်ရေးသူရဲကောင်းဝါဒစိတ်ဓာတ် အဓွန့်ရှည်ပါစေ။

အလေးနီဖြင့်

ရဲဘော်အောင်ငြိမ်း(မြင်းခြံ)

Leave a Reply

Your email address will not be published. Required fields are marked *