လူတယောက်ရဲ့ တဘဝ တနေရာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော်တုန်းက၊ ကျနော့်ရဲ့လက်ရှိအသက်ရဲ့ တဝက် သာသာ လောက်တုန်းကဗမာပြည်ကြီးရဲ့အနောက်တောင်ဘက် လူမနီးသူမနီး ငါးမန်းကြီးတွေနဲ့ လှိုင်းကြီးတွေသာ စိုးမိုးတဲ့နေရာ လူလုပ်လှောင်ချိုင့်တွေထဲရောက်သွားပြီး ညလည်းရောက်ကရော ပင်လယ်ရေနဲ့ ခြေဆေးတဲ့ဘဝကို ရောက်သွားတယ်။
ဒီလိုနဲ့ နောက်တနေ့ကစပြီး ဗမာပြည်သမိုင်းမှာ တခါမှ မကြားဖူးတဲ့ ထောင်ဇာတ်လမ်း၊ထောင်အတွေ့….ဒီနောက်မှာတော့ ဗမာပြည်သမိုင်းမှာ ဘယ်တုန်းကမှ မကြားဖူး တဲ့တိုက်ပွဲမျိုးတွေ၊ မဟာမိတ်ဖွဲ့မှုတွေ၊ ရယ်မောသံတွေကို အဲဒီအဆောင် တွေထဲမှာတွေ့ရ၊ တိုးတိုးရော ကျယ်ကျယ်ပါ ကြားကြရပါတော့တယ်။
ဒီလိုနဲ့ဒီကျွန်းပေါ်မှာ ဗမာပြည်သမိုင်းတစ်လျှောက်တခါမှ၊ ဘယ်နေ ရာမှာမှ မကြားဖူး၊ မတွေ့ဖူးတဲ့ ထောင်တွင်းတိုက်ပွဲတွေ၊ လူတယောက် သေတိုင်း သွားလေသူသူတို့ရဲ့ရဲဘော်အတွက် သီချင်းသံပြိုင် အော်ဆိုကြတာတွေ မြင်ရ၊ ကြားရပါတော့တယ်၊၊ အလောင်း ၈ လောင်း အကြားမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ လူ၂၀၀ကျော်၊ အကုန်လုံးမကြားဖူး မကြုံဖူးတာတွေချည့်ဖြစ်နေလို့ ကိုယ့်ဘဝနဲ့အသိတွေ တဆစ်ချိုးပြောင်းသွားတဲ့နေရာလို့ပဲ မှတ်တမ်းထိုးလိုက်ပါတော့တယ်။
ဖိုးသံ (လူထု)
၃၁-၇-၂၀၂၆
