ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇) နှစ်ပြည့် အထိမ်းအမှတ် ရုပ်သံမှတ်တမ်း

By | August 15, 2026

၁၉၃၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ က ရန်ကုန်မြို့မှာ စတင် ဖွဲ့စည်းထူထောင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၂၀၂၆ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့မှာ ၈၇ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ စတင်ထူထောင်ခဲ့ချိန်ကနေစလို့ ယနေ့အချိန်အထိ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး ခရီးရှည်ကြီးကို ချီတက်ပြီး တော်လှန်ရေး မိုးသက်လေပြင်းတွေကြား ဖြတ်သန်းနေဆဲ ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဆက်ဆက်နဲ့ ပါတီဝင်တွေဟာလည်း သူတို့ရဲ့ အသွေး၊ အသားနဲ့ အသက်ကို အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် တွန့်ဆုတ်မှု တချက်မရှိ ပေးဆပ်ခဲ့ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၇ နှစ်ကြာ အနိမ့်အမြင့် အတက်အကျတွေနဲ့ သေလောက်တဲ့ ဒဏ်ရာတွေကြား ပြန်ရုန်းထ အသက်ဝင်လာတဲ့ ပြည်သူ့ဒီိမိုကရေစီတော်လှန်ရေး ခရီးကြမ်းကို​ ယခု ရုပ်သံမှတ်တမ်းတိုမှာ မြင်တွေ့ရမှာပါ။

“ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး မုချအောင်ရမည်”

Leave a Reply

Your email address will not be published. Required fields are marked *