ဆရာ သန်းထိုက်အောင် ပြုစုထားတဲ့၂၁- စာစဉ်အညွှန်း
ဆရာ သန်းထိုက်အောင် ပြုစုထားတဲ့ ၂၁- စာစဉ်အညွှန်း (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ် ၂၁ – စာစည်အညွှန်းစာတမ်းရဲ့ နိဒါန်းနဲ့ ၂၁-စာစဉ် နောက်ခံသမိုင်းအကျဉ်း ဖြစ်ပါတယ်။ ၂၁- စာစဉ်အညွှန်း စာတမ်းအပြည့်အစုံကိုတော့ ပါတီဝဘ်ဆိုက်မှာ တင်ပြမှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) ၁။ နိဒါန်း ဗမာပြည်ကွန်မြူနစ်ပါတီက ထုတ်ဝေခဲ့တဲ့၊ ထုတ်ဝေနေဆဲ စာစောင်ဂျာနယ် သုံးခုရှိပါတယ်။ ပြည်သူ့အာဏာဂျာနယ်၊ အရေးတော်ပုံဂျာနယ်နဲ့ ၂၁- စာစဉ်တို့ ဖြစ်ပါတယ်။ ပြည်သူ့အာဏာနဲ့ အရေးတော်ပုံဂျာနယ်တို့ကတော့ ထုတ်ဝေနေဆဲဂျာနယ်တွေ ဖြစ်ပါတယ်။ ၂၁- စာစဉ်ကတော့ ၂၀၁၀ ခုနှစ်ကတည်းက ထုတ်ဝေမှု မရှိတော့ပါ။ ဂျာနယ်သုံးခုစလုံးဟာ သူ့ဟန်သူ့သဏ္ဌာန်နဲ့ ရပ်တည်နိုင်ကြပါတယ်။ ပြည်သူ့အာဏာဂျာနယ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏အာဘော်နဲ့အညီ မူဝါဒခိုင်ခိုင်မာမာ ရင့်ကျက်ပြည့်ဝတဲ့ဟန်နဲ့ ဣန္ဒြေရှိရှိရပ်တည်နေပါတယ်။ အရေးတော်ပုံဂျာနယ်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ၏ကြွေးကြော်သံဆိုတဲ့အတိုင်း လှုပ်ရှားရုန်းကန်တော်လှန်တဲ့အသွင် ဆောင်ပါတယ်။ ၂၁- စာစဉ်ကတော့ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်မယ့် အသိပညာဖြန့်ဖြူးပေးတဲ့ ပညာရပ်ဆိုင်ရာစာစောင်တခုနဲ့ အလားသဏ္ဌာန်တူပါတယ်။ ဂျာနယ်တစောင်ချင်းစီအလိုက် ထုတ်ဝေထားတဲ့စာစောင်စာအုပ်တွေ များလာတာနဲ့အမျှ… Read More »




