လူသတ်သမားကိုသူရဲကောင်းလုပ်နေကြတယ်
လူသတ်သမားကို သူရဲကောင်းလုပ်နေကြတယ် အစ္စရေးလ်မှာ ရှာရွန်ရောဂါအသဲအသန်ဖြစ်ပြီး နိုင်ငံရေးလောကကို ပြန်မ၀င်နိုင်တော့တာ သေချာသွားပြီဆိုတော့ အဲဒီ တိုင်းပြည်က နိုင်ငံရေးလောကတခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ တလောတုန်းကမှ သူတည်ထောင်ခဲ့တဲ့ ကာဒီမာ (Kadima Party) မှာ မေးခွန်းထုတ်စရာတွေ အများကြီးပေါ်ထွက်လာလို့ ဖြစ်ပါတယ်။ ဒီနိုင်ငံ၊ ဒီပါတီ၊ ဒီလူ့အဖွဲ့အစည်းဟာ ကွဲပြားနေတာတွေ များလွန်းလို့ လူတယောက်ထဲက အထက်ကနေပြီး အားလုံးကို ထိန်းညှိထားနိုင်တဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ သူမရှိတော့ရင် အထက်ကနေ ထိန်းထားမယ့်လူ မရှိတော့တဲ့အနေအထားလည်း ဖြစ်ပါတယ်။ မာ့က်စ်ပြောတဲ့ “လူတန်းစားတိုက်ပွဲဟာ သာမန်အရည်သွေးမျှသာရှိတဲ့ ကြောင်တောင်တောင် လူတယောက်ကို သူရဲကောင်းအခန်း ရောက်သွားစေတဲ့ အခြေအနေတွေ ဖန်တီးတတ်တယ်”လို့ ဆယ့်ရှစ်နှစ်မြောက် ဘရူးမဲ၁ဆိုတဲ့စာအုပ်ထဲက စကားကို သတိရစရာပါပဲ။ တကယ်တော့သူဟာ စစ်တရားခံတယောက်ပါ။ သူ့ရဲ့စစ်တပ်တွင်း ဖြတ်သန်းမှုနဲ့ နိုင်ငံရေးလောကအတွင်းဖြတ်သန်း မှုတွေတလျှောက်မှာ သူဟာ အစ္စရေးလ်နဲ့ပါလက်စတိုင်း ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ် တုန်းက သူ့ရဲ့၁၀၁တပ်ဖွဲ့ဟာ ကီဘီယာဆိုတဲ့ရွာလေးတရွာမှာ ပါလက်စတိုင်း ၆၀ ကို လူမျိုးရေးအရ သုတ်သင်ခဲ့ပါတယ်။… Read More »




