ဒီမိုကရေစီနဲ့အစိုးရ
နိုင်ငံတနိုင်ငံ၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုမှာ ဒီမိုကရေစီဘယ်လောက် ခံစားခွင့်ရှိရမယ်ဆိုတာကို ဘယ်သူက ပြဋ္ဌာန်းသလဲ။ ဘယ်သူက ဆုံးဖြတ်တာလဲ။ ပြည်သူတွေဟာ ကိုယ်နဲ့တန်တဲ့အစိုးရ၊ ကိုယ်နဲ့တန်တဲ့စနစ်သာ ရကြတယ်ဆိုတဲ့ ပြည်ပက ပြောဆိုတာတွေကို ဗမာပြည် နိုင်ငံရေးထဲ ဆွဲယူလာလို့ ပြောကြဆိုကြတာတွေ ဖြစ်ခဲ့ဖူးတယ်။ တချို့ကတော့လည်း “လူတွေဟာ ကိုယ်နဲ့တန်တဲ့ ဒီမိုကရေစီပဲရတယ်” လို့ ပြောကြပြန်တယ်။ ဒါကြောင့် ပြည်သူလူထုကို ဒီမိုကရေစီကို နားလည်အောင်၊ ဒီမိုကရေစီနဲ့ ထိုက်တန်အောင် နေတတ်ဖို့ သင်ပေးရတယ်လို့လည်း ပြောသူက ပြောပါတယ်။ ဒီလိုအောက်တန်းကျတဲ့၊ တာဝန်မဲ့တဲ့ စကားမျိုးကို အထူးချေပနေစရာမလိုပေမယ့် ဒီကိစ္စနဲ့ ဆက်နေတဲ့ အကြောင်းအရာတခုကိုတော့ ထောက်ပြလိုပါတယ်။ နိုင်ငံရေးမှာ နိုင်ငံတနိုင်ငံကို အရင်းရှင်နိုင်ငံ၊ ဆိုရှယ်လစ်နိုင်ငံ၊ ပဒေသရာဇ်နိုင်ငံ၊ ကိုလိုနီနိုင်ငံ စသဖြင့် ခေါ်ဆိုလေ့ရှိတာ လူတိုင်းအသိပါ။ ဒီလိုခေါ်ဆိုတာဟာ အဲဒီနိုင်ငံမှာ အဓိကကျင့်သုံးနေတဲ့ စီးပွားရေး/နိုင်ငံရေးစနစ်အရ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ ကောင်းပြီ- ဒီနေရာမှာ ကျင့်သုံးဆိုတဲ့စကား ပါလာပါတယ်။ ဒါဖြင့် အဲဒီစနစ်ကို ဘယ်သူက ကျင့်သုံးတာလဲ။ ဘယ်သူက ချမှတ်တာလဲ။ ပြည်သူလူထုမှာ… Read More »




