ဗမာပြည်အလုပ်သမားထုနှင့်အတူ မေဒေးကို ဂုဏ်ပြုခြင်း
လွတ်လပ်ရေးရပြီး ၆၈ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နိုင်ငံ၊ ၅၄ နှစ်ကြာ စစ်ဗျူရိုကရက် အာဏာရှင်စနစ်အောက် ကျရောက်နေတဲ့နိုင်ငံ၊ ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တပိုင်းစီးပွားရေးထဲမှ ရုန်းမထွက်နိုင်သေးတဲ့ နိုင်ငံဟာ ယခုအခါ လူးလွန့်လှုပ်ရှား နိုးထလာမှုနှင့်အတူ ကမ္ဘာက အာရုံစိုက်မှုကို ရရှိလာတယ်။ ဈေးကွက်အသစ်ကလေးဖြစ်လို့၊ နိုဘယ်လ်ဆုရှင်ဦးဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ ပေါ်ပေါက်လာလို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဆိုတာထက် ပထဝီနိုင်ငံရေး ပထဝီစီးပွားရေးအရ စိတ်ဝင်စားကြတာက အဓိကကျပါတယ်။ ခေတ်က ဘဏ္ဍာအရင်း ကမ္ဘာဖြန့်ကြက်နေတဲ့ ကမ္ဘာမှုခေတ်ဖြစ်တယ်။ ထုတ်လုပ်ရေး ကိရိယာသစ်တွေ ဆန်းသစ်လာတဲ့ နည်းပညာခေတ် ဖြစ်တယ်။ အရင်းရှင်စီးပွားရေးကပ် နာတာရှည်ဖြစ်ကာ ဆင်းရဲချမ်းသာ ကွာဟမှု နက်ရှုင်းလာတဲ့ ခေတ်ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး စည်းစနစ်ဟောင်းတို့ ဖရိုဖရဲဖြစ်ကာ ဧကဝန်ရိုးကမ္ဘာလည်းမဟုတ် ဗဟုဝန်ရိုးကမ္ဘာလည်း မပီပြင်သေးတဲ့ တောင်မရောက် မြောက်မရောက်ကမ္ဘာကြီး ဖြစ်နေတယ်။ အရင်းရှင်စနစ်ရဲ့ ထုတ်လုပ်ရေးမင်းမဲ့လက္ခဏာဆောင်မှုနဲ့ ဖြစ်ပေါ်တိုးတက်မှုမညီညာမှုတို့နှင့်အတူ နိုင်ငံကြီးများဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကို တဖက်က ကျင့်သုံးရင်း စီးပွားရေးကပ်ဒဏ်ကို ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများပေါ် ပုံချနေကြတယ်။ ဘာသာရေး၊ လူမျိုးရေး… Read More »




