အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၅)
aydb2-5
aydb2-5
တပ်တွင်းပုန်ကန်မှုဖြစ်အောင် အားပေးသွေးဆောင်မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ တရားစွဲမယ်ဆိုတဲ့ စစ်တပ်က “ဆဲဗင်းဒေး” အပေါ်ကျေအေးလိုက်ပြီဆိုတဲ့သတင်း ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ဇွန်လ ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဆဲဗင်းဒေးသတင်းစာက အဲဒီသတင်းဖော်ပြခဲ့တဲ့အတွက် ဖြေရှင်း ချက်နဲ့ နောက်နောင်မှာ တပ်မတော်နဲ့ပတ်သက်တဲ့သတင်းတွေဖော်ပြရင်သတိထားမယ့်အကြောင်းနဲ့ တောင်းပန်ကြောင်းပါလာခဲ့တယ်။ ဒီတော့ မြန်မာသတင်း မီဒီယာကောင်စီ (MMC) ကကြားဝင်ညှိနှိုင်းပေးလိုက်လို့ “ကျေအေးလိုက်တယ်” ဆိုတာ မဟုတ်ဘူး။ “တောင်းပန်စာ” ထည့်ရတယ်ဆိုတဲ့သဘောက မီဒီယာက ရှိခိုးတောင်းပန်လို့ သူတို့ စစ်တပ်က သဘောထားကြီးစွာနဲ့ “ကျေအေးပေးလိုက်တယ်”ဆိုတဲ့ အချိုး၊ ချိုးတာပါ။ သူတို့လိုချင်တာကို စစ်တပ်က ရအောင်ယူသွားတာသာဖြစ်တယ်။ ဆဲဗင်းဒေးကို လုပ်တဲ့ နည်းက (ခေါင်းတက်နင်းပြီး တောင်းပန်ခိုင်းတဲ့နည်း) စစ်တပ်က“ကလေးစစ်သား”တွေ ပြန်လွှတ်ပေးရတဲ့အခါ၊ အဓမ္မသိမ်းထားတဲ့ လယ်ယာမြေတွေကို မတတ်သာလို့ပြန်ပေးရတဲ့အခါမှာ သုံးတဲ့နည်းဖြစ်တယ်။ သိမ်းဆည်းလယ်ယာမြေတွေ “ပြန်လည်စွန့် လွှတ်ပေးတယ်” လို့ အထက်စီးနဲ့ သုံးလေ့ရှိတယ်။ တိုင်းရင်းသားတွေကို လက်နက်ချခိုင်းတာတောင်မှ လက်နက်ချတယ်လို့ မသုံးဘူး၊ လက်နက်စွန့်ပါလို့ပဲပြောတယ်ဆိုတဲ့ အတွေးအခေါ်အရ အညွန့်ချိုးတဲ့နည်းဖြစ်တယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို သဘောပေါက်လို့တော့ လုံးဝ… Read More »
လီနင်…ဗလာဒီမီယာလီနင် ၂ဝရာစု၏ ထင်ရှားကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်၊ ပစ္စည်းမဲ့တော်လှန်ရေး အတွေးအခေါ် ပညာရှင် ဗလာဒီမီယာလီနင်အကြောင်း လေ့လာမည်ဆိုလျှင် လေ့လာစရာ၊ သင်ယူစရာတွေက သမုဒ္ဒရာရေ မခန်းနိုင်သလို သင်၍မကုန် ယူ၍မခန်း ဖြစ်ချေမည်။ လူတိုင်းလူတိုင်း သာတူညီမျှရေးဆီ၊ ဘယ်လို နည်းနှင့်မျှ၊ ဘယ်လိုအကြောင်းကြောင့်နှင့်မျှ ဖိနှိပ်မှုမရှိသည့် လူ့ဘောင်ဆီရောက်အောင် လျှောက်လှမ်းနေသည့့် ကျွန်တော်တို့ဆိုသော ယနေ့ခေတ်လူများအတွက် လီနင်သည် စံပြပုဂ္ဂိုလ်တဦးဖြစ်သည်။ ဖတ်စာတအုပ်ဖြစ်သည်။ သင်ရိုးညွှန်းတမ်းတခု ဖြစ်သည်။ ပညာတတ်လူလတ်တန်းစားမိသားစုတွင် လီနင် မွေးဖွားကြီးးပြင်းခဲ့သည်။ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်၊ ရုရှား ဘာသာစကားများ တတ်ကျွမ်းသည့် ကျောင်းဆရာ သားသမီးများ ပီသစွာ လီနင်တို့ မောင်နှမများသည် ငယ်စဉ်ကပင် ဘာသာစကား ၄ မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင်သူတွေ ဖြစ်နေသည်။ လီနင်သည် ဂျာမန်ဘာသာ၊ ပြင်သစ်ဘာသာဖြင့် ရေးထားသော ကားလ်မာ့က်စ်နှင့် အိန်ဂယ်တို့၏ စာတွေကို ကောင်းကောင်း တူးဆွခံစားဖတ်ရှုနိုင်သည်။ ကားလ်မာ့က်စ် ဂျာမန်လို ရေးထားသော The Poverty of… Read More »
If there is anything inherent, organic and visceral in the human condition it has to be the right to make a living, to fight against social and economic inequities and injustice they face in doing so. This is what we are witnessing in Burma since people as never before have the chance now to air their grievances. Poor pay and unsafe working conditions or joblessness in towns and cities, farmers… Read More »
ဗမာပြည်နိုင်ငံရေးသမိုင်းမှာ “အရိုးတွန်” စရာကိစ္စတွေများပြားလှပါတယ်။ (Twilight Over Burma) ရုပ်ရှင်ကတော့ များပြားလှတဲ့ အရိုးတွန်စရာကိစ္စတွေထဲက တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ သီပေါစော်ဘွားစဝ်ကြာဆိုင်ကို လက်စဖျောက်ခဲ့ကြတဲ့ လက်သည်တရားခံဟာ ဗိုလ်နေဝင်းနဲ့ စစ်အုပ်စုပါပဲ။ ထိုစဉ်က သီပေါ စော်ဘွားဟာ ဗိုလ်နေဝင်းရဲ့အမုန်းဆုံးလူများစာရင်းမှာ ရှေ့တန်းကပါခဲ့ပုံပါပဲ။ ဗိုလ်နေဝင်းရဲ့အမုန်းဆိုတာက စိတ်ရောဂါတမျိုးပဲလို့ ထင်ပါတယ်။ ဗိုလ်နေဝင်းဟာ သူ့ ထက်သာတာကို မနာလို၊ မရှုဆိမ့်နိုင်တာမျိုးပါ။ သီပေါစော်ဘွားက အခြားစော်ဘွားတွေနဲ့ မတူဘဲ ခေတ်ပညာတတ်ဖြစ်သလို ရှမ်းပြည်ကိုလည်း ခေတ်နဲ့အမီ ရင်ဘောင်တန်း စေချင်သူတဦးလည်း ဖြစ်ပါတယ်။ ဒီအချက်တွေကို ဗိုလ်နေဝင်း မနာလိုပါဘူး၊ မရှုဆိတ်နိုင်ပါဘူး။ အဲဒီလို ဗိုလ်နေဝင်းရဲ့ ရူးသွပ်မိုက်မဲတဲ့ အမုန်းနဲ့အငြိုးအတေး၊ အာဃာတအောက်မှာ သီပေါစော်ဘွား ရေတိမ်နစ်ခဲ့ရတာပါ။ ဗိုလ်နေဝင်းနဲ့စစ်အုပ်စုဟာ သီပေါစော်ဘွားကို သတ်ဖြတ်တဲ့ ရာဇဝတ်မှုတင် မကပါဘူး။ အလောင်းဖျောက်ဖျက်တဲ့ ရာဇဝတ်မှုကို တပါတည်းကျူးလွန်ခဲ့ကြတာပါ။ ဒီကနေ့အထိ ဘယ်လို ဖြေရှင်းချက်မျိုးမှ မပေးခဲ့ကြပါဘူး။ (SNLD) ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးဟာ သီပေါစော်ဘွားနဲ့ တူအရီး တော်စပ်တယ်လို့ ကြားဖူးပါတယ်။ အခုတော့ (Twilight… Read More »
bakathabakapa
အလုပ်သမားသပိတ်ကို ဖြိုခွဲနှိမ်နင်းမှု အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းမှုများ အလုပ်သမားများသည် စစ်ကိုင်းစက်ရုံရှေ့တွင် ရက်ပေါင်း ၆၀ ကြာ သပိတ်မှောက်ခဲ့ကြသည်။ ဆင်းရဲ ဒုက္ခအမျိုးမျိုးနှင့် တွေ့ခဲ့ကြရသည်။ မီးဖွားကာစ ကလေးများ သေဆုံးခဲ့ရသည်။ မိုးသီးဒဏ်ကြောင့် မိန်းကလေးတယောက် ဆေးရုံပို့ခဲ့ရသည်။ သို့သော် အလုပ်သမားများ၏ ဒုက္ခကို မည်သူမျှ အရေးလုပ်ဖြေရှင်းပေးခြင်း မရှိခဲ့။ ထို့ကြောင့် အခြားရွေးစရာမရှိတော့သော အလုပ်သမားများသည် ဧပြီလကုန်ပိုင်းတွင် နေပြည်တော်သို့ ကားဖြင့် ထွက်ခွာခဲ့ကြသည်။ ဝမ်းတွင်းမြို့အရောက် မြတ်ညီနောင် ဘုရားအနီးတွင် အာဏာပိုင်တို့က တားဆီးခဲ့ကြသည်။ ထိုနေ့သည် ဧပြီလ ၂၆ ရက်နေ့ ဖြစ်သည်။ မြတ်ညီနောင် ဘုရားဝင်းအတွင်းတွင် ဝင်ရောက်ဆွေးနွေးခဲ့ကြရာ အာဏာပိုင်တို့က နှစ်ရက်အတွင်း ပြဿနာ ပြေလည်အောင် ဖြေရှင်းပေးပါမည်။ ဧပြီ ၂၇၊ ဧပြီ ၂၈ နှစ်ရက်စောင့်ဆိုင်းပါဟုပြောပြီး အလုပ်သမားများကို နောက်ပြန်ဆုတ်ခိုင်းခဲ့သည်။ စစ်ကိုင်း အလုပ်သမားများ အလွန်သဘောထားကြီးကြသည်။ ရက် ၆၀ ကာလတွင် မည်သူကမျှ အရေးမလုပ်ခဲ့သော် လည်း ယခု ၂ ရက်စောင့်ပါဆိုသောအခါ ညှိနှိုင်းချက်ကို… Read More »