အာဏာသိမ်းစစ်အုပ်စုရဲ့ ထွက်ပေါက်ရှာရေးအိပ်မက်ကို ရိုက်ချိုးတိုက်ဖျက်ပစ်ကြစို့။
ဥဩချို ရခိုင်ပြည်နယ်နေ့ကို အခွင့်ကောင်းယူပြီး မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်စွန့်ဖို့ ပြောလာတယ်။ ငါးဖယ်လန် ပြောင်းပြန်ပြောနည်းပဲ။ တိုက်တိုင်းရှုံး မအလ က ရခိုင်ပြည်နယ်မှာ အောင်ပွဲဆက်တိုက်ရနေတဲ့ အေအေကို လက်နက်ချဖို့ ပြောနေတာပဲ။ မိစ္ဆာတပ် စစ်အုပ်စုခေါင်းဆောင်တွေထဲမှာ မအလဟာ အညံ့ဆုံးလို့ ဆိုလောက်တဲ့ စစ်ခေါင်းဆောင်ပဲ။ သေသည်အထိ ဒါမျိုးပြောပြီး အသေထွက် ထွက်သွားမယ့်သူတွေပဲ လို့ ပထမတော့ ဒီအတိုင်း သာမန် တွေးမိတယ်။ ဒီနောက်တော့ သူ ဘာအားကိုးနဲ့ ဒီလို မဖြစ်နိုင်တဲ့တောင်းဆိုချက်နဲ့ အစချီတာလဲ လို့ စဉ်းစားမိပြန်တယ်။ သူက သူအားကိုးအားထားပြုဖို့ရာ သူ့ဘက်ပါနိုင်တဲ့ အင်အားကြီးနိုင်ငံတွေ ဆိုတဲ့ အမှီကို ရှာတာပဲ။ အဲဒီအားကိုးနဲ့ သူ ဒီလို စကားပြောထွက်လာတာလား။ နောက်တချက်ကတော့ သူ့ထွက်ပေါက် လမ်းစအပေါ်မှာ သူမျှော်လင့်ချက်ကြီးကြီးထားပြီး တော်လှန်ရေးအင်အားစုတွေကို လက်နက်စွန့်ဖို့ ပြောနေတာလား။ သူ့ထွက်ပေါက်ထဲမှာ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ပြီး ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် အသုံးချချင်တဲ့အချက်လည်း ပါတယ်။ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်အုပ်စုအုပ်စိုးမှုဟာ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့… Read More »