ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရ အမှတ်(၂) နဲ့ အင်တာဗျူး(စာသားဖြင့်)

လက်ရှိဗမာနိုင်ငံရေးအခြေအနေနှင့် ပတ်သတ်ပြီးတော့ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ် မေးမြန်းတဲ့အခါမှာ ခါတိုင်းဖြေနေကျ ရဲဘော်ဖိုးသံချောင်းအစား ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နံပါတ်(၂) ရဲဘော်မင်းနိုင်က ဖြေဆိုပေးထားပါတယ်။ TM Media – ဟုတ်ကဲ့ ရဲဘော်မင်းနိုင်ခင်ဗျ … ပထမဆုံးအနေနဲ့ မေးချင်တာကတော့ ရဲဘော်မင်းနိုင်အကြောင်းပါ။ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တွေက တော်တော်လျှို့ဝှက်ကြတယ်ဆိုတော့ ရဲဘော်မင်းနိုင်ကို သိသူနည်းပါလိမ့်မယ်။ ကျနော်လည်း သိချင်သလို အများပြည်သူတွေကလည်း ရဲဘော်မင်းနိုင်အကြောင်းကို သိချင်မှာပါ။ ဒီတော့ပြောနိုင်သလောက် ပြောပြပေးပါခင်ဗျ။ ရဲဘော်မင်းနိုင် ။ ။ ကျနော်က ၇၄/၇၅/၇၆ကျောင်းသားမျိုးဆက်ဟောင်းတယောက်ပါ။အဲဒီကာလမှာ အခြားကျောင်းသားတွေ လိုပဲကျနော်တို့ လည်း…
