Category သတင်း

စစ်တပ်က အာဏာသိမ်းမတဲ့လား (ညီဌေးကျော်)

စစ်တပ်က အာဏာသိမ်းမတဲ့လား (ညီဌေးကျော်) ၂၀၀၈ ခြေဥပေးထားချက်အောက်ကကျင်းပတဲ့ (၂၀၁၅၊ ၂၀၂၀) ရွေးကောက်ပွဲ ၂ ကြိမ်စလုံး ခွက်ခွက်လန်ရှုံးနိမ့်သွားတဲ့ စစ်အုပ်စုကိုယ်စားပြုကြံ့ဖွံ့ပါတီဟာ သူ့ရှေ့က ဗိုလ်နေဝင်းဆိုရှယ်လစ်ပါတီ(မဆလ)လိုပဲ နိုင်ငံရေးအမှိုက်ပုံးထဲရောက်သွားတော့မယ့် အခြေအခြေအနေပါ။ စစ်တပ်ကိုယ်စားလှယ် ၂၅% နဲ့ ကြံ့ဖွံ့အပေါင်းအပါများ ၂၆% ပေါင်းပြီး အစိုးရတရပ်ဖွဲ့ကာ သမ္မတလုပ်ဖို့ဆိုတဲ့ စိတ်ကူးအိပ်မက်ဟာလည်း ပူဖေါင်းပေါက်သလို ပေါက်ကွဲလွင့်ပြယ်သွားတဲ့နောက် ဗိုလ်မင်းအောင်လှိုင်တယောက် တနေ့တမျိုးဇာတ်ထုတ်တွေခင်းလာပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လို၊ မဲမသမာမှုတွေ တွေ့ရှိထား၊ ရခိုင်မှာ ရွေးကောက်ပွဲ ထပ်လုပ်ဖို့လို၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ဖို့လို၊ သမ္မတနဲ့ရွေးကော်ကို အရေးယူဖို့ တရားလွှတ်တော်ချုပ်မှာ…

အာဏာသိမ်းရင် လူမိုက်လမ်းဆုံးဖြစ်လိမ့်မယ်။ (ညိုစိန်ဝင်း)

အာဏာသိမ်းရင် လူမိုက်လမ်းဆုံးဖြစ်လိမ့်မယ်။ (ညိုစိန်ဝင်း) စစ်တပ်က အာဏာသိမ်းလိမ့်မယ်ဆိုတဲ့ သတင်းက ရွေးကောက်ပွဲအကြိုကာလကတည်းက ထွက်နေတဲ့သတင်းပါ။ အခု ရွေးကောက်ပွဲပြီးသွားလို့ အနိုင်ရပါတီက အစိုးရဖွဲ့ဖို့ ပြင်နေတဲ့ကာလအထိ ဒီလေသံ ဒီသတင်း ထွက်နေတုန်းပါပဲ။ ဒီတခါ ထူးခြားတာကတော့ ဒီချုပ်ပါတီဘက်ကပါ အာဏာသိမ်းချင်သူတွေအနေနဲ့ ဖြစ်လာမယ့်ရလဒ် အကျိုးဆက်ကို ထည့်စဉ်းစားပါလို့ တုံ့ပြန်တဲ့အထိ ဖြစ်လာရတာပါပဲ။ ဒီချုပ်အနေနဲ့က ဒီလောက်တုံ့ပြန်ဖို့ကိုတောင် အတော်အားယူကြိုးပမ်းရပုံပါ။ ရွေးကောက်ပွဲအကြိုကာ အာဏာသိမ်းလိမ့်မယ်ဆိုတဲ့သတင်းတွေထွက်လာကည်းက ကြိုတင်တွက်ဆရခဲ့တာတွေရှိပါတယ်။ စစ်အုပ်စုနဲ့ ကြံ့ဖွံ့ပါတီတို့ဘက်က ရွေးကောက်ပွဲကိုတော့ ဖျက်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲရလာဒ်က သူတို့မျှော်မှန်းသလို ဖြစ်မလာရင်တော့ ရွေးကောက်ပွဲကို မသမာဘူးဆိုပြီး သူတို့ကိုယ်တိုင်က…

တော်လှန်ရေး၏ လင်းယုန်နီနှင့်အတူ(သိန်းထွန်းနိုင်)

တော်လှန်ရေး၏ လင်းယုန်နီနှင့်အတူ သိန်းထွန်းနိုင် အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၅) မှာ ဖော်ပြမယ့် ဆောင်းပါး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ဟာ ကွန်မြူနစ်တော်လှန်ရေးသမား ရိုဇာလူဇင်ဘတ် ကျဆုံးတာ ၁၀၂ နှစ်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့ဟာ သူနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ ကားလ်လိဘနက် ကျဆုံးတဲ့နေလည်း ဖြစ်တယ်။ ကျဆုံးချိန်မှာ နှစ်ယောက်လုံး အသက် ၄၇ နှစ်သာ ရှိပါသေးတယ်။ လိဘနက်ထက် လအနည်းငယ်သာပိုကြီးတဲ့ ရိုဇာလူဇင်ဘတ်က ၁၉၀၁ ခုနှစ်မှာ လီနင်နဲ့စတွေ့ဖူးတယ်။ ၁၉၀၅ ခုနှစ်နဲ့၁၉၀၆ ခုနှစ် ရုရှားနဲ့အရှေ့ဥရောပ…

ဘာလဲဥပေဒနဲ့အညီ

(သတင်းနှင့်မှတ်ချက်) ဘာလဲဥပေဒနဲ့အညီ မောင်သန်းမြရွှေ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက (၈ ဇန္နဝါရီ ၂၀၂၁ သတင်းစာရှင်းလင်းပွဲမှာ) လစ်ဘရယ်ရင်ကြားစေ့အစိုးရ ကိုယ်စားပြုပြောသွားရာမှာ (နိုင်ငံရေးအကျဉ်းသမားဆိုတာ နိုင်ငံရေးခံယူချက်အရ ဥပဒေနဲ့အညီ ဆန္ဒပြလို့ ဖမ်းခံရသူ) လို့ အဓိပ္ပာယ်ဖွင့်ဆိုသွားတယ်။ ဒါဟာ (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ) ဆိုတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားပြီ။ ပြောင်းပြန်ဖြစ်သွားပြီ။ (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုတာကိုစွန့်လွှတ်ပြီး အမိန့်အာဏာ အဝန်းအဝိုင်းထဲ ရောက်သွားတာနဲ့ ယခုလို ပြောင်းပြန်ပြောဆိုချက်တွေ ပြောင်းပြန်လုပ်ရပ်တွေ တရစပ် ထွက်ပေါ်လာတော့တာပါပဲ။) အဓိပ္ပါယ်က စစ်တပိုင်းအစိုးရကို ၂၀၀၈…

ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ (လှကျော်ဇော)

ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။ ဆောင်းပါးအမှတ်( ၅၄)။ ဖေဖေနဲ့ရဲဘော်တင်ရီ။ အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —ဟာ –ဟာ -ခင်ဗျား ခင်ဗျား သခင်ဇင်နောက်ကပါလာတဲ့ ဝေါကပြည်သူ့စစ်ခေါင်းဆောင်မဟုတ်လား။—– ကျွန်မတို့မိသားစု ၁၉၇၆ ခုနှစ် ဇူလိုင်လ ဗမာပြည်ကွန်မြူနစ်ပါတီကိုရောက်လာပြီးနောက် ဖေဖေနဲ့ကျွန်မကို ရဲဘော်ထွန်းက ဥက္ကဋ္ဌသခင်ဗသိန်းတင်နဲ့တွေ့ဖို့ ခေါ်သွားပါတယ်။ အဲဒီကာလက ဥက္ကဋ္ဌဦးစီးတဲ့ ပါတီကိုယ်စားလှယ်အဖွဲ့နဲ့ ကေ-အိုင်-အေအဖွဲ့ ခေါင်းဆောင်ဦးဘရန်ဆိုင်းဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တပ်ပေါင်းစုဖွဲ့ရေးဆွေးနွေးနေတဲ့ကာလပါ။ အစည်းအဝေးရှိတဲ့နေ့တွေမှာဆိုရင် မနက်အစောစာ အားလုံးစားပြီးရင် ကျွန်မတို့သားအဖက ကိုယ့်အခန်းကိုယ်ပြန်လာပါတယ်။ ဖေဖေနဲ့(ဂျပန်ခေတ်ဘီဒီအေကာလကတည်းက) ရင်းနှီးတဲ့ မင်္ဂလာဒုံစစ်တက္ကသိုလ်ဆင်းတွေဖြစ်တဲ့ ရဲဘော်မျိုးမြင့်(ရဲဘော်အောင်-နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)နဲ့ဗိုလ်သန်းရွှေ(၇၅ ဗဟိုကော်မတီ) တို့နှစ်ယောက် တယောက်တလှည့် ကျွန်မတို့သားအဖအခန်းကိုလာပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ပါတီတွင်းအခြေအနေတွေကို မိတ်ဆက်ပေးပါတယ်။  တနေ့တော့ ဒီနေ့အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူးရဲဘော်တင်ရီ(နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)ရောက်မယ်လို့ကြားထားပါတယ်။ နေ့လည်ထမင်းစားခန်းမှာ အားလုံးဆုံတော့ ဥက္ကဋ္ဌက ရဲဘော်တင်ရီနဲ့မိတ်ဆက်ပေးချိန်မှာ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့အတိုင်း ဖေဖေကတအံ့တသြပြောလိုက်တာပါ။ ရဲဘော်တင်ရီကဘာမှပြန်မပြောဘဲ သူ့သင်္ကေတမချိုမချဉ်ပြုံးထေ့ထေ့နဲ့…

ကမ္ဘာ့ဗိုလ်နေရာဆက်ထိန်းဖို့ အစွမ်းကုန်လုပ်တော့မယ့် အမေရိကန်(နီအောင်ဝေ)

ကမ္ဘာ့ဗိုလ်နေရာဆက်ထိန်းဖို့ အစွမ်းကုန်လုပ်တော့မယ့် အမေရိကန် (နီအောင်ဝေ) ‘အမေရိကန် ပြန်လာပြီ ကမ္ဘာကို ဦးဆောင်ဖို့အဆင်သင့်ပဲ’ လို့ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ကြွေးကြော်လိုက်ပါတယ်။ အဖိနှိပ်ခံ အမေရိကန်ပြည်သူတွေနဲ့နိုင်ငံတကာ အဖိနှိပ်ခံများအတွက်တော့ ဂျိုးဘိုင်ဒင်ဟာ ငကန်းသေလို့ပေါ်လာတဲ့ ငစွေပါ။ ‘အမေရိက ပထမ’ဆိုသူ မရှိတဲ့အခါ ‘အမေရိကန်က ဗိုလ်လုပ်မယ်’ဆိုသူ ရောက်လာပါတယ်။ ဘိုင်ဒင်က အီရတ်နဲ့အာဖဂန်နစ္စတန် ကျူးကျော်စစ်တွေကို ထောက်ခံခဲ့တယ်။ စစ်သားဦးရေတိုးဖို့၊ စစ်အသုံးစရိတ်တိုးဖို့ထောက်ခံခဲ့တယ်။ ကလင်တန် အစိုးရလက်ထက်က ယူဂိုဆလားဗီးယားအရေးမှာလည်း အဓိကအခန်းက ပါခဲ့တယ်။ နှစ်သစ်မှာ အာဏာလွှဲယူမယ့် သူ့အစိုးရအဖွဲ့ကို ‘နယ်ချဲ့ဖောက်ပြန်ရေး ရောင်စုံ ညွန့်ပေါင်းအဖွဲ့’ လို့ ဆိုရှယ်လစ် သတင်းဝဘ်ဆိုက်တခုက နာမည်ပေးထားပါတယ်။ တကယ်ကတော့ ဒီအဖွဲ့ဟာ…