Category သတင်း

ကိုဗစ်၊ ရွေးကောက်ပွဲ၊ မင်းရဲသိင်္ခသူနဲ့ ဗိုလ်ချုပ်ရုပ်ရှင်(မြစမ်းအေး)

ကိုဗစ်၊ ရွေးကောက်ပွဲ၊ မင်းရဲသိင်္ခသူနဲ့ဗိုလ်ချုပ်ရုပ်ရှင် (မြစမ်းအေး) ဗိုလ်မင်းအောင်လှိုင်ရဲ့ ရေငုပ်သင်္ဘောပြပွဲသတင်းဖတ်ရတော့ ဗိုလ်နေဝင်းရဲ့(လွှတ်တော်)သင်္ဘော ရေချပွဲကို သွားသတိရမိတယ်။ ၁၉၇၄ မဆလ တပါတီရွေးကောက်ပွဲ အောင်ပွဲနဲ့အတူ ဆင်မလိုက်သင်္ဘောကျင်းမှာ ပြည်တွင်းဖြစ် (လွှတ်တော်)ဆိုတဲ့ သင်္ဘောကြီးတစင်း ရေချပွဲအကြောင်း မဆလသတင်းစာများရဲ့မျက်နှာဖုံးသတင်း ဖော်ပြလာတယ်။ ရယ်စရာကောင်းတာက အဲဒီ(လွှတ်တော်)သင်္ဘောဟာ အခွံချည်းဖြစ်ပြီး အင်ဂျင်မပါဘူး။ သမ္မတကြီးဦးနေဝင်း အလိုကျအောင် ဟန်ပြရေချပြီး နောက်နေ့မှာ ဒေါက်ပေါ်ပြန်ဆွဲတင်ထားရတာ ဖြစ်တယ်။ ယခုလည်း ၂၀၂၀ရွေးကောက်ပွဲအမီ ရေချပြတဲ့ မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောကို တပ်မတော် မှန်/ပြန်အဖွဲ့မှ ချီးမွမ်းခန်းဖွင့် ဋီကာချဲ့ ပြနေတယ်။ ၁၉၈၀မှာ…

နာဂစ်နဲ့ကိုဗစ်-၁၉(စောအယ်ထူး)

နာဂစ်နဲ့ကိုဗစ်-၁၉ (စောအယ်ထူး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ဗမာပြည်မှာ ပြည်သူလူထုတရပ်လုံး အမျိုးသားအကျိုးစီးပွားကိုဦးထိပ်ထားပြီးရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ခုနှစ်ကရေးဆွဲခဲ့တဲ့ အခြေခံဥပဒေပဲဖြစ်တယ်။ အဲ့ဒီတုန်းက လူမျိုးစုံပြည်သူတရပ်လုံး၊ တမျိုးသားလုံးဟာ လွတ်လပ်ရေးကိုပဲ အာရုံစိုက်သလို နိုင်ငံရေးအင်အားစုအားလုံးဟာလည်း လွတ်လပ်ရေးအတွက် ဦးတည်လုံးပမ်းကြတာပဲဖြစ်တယ်။ လွတ်လပ်တဲ့အမျိုးသားတရပ်ရဲ့အကျိုးအတွက် ရေးဆွဲခဲ့တဲ့အခြေခံဥပဒေဖြစ်တော့ ပြည်သူလူထုတရပ်လုံးအကျိုးရှိတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ အခြေခံဥပဒေမှာ ထပ်မံဖြည့်စွက် ပြင်ဆင်ချင်တဲ့ကိစ္စတွေအနည်းအပါးရှိတာကလွဲပြီး အခြေခံဥပဒေအကျပ်အတည်းမရှိပါ။  ဒါကြောင့် အဲ့ဒီအခြေခံဥပဒေအရရွေးကောက်ပွဲတွေဟာလည်း အကျပ်အတည်းမရှိပါ။ နိုင်ငံရေးအင်အားစုတွေရွေးကောက်ပွဲမှာ မသမာမှုတွေလုပ်ကြပေမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် အကျပ်အတည်းမဖြစ်စေခဲ့ပါ။ ပြည်သူလူထုက ကြိုက်တဲ့အင်အားစုကို မဲပေးနိုင်သလို မဲမပေးဘဲလည်း နေနိုင်ပါတယ်။ ၁၉၇၄ အခြေခံဥပဒေဟာ စစ်အုပ်စုကအာဏာသိမ်းတာကို တရားဝင်စေဖို့ရေးဆွဲတဲ့အခြေခံဥပဒေဖြစ်တယ်။ ဟန်ပြလူထုဆန္ဒခံယူပွဲတွေလုပ်ပြီး အခြေခံဥပဒေကို ရေးဆွဲခဲ့တာဖြစ်တယ်။…

အချိန်ရောက်လို့သာ လုပ်ရတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့တုံ့ပြန်မှု(ရဲဘော်ဖိုးသံချောင်း)

အချိန်ရောက်လို့သာ လုပ်ရတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့တုံ့ပြန်မှု (ရဲဘော်ဖိုးသံချောင်း) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး  ရွေးကောက်ပွဲနီးလာတယ်ဆိုတာနဲ့ ဒါနဲ့ပတ်သက်တဲ့ သဘောထားတွေအမျိုးမျိုး၊ တုံ့ပြန်မှုတွေအမျိုးမျိုး ပေါ်လာကြပါတယ်။  ဗမာပြည်ကရွေးကောက်ပွဲလို အာဏာရသူတွေအချင်းချင်း လူလဲ၊ နေရာပြောင်းဖို့အတွက် မျက်လှည့်ပြတဲ့ ရွေးကောက်ပွဲလိုဟာကျတော့ တုံံ့ပြန်မှုတွေဟာ ပိုလို့တောင်များပါတယ်။ ဗမာပြည်သူလူထုဆိုတာ မဟုတ်မခံ၊ သန်းကောင်ထက်ညည့်မနက်၊ မိုးကိုတက်ပြီး ဒူးနဲ့တိုက်မယ် စတဲ့ကြွေးကြော်သံတွေနဲ့ လူလုပ်ကြသူတွေဖြစ်တော့ မျက်လှည့်ပွဲကို အသာလေးထိုင်ကြည့် လက်ခုပ်တီးတာမျိုး မလုပ်ပါဘူး။ နည်းမျိုးစုံနဲ့ဆန့်ကျင်ကြတော့တာပါပဲ။ အနည်းဆုံး အိမ်တွင်းကထမင်းဝိုင်းမှာ၊ လဘက်ရည်ဆိုင်တွေမှာ “ဒါမျိုးတွေနဲ့ ဒို့ကိုတော့လာမလုပ်နဲ့”ဆိုတာမျိုးပြောဖြစ်ကြမှာပါ။ ဒီလိုပြောကြရာကနေ…

၁၉၅၈ မှာဘာတွေဖြစ်ခဲ့လဲ။(လှကျော်ဇော)

၁၉၅၈ မှာဘာတွေဖြစ်ခဲ့လဲ။ (လှကျော်ဇော) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး သြဂုတ်လ(၁၄)ရက်နေ့က ကာချုပ်ဗိုလ်ချူပ်မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ(၃၄)ပါတီကခေါင်းဆောင်များနဲ့ တွေ့ဆုံပါတယ်။ တပ်ကပြောတော့နိုင်ငံရေးပါတီများက တောင်းဆိုလို့တဲ့။ နိုင်ငံရေးပါတီတချို့ကပြောတာက ဖိတ်ကြားခံရလို့တဲ့။ (အဲဒီဖြစ်ရပ်ကိုက နှစ်ဖက်စလုံးလိပ်ပြာမလုံမှုကိုပြတာပါ) တွေ့ဆုံပွဲအပြီး တပ်ဖက်ကလည်း ထုတ်ပြန်ချက်ထုတ်၊ တက်ရောက်တဲ့ပါတီများ ဖက်ကလည်း သတင်းစာရှင်းလင်းပွဲတွေလုပ်နဲ့။ သတင်းအရှုပ်အရှင်းအမျိုးမျိုးထွက်လာနေပေမယ့် လူအများစိတ်ဝင်စားတဲ့အချက်(၂)ရပ်ကတော့—— ၁။ လာမယ့်ရွေးကောက်ပွဲ တရားမျှတမှုမရှိရင်တပ်မတော်အနေနဲ့ဝင်ရောက်ကူညီဖို့—-ဆိုတာနဲ့ ၂။ ကာချုပ်ရဲ့-မလုပ်ရဲတာမရှိ၊ဘာမဆိုလုပ်ရဲတယ်—-ဆိုတဲ့ပြောကြားချက်များပါ။ ဒီတော့ တပ်လော်ဘီများထဲက မရဲတရဲမပွင့်တပွင့် ရေးသားမှုတွေ(တကယ် တော့ခြေဆင်းလမ်းခင်းတာ)ပေါ်လာပါတယ်။ (—– ဗမာပြည်ဟာ၁၉၅၈ခုနှစ်တုန်းကလိုအခြေအနေပြန်ရောက်နေပြီ။ ဟိုတုန်းကနိုင်ငံရေးသမားများ အသုံးမကျလို့ တိုင်းပြည်ကိုမထိန်းနိုင်တော့လို့ တပ်ကိုအာဏာထိုးအပ်ရတာ။ တပ်အနေနဲ့မလွှဲမရှောင်သာလို့ဝင်အာဏာယူခဲ့ရတာ။ အခုလည်း နိုင်ငံရေးသမားတွေ မညီမညွတ်ဖြစ်ပြီး၊ တပ်ကိုအကူအညီတောင်းရပြန်ပီ။——) တဲ့။ ဟုတ်ကဲ့။ ဒီတော့ ၁၉၅၈ ကို သိမီသူများက ဘာတွေတကယ်ဖြစ်ခဲ့သလဲဆိုတာ ပြန်ပြောပြဖို့လိုလာတာပေါ့။ (မှတ်ချက်။ အကြောင်းအရာအချက်အလက်များ၊ နေ့စွဲများစတာများကို ကိုးကားတဲ့စာအုပ်များကတော့—— ကိုးကားအမှတ်(၁)။ ၁၉၉၀။ ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း။ အပိုင်း(၂)။ ရဲဘော်သစ်မောင်။ ကိုးကားအမှတ်(၂)။ ၁၉၉၀။  ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ၁၉၄၈ မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသော မြန်မာ့သမိုင်းအကျဉ်းနှင့်တပ်မတော်ကဏ္ဍ။ တပ်မတော်သားသုတေသီတဦး။ -တို့ဖြစ်ပါတယ်။ အဲဒီစာအုပ်(၂)အုပ်လုံး အများအားဖြင့်ကိုးကားထားတဲ့စာအုပ်က ၁၉၆၉ခုနှစ်။ ပုဂံစာအုပ်တိုက်ထုတ်။ မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း။ ဒေါက်တာမောင်မောင်။ ဖြစ်ပါတယ်။ ရှစ်-၄-လုံးအရေးတော်ပုံကြီးကို ရက်ရက်စက်စက်ဖြိုခွဲ-အပြီး နဝတအာဏာသိမ်းပြီးနောက် မိမိတို့ဒီလိုလုပ်တာတွေ တရားတယ်ဆိုတဲ့ပုံရိပ်ကိုတင်ဖို့အတွက် ထုတ်ဝေထားတဲ့စာအုပ်များပါ။ တနည်းပြောရရင် စစ်အာဏာရှင်စနစ် ဆက်လက်ထိန်းသိမ်းရေးအတွက် ရည်ရွယ်ခဲ့တာပါ။ ဖြစ်ရပ်မှန်တချို့တဝက်၊ ဖုံးတာဖုံးမလွှဲမရှောင်သာ ဖော်တန်ဖော်နဲ့ သူတို့သွင်းချင်တဲ့တရားတွေ ရောထွေးရေးထားပါတယ်။ (ဒါကြောင့် ဒီစာအုပ်တွေကို ဆန့်ကျင်ဘက်အမြင်ကနေပဲ…

လူထုတိုက်ပွဲများကို နည်းပေါင်းစုံဖြင့် အားဖြည့်ရေးမှသည်(စိုးပိုင်)

လူထုတိုက်ပွဲများကို နည်းပေါင်းစုံဖြင့် အားဖြည့်ရေးမှသည် (စိုးပိုင်) အရေးတော်ပုံဂျာနယ် ၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုအာဏာ သက်ဇိုး(ဆိုး)ရှည်ဖို့အတွက် နအဖစစ် အုပ်စုက စိတ်ကြိုက်အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်တယ်။ ဒီ၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးအရ ရှေ့တန်းခံကတုတ်တခုပဲ။ နောက်ဆုံးအခိုင်အမာ ခံကတုတ်ကတော့ သူတို့ပြောနေတဲ့ “တပ်မတော်ဆိုတဲ့ ခါးပိုက်ဆောင်ကြေးစားစစ်တပ်ပဲ။ စစ်အုပ်စုကို “စစ်သုံးစစ်” (စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရစီ ယန္တရား)လို့ ပြောတာဟာ စစ်အုပ်စုရဲ့သရုပ်ကို ပေါ်လွင်စေဖို့ဖြစ်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ စစ်အုပ်စုကိုယ်စားပြု ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲရှုံးနိမ့်သွားပြီး ဒီချုပ်တောင်ပြိုကမ်းပြို…

ဗမာပြည်ငြိမ်းချမ်းရေးနီးပြီလား(မောင်မိုးဦး)

ဗမာပြည်ငြိမ်းချမ်းရေးနီးပြီလား (မောင်မိုးဦး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —– ဗမာပြည်မှာ ဒီမိုကရေစီရေးကိစ္စကိုပြောရင် တန်းတူရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စ၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကိစ္စဟာ တွဲဆက်ပါလာပါတယ်။ ဒီကိစ္စ ၃ ခုဟာ တပေါင်းတစည်းတည်းဖြစ်သလို တခုချင်းကိစ္စတွေလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် တခုချင်းကိစ္စကိုကိုင်တွယ်တာနဲ့တပြိုင်တည်းမှာ တပေါင်းတည်းအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဒါမှ တပေါင်းတည်းအခြေအနေကိစ္စကိုကိုင်တွယ်တဲ့အခါမှာ တခုချင်းကိစ္စတွေနဲ့ ဟသဇာတဖြစ်ပြီး အောင်မြင်ချောမောတဲ့အခြေအနေကို ရရှိမှာဖြစ်ပါတယ်။ ဗမာပြည်ပြည်တွင်းစစ်ဟာ ရှည်ကြာခဲ့သလောက် ပြည်တွင်းစစ်ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကြိုးပမ်းမှု၊ လိုလားတောင့်တမှုဟာလည်း ရှည်ကြာခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်းစစ်စတင်ဖြစ်ပွားတာနဲ့ တချိန်တည်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက…