စည်းလုံးခြင်းဟာ အမြှောက်လက္ခဏာ
စည်းလုံးခြင်းဟာ အမြှောက်လက္ခဏာ မြစမ်းအေး ပါတီစုံစနစ်နဲ့ စစ်အာဏာရှင်စနစ်ဆိုတာ ပြဒါးတလမ်းသံတလမ်းပါပဲ။ သန်းရွှေစစ်အုပ်စုက အင်ဒိုနီးရှားဆူဟာတိုရဲ့ ဂိုလ်ခါပါတီကို အတုယူပြီး ၂၀၀၈ ကို ရေးဆွဲခဲ့တာပါ။ ၂၀၀၈ခြေဥမှာ ၂၅% အသာစီးယူထားတာတောင် စစ်အုပ်စု ရွေးကောက်ပွဲမနိုင်ဘူး။ လူထုက နိုင်ငံရေး အတွေ့ အကြုံများပြီး နိုင်ငံရေးအသိ နိုးကြားနေလို့ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရွေးကောက်ပွဲရှုံးလို့ အာဏာထပ်သိမ်းတာ ရှင်းပါတယ်။ လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတက သူတို့နိုင်ငံရဲ့ အတွေ့အကြုံကို လာပြောပြ စည်းရုံးဖို့ ဗိုလ်ချုပ်ကြီးတယောက်ကို လွှတ်ဦးမယ်ဆိုတော့ မင်းအောင်လှိုင်က စိတ်ဝင်စားပါ့မလား။ မင်းအောင်လှိုင်စစ်မျိုဆက် စိတ်ဝင်စားတာက…
