ရှေ့က အစိုးရတွေလိုပဲ ငြိမ်းချမ်းရေးလုပ်ရာမှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ကိုထွေး)
ရှေ့က အစိုးရတွေလိုပဲ ငြိမ်းချမ်းရေးလုပ်ရာမှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုထွေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်ဆိုတာ ဗမာအသုံးအနှုန်းအရ ပြောရမယ်ဆိုရင်တော့ ဗြောင်လိမ်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ (၄) ကြိမ်မြောက် ပင်လုံအစည်းအဝေးမှာ ငြိမ်းချမ်းရေးမရတာဟာ ဆွေးနွေးဘက် လူမျိုးစုလက်နက်ကိုင်အင်အားစုတွေက မရိုးသားလို့ ဆိုပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အတိတ်က ဆွေးနွေးပွဲပျက်ခဲ့တာကို ကိုးကားပြီး ဗိုလ်မင်းအောင်လှိုင်က ဒီစကားလုံးသုံးပြီး တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်လာခဲ့တဲ့ ခရီးစဉ်တလျှောက်၊ဗမာပြည်ကွန်မြူနစ်ပါတီနဲ့စဖြစ်ခဲ့တဲ့ပြည်တွင်းစစ် နဲ့ (သမိုင်းမှာ ပြုလုပ်ပြီးခဲ့တဲ့) ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ခဲ့တာတွေကိုကြည့်ရင် အဆုံးအဖြတ်ကျတဲ့ကိစ္စတိုင်းမှာ…
