ဘယ်တော့မှ ဥဒါန်းမကျေပါဘူး (ရဲဘော်ဖိုးသံချောင်း)
ဘယ်တော့မှ ဥဒါန်းမကျေပါဘူး (ရဲဘော်ဖိုးသံချောင်း) အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ကိုဌေးလှဟာ ၁၉၆၁ ခုနှစ်မှာ ကျွန်တော်နဲ့အတူတူ တက္ကသိုလ်ကိုရောက်တာပါ။ ဒါပေမဲ့ သူဟာ တက္ကသိုလ်မရောက်ခင်ကတည်းကပဲ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ လက်ဝဲအင်အားစုတွေနဲ့တွဲမိ၊ ဆက်မိနေပါပြီ။ သာမန်ဆက်မိရုံမဟုတ်ပဲ သူ့ညီတယောက်အပါ အပေါင်းအသင်းတွေ အုံနဲ့ကျင်းနဲ့ဆက်မိကြတာပါ။ ၁၉၆၆ ခုနှစ်မှာ သူနဲ့ကျွန်တော်အဖမ်းခံရတော့ အဲဒီအထဲကတချို့ လည်း အဖမ်းခံရပါတယ်။ အဲဒီတချို့ဟာ ကိုကိုးကျွန်းအထိပါလာပါတယ်။ ပါလာသူတွေထဲမှာ ကဗျာဆရာ ကိုလေးမောင်လည်း ပါတာပေါ့။ သူ့(ရဲဘော်ဌေးလှရဲ့) စိတ်ဓာတ်၊ သူ့ကျဆုံးမှုဟာ ကိုကိုးကျွန်း တိုက်ပွဲတွေအပေါ်ဂယက်ရိုက်၊ အကျိုးပြုတယ်လိုဆိုရင်မမှားဘူးထင်ပါတယ်။ (ကျွန်တော်တို့တတွေ ရက်လေးဆယ် အစာငတ်ခံတိုက်ပွဲ အောင်ပွဲရပြီးတဲ့နောက်…
