ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ။ဆောင်းပါးအမှတ်(၄၁)
ဖေဖေရဲ့ ငြိမ်းချမ်းရေးခရီးစဉ်များ လှကျော်ဇော အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး ဖေဖေရဲ့ပြည်တွင်းမြေပေါ်နိုင်ငံရေးလှုပ်ရှားမှုအဖြစ်လုပ်ဆောင်မှုတွေထဲမှာ အကျော်ကြားဆုံးနဲ့ အထိရောက်ဆုံးလုပ်ငန်းကတော့ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းပါပဲ။ ဖေဖေကိုယ်တိုင်လည်း ဒီလှုပ်ရှားမှုကာလတွေအတွင်း လူရောစိတ်ပါအတော်ပင်ပန်းရပေမယ့် ပျော်တော့ပျော်တယ်လို့ ပြောခဲ့ဖူး ပါတယ်။ ဖေဖေက ၁၉၅၈ ခုနှစ်လောက်က စပြီး ဆရာကြီးမှိုင်းရဲ့-ပြည်တွင်းငြိမ်းချမ်းရေး ရှစ်ဦးကော်မတီနဲ့ပူးပေါင်းပြီး စတင်လှုပ်ရှားပါတယ်။ ဒါပေမဲ့ ၁၉၅၈-အောက်တိုဘာမှာ ဗိုလ်နေဝင်းရဲ့(စစ်အာဏာသိမ်း)အိမ်စောင့်အစိုးရပေါ်ပေါက်လာပြီး လှုပ်ရှားမှုတွေခက်ခဲလာတဲ့အတွက် အဲဒီ ရှစ်ဦး ကော်မတီကိုဖျက်သိမ်းလိုက်ရပါတယ်။ ၁၉၆ဝခုနှစ်-ရွေးကောက်ပွဲများအပြီး ဦးနုရဲ့သန့်ရှင်းအစိုးရတက်လာပြီးမှ ဖေဖေတို့ပြန်ပြီး လှုပ်ရှားနိုင် ပါတော့တယ်။ အဲဒီကာလမှာ…
