Category သတင်း

ကိုယ့်တံတွေး ကိုယ်ပြန် မျိုလိုက်ရတဲ့ စစ်အုပ်စု (၂၀၁၆ ဇွန် ၂၉)

တပ်တွင်းပုန်ကန်မှုဖြစ်အောင် အားပေးသွေးဆောင်မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ တရားစွဲမယ်ဆိုတဲ့ စစ်တပ်က “ဆဲဗင်းဒေး” အပေါ်ကျေအေးလိုက်ပြီဆိုတဲ့သတင်း ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ဇွန်လ ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဆဲဗင်းဒေးသတင်းစာက အဲဒီသတင်းဖော်ပြခဲ့တဲ့အတွက် ဖြေရှင်း ချက်နဲ့ နောက်နောင်မှာ တပ်မတော်နဲ့ပတ်သက်တဲ့သတင်းတွေဖော်ပြရင်သတိထားမယ့်အကြောင်းနဲ့ တောင်းပန်ကြောင်းပါလာခဲ့တယ်။ ဒီတော့ မြန်မာသတင်း မီဒီယာကောင်စီ (MMC) ကကြားဝင်ညှိနှိုင်းပေးလိုက်လို့ “ကျေအေးလိုက်တယ်” ဆိုတာ မဟုတ်ဘူး။ “တောင်းပန်စာ” ထည့်ရတယ်ဆိုတဲ့သဘောက မီဒီယာက ရှိခိုးတောင်းပန်လို့ သူတို့ စစ်တပ်က သဘောထားကြီးစွာနဲ့ “ကျေအေးပေးလိုက်တယ်”ဆိုတဲ့ အချိုး၊ ချိုးတာပါ။…

မာ့က်စ်နဲ့ အမြဲဆွေးနွေးတိုင်ပင်တတ်တဲ့ လီနင်

လီနင်…ဗလာဒီမီယာလီနင် ၂ဝရာစု၏ ထင်ရှားကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်၊ ပစ္စည်းမဲ့တော်လှန်ရေး အတွေးအခေါ် ပညာရှင် ဗလာဒီမီယာလီနင်အကြောင်း လေ့လာမည်ဆိုလျှင် လေ့လာစရာ၊ သင်ယူစရာတွေက သမုဒ္ဒရာရေ မခန်းနိုင်သလို သင်၍မကုန် ယူ၍မခန်း ဖြစ်ချေမည်။ လူတိုင်းလူတိုင်း သာတူညီမျှရေးဆီ၊ ဘယ်လို နည်းနှင့်မျှ၊ ဘယ်လိုအကြောင်းကြောင့်နှင့်မျှ ဖိနှိပ်မှုမရှိသည့် လူ့ဘောင်ဆီရောက်အောင် လျှောက်လှမ်းနေသည့့် ကျွန်တော်တို့ဆိုသော ယနေ့ခေတ်လူများအတွက် လီနင်သည် စံပြပုဂ္ဂိုလ်တဦးဖြစ်သည်။ ဖတ်စာတအုပ်ဖြစ်သည်။ သင်ရိုးညွှန်းတမ်းတခု ဖြစ်သည်။ ပညာတတ်လူလတ်တန်းစားမိသားစုတွင် လီနင် မွေးဖွားကြီးးပြင်းခဲ့သည်။ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်၊ ရုရှား ဘာသာစကားများ…

(Twilight Over Burma) ရုပ်ရှင်ပြသခွင့်မရှိတဲ့ “ဒီမိုကရေစီ”

ဗမာပြည်နိုင်ငံရေးသမိုင်းမှာ “အရိုးတွန်” စရာကိစ္စတွေများပြားလှပါတယ်။ (Twilight Over Burma) ရုပ်ရှင်ကတော့ များပြားလှတဲ့ အရိုးတွန်စရာကိစ္စတွေထဲက တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ သီပေါစော်ဘွားစဝ်ကြာဆိုင်ကို လက်စဖျောက်ခဲ့ကြတဲ့ လက်သည်တရားခံဟာ ဗိုလ်နေဝင်းနဲ့ စစ်အုပ်စုပါပဲ။ ထိုစဉ်က သီပေါ စော်ဘွားဟာ ဗိုလ်နေဝင်းရဲ့အမုန်းဆုံးလူများစာရင်းမှာ ရှေ့တန်းကပါခဲ့ပုံပါပဲ။ ဗိုလ်နေဝင်းရဲ့အမုန်းဆိုတာက စိတ်ရောဂါတမျိုးပဲလို့ ထင်ပါတယ်။ ဗိုလ်နေဝင်းဟာ သူ့ ထက်သာတာကို မနာလို၊ မရှုဆိမ့်နိုင်တာမျိုးပါ။ သီပေါစော်ဘွားက အခြားစော်ဘွားတွေနဲ့ မတူဘဲ ခေတ်ပညာတတ်ဖြစ်သလို ရှမ်းပြည်ကိုလည်း ခေတ်နဲ့အမီ ရင်ဘောင်တန်း စေချင်သူတဦးလည်း ဖြစ်ပါတယ်။ ဒီအချက်တွေကို ဗိုလ်နေဝင်း…

အလုပ်သမားသပိတ်အရေး ပြည်သူသို့ အစီရင်ခံစာ(၃)

အလုပ်သမားသပိတ်ကို ဖြိုခွဲနှိမ်နင်းမှု အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းမှုများ အလုပ်သမားများသည် စစ်ကိုင်းစက်ရုံရှေ့တွင် ရက်ပေါင်း ၆၀ ကြာ သပိတ်မှောက်ခဲ့ကြသည်။ ဆင်းရဲ ဒုက္ခအမျိုးမျိုးနှင့် တွေ့ခဲ့ကြရသည်။ မီးဖွားကာစ ကလေးများ သေဆုံးခဲ့ရသည်။ မိုးသီးဒဏ်ကြောင့် မိန်းကလေးတယောက် ဆေးရုံပို့ခဲ့ရသည်။ သို့သော် အလုပ်သမားများ၏ ဒုက္ခကို မည်သူမျှ အရေးလုပ်ဖြေရှင်းပေးခြင်း မရှိခဲ့။ ထို့ကြောင့် အခြားရွေးစရာမရှိတော့သော အလုပ်သမားများသည် ဧပြီလကုန်ပိုင်းတွင် နေပြည်တော်သို့ ကားဖြင့် ထွက်ခွာခဲ့ကြသည်။ ဝမ်းတွင်းမြို့အရောက် မြတ်ညီနောင် ဘုရားအနီးတွင် အာဏာပိုင်တို့က တားဆီးခဲ့ကြသည်။ ထိုနေ့သည် ဧပြီလ ၂၆…

အလုပ်သမားသပိတ်အရေး ပြည်သူသို့အစီရင်ခံစာ အပိုင်း(၂)

ခုံသမာဓိကောင်စီဆုံးဖြတ်ချက် အလုပ်သမားများကို အပြစ်တင်ကြသော အချက်များအနက် အပြင်းထန်ဆုံးထိုးနှက်ကြသည့် အချက်မှာ ခုံသမာဓိကောင်စီခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို မနာခံရကောင်းလားဟူသောအချက် ဖြစ်သည်။ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်သည်သာ အဖြေမှန်ဟု အုပ်ချုပ်သူတွေကရော၊ လွှတ်တော်အမတ်တွေကရော၊ ဤဖြစ်စဉ်ကို ကွင်းဆက်မိအောင် ပြည့်ပြည့်စုံစုံမသိသူ တချို့ကပါ ယူဆကြပုံရသည်။ ထိုသို့ယူဆပြီး အလုပ်သမားများကို ပြစ်တင်ဝေဖန်ကြသူများသည် ခုံသမာဓိကောင်စီ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များ ၃၅ မျက်နှာကို အစအဆုံး ဖတ်ခဲ့ကြဖူးပါသလား။ အကယ်၍ ဖတ်ခဲ့ဖူးလျှင် ထို ၃၅ မျက်နှာပါ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို မည်သည့် ထွက်ဆိုချက်များ အပေါ်တွင်…