Category သတင်း

တခြားကမ္ဘာက ဂြိုဟ်သားများ

ဗမာပြည်က တောနဲ့မြို့ကြားမှာ ချောက်ကမ်းပါးကြီးခြားနေတယ်။ အဲဒီချောက်ကမ်းပါးကြီးက ချမ်းသာ၊ ဆင်းရဲ ကွာဟချက် ချောက်ကမ်းပါးကြီး။ တောနဲ့မြို့ဟာ ကမ္ဘာတခုစီက လူတွေလို ဖြစ်နေတယ်။ တောကလူတွေ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုစား၊ ဘယ်လိုသောက်၊ ဘယ်လိုတွေး၊ ဘယ်လိုခေါ်သလဲဆိုတာကို မြို့ကလူတွေ နားမလည်နိုင်ဘူး။ မြို့ကလူတွေနဲ့ ပတ်သက်ရင်လည်း တောကလူတွေရဲ့ စိတ်ထဲမှာ အလားတူ။ တပြည်တည်းနေ၊ တရေတည်း သောက်၊ တမြေတည်းမှာ ကြီးပြီး လူလူချင်း အဆင့်အတန်း ကွဲပြားကွာဟနေတာဟာ ရင်နာစရာလည်း ကောင်းတယ်။ အဲသလို အဆင့်အတန်းကွာဟ ကွဲပြားတဲ့စနစ်ကို သိသိနဲ့…

ဤခရီးဝေးသေးသည်

ကမ္ဘာ့နိုင်ငံရေးလောကမှာ အစိုးရထဲကအစိုးရ (state within a state) ဆိုတဲ့ဆိုနည်းတခု ရှိပါတယ်။ အဓိပ္ပာယ်က အစိုးရတရပ် တရားဝင်ရှိနေလျက်နဲ့ နောက်ကွယ်မှာ၊ ဒါမှမဟုတ် ဒီအစိုးရထဲမှာပဲ ဒီအစိုးရကို ညွှန်ကြားနေ၊ ချုပ်ကိုင်နေတဲ့ အင်အားစုတရပ် တည်ရှိနေတယ်လို့ ဆိုလိုတာပါ။ဒါဆိုရင် ဘာကိုရေးချင်လို့ အစချီနေတယ်ဆိုတာကို သိကြမှာပါ။ဟုတ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအရ တက်လာမယ့်အစိုးရနဲဲ့့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အခွင့်အာဏာတွေ ကျင့်သုံးနေမယ့် ကာလုံနဲ့စစ်တပ်တို့ရဲ့အခန်း ဖြစ်ပါတယ်။အခုအခါမှာ ကမ္ဘာကရော ဗမာပြည်သားတွေက ပူပန်မှုအပြည့်နဲ့ စောင့်ကြည့်နေကြတာဟာ စစ်ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲမှာ…

လူထုဟာ သမိုင်းဖန်တီးသူ၊ လူထုဟာ သူရဲကောင်း

ရွေးကောက်ပွဲနား နီးလာတာနဲ ့အမျှ လူထုရဲ ့လှိုင်းတံပိုးထကြွသလို မြင့်မားလာတဲ့ နိုင်ငံရေး နိုးကြားမှုကို အထင်းသား မြင်တွေ ့လာရပါတယ်။ လူထုဟာ အပြောင်းအလဲကို အင်မတန် တောင့်တနေပြီ ဖိနှိပ်မှုတွေ လိမ်ညာသွေးစုပ်မှုတွေကို ထပ်ပြီးသည်းမခံနိုင်တော့ဘူး ဆိုတာကို ကြီးမားကျယ်ပြောလှတဲ့ “လူပင်လယ်” လူထုစုရုံးမှုကြီးတွေကနေ အထင်အရှား ထုတ်ဖော်ပြသနေပါတယ်။ သူတို ့ဟာ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ အခွင့်အလမ်းတခုကို အမိအရဆုပ်ကိုင်ပြီး အာဏာ လက်မလွှတ်လိုသူ လူတစုကို အညင်သာဆုံး အငြိမ်းချမ်းဆုံး မောင်းထုတ်ဖို ့ကြိုးစားနေတာပါ။ သာသာပြောလို ့မရရင် နာနာနှက်ဖို…

သေနတ်ခါးချိတ်ထားသလို မဲတောင်းတဲ့သမ္မတ

“မဲပေးကြပါအရပ်ကတို့ရဲ့၊ မဲတပြားလောက်ပေးပါ။” ဒါက ၁၉၅၀ စုနှစ်များတုန်းက ကျင်းပခဲ့တဲ့ ကျောင်းသားပွဲတော်တခုက အမတ်ရူးယိမ်းမှာဆိုတဲ့ ယိမ်းသီချင်းရဲ့ အစပိုဒ်က စာသားတွေပါ။ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက သူ့ရဲ့မွေးဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဥသျှစ်ကုန်းကျေးရွာမှာ မဲတောင်းတဲ့အခါဗိုလ်သိန်းစိန်က “ပြည်သူများလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီ၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့ကပြောင်းပြီးပြီ”လို့ရဲရဲတင်းတင်းကြီး၊ စိန်ခေါ်သလို ပြောပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူအဲဒီလိုမာနတခွဲသားနဲ့ ပြောတဲ့နေ့မှာပဲ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို ဖမ်းဆီးခဲ့သလို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေတဲ့ ဒီချုပ်အမတ်လောင်းဦးနိုင်ငံလင်းနဲ့ အမျိုးသမီးတွေအပါအဝင် ဒီချုပ်ပါတီဝင်တွေကို…

သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် – ညစ်ပတ်တဲ့ရွေးကောက်ပွဲ

သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် – ညစ်ပတ်တဲ့ရွေးကောက်ပွဲ (၃၀-၁၀-၂၀၁၅) “၂၀၁၅ ရွေးကောက်ပွဲ ”မကြာခင်ကျင်းပတော့မယ်။ ရက်ပိုင်းသာ လိုပါတော့တယ်။ ရွေးကောက်ပွဲကို အောက်ပါအချက်တွေကြောင့် စိတ်ဝင်စားပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ် အစအဆုံးမှာ အာဏာရကြံ့ဖွံ့ပါတီအစိုးရ၊ စစ်တပ်၊ ရွေးကောက်ပွဲကော်မရှင်တို့ ဘယ်လိုနည်းတွေသုံးပြီး ညစ်ပတ်ကြသလဲ။ ညစ်ပတ်မှုမျိုးစုံကို အတိုက်အခံပါတီတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းသွားကြသလဲ။ ရွေးကောက်ပွဲက ပြည်သူများအတွက် ဘယ်လိုအတွေ့အကြုံနဲ့ သင်ခန်းစာတွေရရှိနိုင်သလဲ စတဲ့အချက်တွေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားပါတယ်။ တကယ်တော့ အတိုက်အခံပါတီများအဖို့ “၂၀၁၅ ရွေးကောက်ပွဲ”ဟာ ရွေးကောက်ပွဲဆိုတာထက် ရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ စစ်တပ်တို့ရဲ့ညစ်ပတ်မှုမှန်သမျှကို ရင်စည်းခံပြီး ယှဉ်ပြိုင်နေတဲ့ပွဲသာ…