Category သတင်း

စစ်ကိုင်း အလုပ်သမားသပိတ်အရေး ပြည်သူသို့ အစီရင်ခံစာ အပိုင်း(၁)

နိဒါန်း စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုံ Myanmar Veneer & Plywood Private Ltd; မှာ အလုပ်လုပ်တဲ့ ဆင်းရဲသား အလုပ်သမား ၁၆၁ ယောက်ကို မတရား အလုပ်ဖြုတ်၊ ဖမ်းဆီးချုပ်နှောင်တဲ့ အဖြစ်အပျက်ဟာ ထိုစက်ရုံတရုံနှင့်သာမက တနိုင်ငံလုံးက စက်မှုလုပ်ငန်း အလုပ်သမားများ၏အနာဂတ်နှင့်ပါ သက်ဆိုင်ပေသည်။ ထို့ကြောင့် စစ်ကိုင်း သစ်ချောထည်စက်ရုံ အလုပ်သမားများ၏ ဘဝကိုသိရှိနားလည်နိုင်ရန်၊ ဖြစ်ပွားခဲ့သော ပဋိပက္ခ၏ အကြောင်းရင်းနှင့် ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို နားလည်နိုင်ရန်၊ အလုပ်သမားတွေကို မည်သူကမည်သို့ ဖိနှိပ်ချုပ်ချယ်ကာ ကျဉ်းထဲကြပ်ထဲရောက်အောင် ချောင်ပိတ်ပို့ဆောင်ခဲ့သည်…

အားနည်းသူကို ဖေးကူမစေချင်

“လူတိုင်းမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရှိတယ်” ဆိုတာဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းမှာ ဖော်ပြထားတဲ့ အခြေခံလူ့အခွင့်အရေး ဖြစ်ပါတယ်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ဟာ လူတိုင်းလူတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အခြေခံလူ့အခွင့်အရေးလို့ ဥပဒေမှာ သုံးပါတယ်။ အခြေခံလူ့အခွင့်အရေးဆိုတာဟာ အနိမ့်ဆုံးအဆင့်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပြောတာပါ။ နိုင်ငံတနိုင်ငံ၊ အစိုးရတရပ်၊ စနစ်တခုဟာ ဒီမိုကရေစီအခွင့်အရေးကို စစ်စစ်မှန်မှန် မပေးဘူးဆိုရင်တောင်မှ ဒီမိုကရေစီ နာမည်ခံချင်ရင် အနိမ့်ဆုံးအခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်လောက်တော့ မဖြစ်မနေ ပေးရတယ်။ ဒီလောက်ကလေးကိုမှ တွန့်တိုနေတဲ့အစိုးရကို…

အမှန်တကယ် ပြောင်းလဲပစ်ရမယ့် အရင်းခံကိစ္စနှစ်ခု

ကွန်မြူနစ်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ အရင်းရှင်တိုင်းပြည်မှာပဲ ဖြစ်ဖြစ် စစ်တပ်ဟာ နိုင်ငံတော်အစိုးရရဲ့အမိန့်ကို နာခံရတာချည်းပဲ ဖြစ်တယ်။ ယုတ်စွအဆုံး ဘုရင့်နိုင်ငံတော်မှာလည်း စစ်တပ်ဟာ ဘုရင့်အမိန့်ကို နာခံရတာဖြစ်တယ်။ ဒါဟာ အစဉ်အလာတရပ်လို၊ လုပ်ထုံးလုပ်နည်းတစ်ရပ်လို ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးကြတယ်။ စစ်တပ်နဲ့ကာချုပ်ဆိုတာ အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ဝန်ကြီးရဲ့ လက်အောက်မှာရှိရတာဖြစ်တယ်။ ၁၉၆၂ ခုနှစ်ကစပြီး ဗမာပြည်မှာတော့ ဒီအစဉ်အလာ ဗိုလ်နေဝင်းကစပြီး ချိုးဖောက်ခဲ့တယ်။ စစ်တပ်ဟာ တိုင်းပြည်အထက် မှာ အစိုးရရဲ့အထက်မှာအမြဲရှိမယ်ဆိုတာကို သဘောတရားတခုသဖွယ် ကျင့်သုံးခဲ့လာကြတယ်။ စစ်အုပ်စုက ဘယ်လောက်အထိ မိုက်မိုက်မဲမဲ ပြောကြဆိုကြသလဲဆိုတော့ “တပ်မတော်သာအမိ…

ဗမာပြည်အလုပ်သမားထုနှင့်အတူ မေဒေးကို ဂုဏ်ပြုခြင်း

လွတ်လပ်ရေးရပြီး ၆၈ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နိုင်ငံ၊ ၅၄ နှစ်ကြာ စစ်ဗျူရိုကရက် အာဏာရှင်စနစ်အောက် ကျရောက်နေတဲ့နိုင်ငံ၊ ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တပိုင်းစီးပွားရေးထဲမှ ရုန်းမထွက်နိုင်သေးတဲ့ နိုင်ငံဟာ ယခုအခါ လူးလွန့်လှုပ်ရှား နိုးထလာမှုနှင့်အတူ ကမ္ဘာက အာရုံစိုက်မှုကို ရရှိလာတယ်။ ဈေးကွက်အသစ်ကလေးဖြစ်လို့၊ နိုဘယ်လ်ဆုရှင်ဦးဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ ပေါ်ပေါက်လာလို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဆိုတာထက် ပထဝီနိုင်ငံရေး ပထဝီစီးပွားရေးအရ စိတ်ဝင်စားကြတာက အဓိကကျပါတယ်။ ခေတ်က ဘဏ္ဍာအရင်း ကမ္ဘာဖြန့်ကြက်နေတဲ့ ကမ္ဘာမှုခေတ်ဖြစ်တယ်။ ထုတ်လုပ်ရေး ကိရိယာသစ်တွေ ဆန်းသစ်လာတဲ့ နည်းပညာခေတ်…

မေဒေးအစဉ်အလာ ထွန်းပြောင်စေရမယ်

မေဒေးဆိုတာကို ၁၈၉ဝ ခုနှစ်မှာ စတင်ကျင်းပခဲ့ကြတာဆိုတော့ အခုဆိုရင်ဒီကမ္ဘာပေါ်မှာမေဒေးအခမ်းအနားကို ကျင်းပဆင်နွှဲကြတာဟာ နှစ်အားဖြင့်၁၂၆နှစ်မြောက်၊ အကြိမ်အားဖြင့် ၁၂ရကြိမ်မြောက်ဖြစ်ပါလိမ့်မယ်။ တနေ့ ၈ နာရီ အလုပ်ချိန်သတ်မှတ်ရေး တောင်းဆိုချက်နဲ့ စတင်ကျင်းပခဲ့တဲ့ကမ္ဘာ့အလုပ် သမားနေ့မေဒေး ဆိုတာဟာ ဆယ်စုနှစ်ပေါင်းများစွာဆင်နွှဲခဲ့ကြတဲ့ အလုပ်သမားတိုက်ပွဲတွေရဲ့အဆက်၊ မှတ်တိုင်တခုသာဖြစ်ပါတယ်။ စက်မှုတော်လှန်ရေး (ဗြိတိန်မှာ ၁၇၆ဝ စုနှစ်များ၊ ပြင်သစ်မှာ ၁၈ ရာစုအကုန်ပိုင်းနဲ့ အမေရိကန်မှာ ၁၈၁ဝ ခုနှစ်) ကနေ စက်မှုလုပ်ငန်းကို နိုင်ငံတကာ ဖြန့်ကြက်ခဲ့တာနဲ့အတူ ကမ္ဘာ့နိုင်ငံအများအပြားမှာ အလုပ်သမားလူတန်း စားပေါ်ပေါက်လာ၊ အလုပ်သမားလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အရင်းရှင်စနစ်…

ချိုးငှက်ကို ဒုံးပျံနဲ့ ပစ်ချနေတဲ့စစ်အုပ်စု

ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲတွေထဲက ကောင်းတာတခု ထပ်ထွက်လာပြန်ပါပြီ။ အဲဒါကတော့ ကြံ့ ဖွတ် ပါတီ ခေါင်းဆောင်မှုထဲက အက်ကွဲကြောင်းကြီးထင်ထင်ရှားရှားပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းအပါ ကြံ့ဖွတ်ထိပ်သီး ၁၇ ယောက် ကြီးများတောင် “အနားယူခွင့်”(ထုတ်ပစ်) ပေးလိုက်တာပါ။ သူတို့လည်းလေ လောကီသား ပေမို့လို့ ပြောရမလား၊ သူတို့လည်းလေ ဗိုလ်ချုပ်များပေမို့လို့ ပြောရမလားမသိ၊ ပုခုံးပေါ်မှာ ဘားတပြောင်ပြောင်၊ ကြယ်တဝင်းဝင်းနဲ့ ဗမာပြည်က စစ်အုပ်စုအဆက်အဆက်ဟာ အခုလို မြေပေါ်က ိုပစ်ချလိုက်တဲ့ အခါမှာ သင်းတို့ဟာ ကျီးအာသီး သာဖြစ်ကြောင်း၊ အတွင်းမှာ ပုပ်လိုက်နေတာသာဖြစ်ကြောင်း ကမ္ဘာက မြင်တွေ့ကြရပြန်ပါတယ်။…