Category သတင်း

ငါးနှစ်ပြည့်ခဲ့ပြီ

(အရေးတော်ပုံ စာတည်းအဖွဲ့ အာဘော်) ၂၀၂၁ – ပြည်သူ့တော်လှန်ရေးကြီး ငါးနှစ်ပြည့်ပြီ။ပြည်သူလူထုကြီး အသက်သွေးချွေး အိုးအိမ်မြေယာတွေ စွန့်လှူပြီး မိတကွဲ ဖတကွဲ ဖြတ်သန်းရတဲ့ ငါးနှစ်တာပဲ။ ပြည်သူ့သားသမီးတွေ အာဇာနည်သူရဲကောင်းအဖြစ် အသက်ပေးတိုက်သွားခဲ့ကြတဲ့ ငါးနှစ်တာပဲ။ ဦးစွာ သည် ၂၀၂၁ တော်လှန်ရေးကြီးကို ရရာလက်နက်ကိုင်စွဲ စတိုက်သူတွေလဲ ဖြစ်၊ အဓိက ထောက်ပံ့ပေးသူလဲ ဖြစ်၊ ကြံ့ကြံ့ခိုင်ခိုင် မလျှော့သော ဇွဲလုံ့လနဲ့ ဆက်တိုက်နေသူလဲ ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူနဲ့ တော်လှန်နေသူအပေါင်းကို အလေးအနက် အမွန်အမြတ် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။ သည်ငါးနှစ်မှာ တော်လှန်ရေးဟာ…

ဂျီသရီး (G-3) ဖြစ်လာမှာလား

လှကျော်ဇော နှစ်သစ်ကူးကာလထရန့်ရဲ့ ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ဗုံးကြဲပြီး သမ္မတဇနီးမောင်နှံပြန်ပေးဆွဲခန်းကတော့ တကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ တနေ့ ဗင်နီဇွဲလားတော့ ခံရတော့မယ်-ဆိုတာ လူတွေရိပ်မိထားပေမယ့် ဒီလောက် မြန်ဆန်ဗြောင်ကျလိမ့်မယ် လို့တော့ တွက်မထားကြပါဘူး။ ဖြစ်လာတော့လည်း အားလုံးဝိုင်းကန့်ကွက်သူကကန့်ကွက် အားပေးသူကအားပေးနဲ့ ထောင့်အသီးသီးက ခွဲခြမ်းစိတ်ဖြာမှုအစုံစုံနဲ့ ပွက်လောရိုက်သွားပါတယ်။ တချို့ဝေဖန်ချက်တွေဟာအတော်စုံလင်ကောင်းမွန်ပြည့်စုံလှပါတယ်။ ဒါတွေ ရသမျှလိုက်ဖတ်ရင်း အာရုံထဲရောက်လာတဲ့အကြောင်းအရာတွေကို ရေးချင်လာပါတယ်။ ၁။ အမေရိကန်အစိုးရနဲ့ပြည်တွင်းအခြေအနေ။ ဒါကိုအကောင်းဆုံးပြောပြသွားသူများဟာ အမေရိကန်များပဲဖြစ်ပါတယ်။ (က)။ လွှတ်တော်အမတ်-ဘာနီဆောင်းဒါးရဲ့ ပြောစကားများ။ —ထရန့်ရဲ့ဒီလိုနိုင်ငံတကာဥပဒေတွေကိုဖောက်ဖျက်လုပ်ဆောင်မှုဟာ အမေရိကန်ကိုရော ကမ္ဘာကြီးကိုပါ ပိုမိုမတည်မငြိမ်ဖြစ်စေမှာ ဖြစ်ပြီး၊တခြားနိုင်ငံများအတွက် မကောင်းတဲ့အစဉ်အလာတရပ် ဖြစ်စေနိုင်တယ်။…

ပြည်ချစ်စိတ်ဓာတ် စွဲကိုင်ပြီး စစ်သုံးစစ် အမြစ်ဖြတ်ရေးနဲ့ အတွေးအခေါ် တော်လှန်ရေးကို ဆင်နွှဲကြ

ရဲဘော်ဇင်ထွန်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၆ နှစ်သစ်ကို ကျူးကျော်စစ်နဲ့ စဖွင့်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီကိစ္စကို အားရဝမ်းသာ ဖြစ်နေသူတွေ သိပ်မရှိပါဘူး။ အမေရိကန်ရဲ့ မဟာမိတ် တိုင်းပြည်တွေကတောင် သူတို့နဲ့ မဆိုင်ဘူးလို့ လက်ရှောင်ကြတယ်။ အမှားနဲ့ အမှန်၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြား နားလည်သူတွေကတော့ တညီတညွတ်တည်း ပြစ်တင် ရှုတ်ချကြပါတယ်။ ပြဿနာက ဗင်နီဇွဲလားအရေးနဲ့တင် ပြီးသွားမှာ မဟုတ်ပါဘူး။ ဒိန်းမိတ် လက်အောက်ခံ ဂရင်းလန်းကျွန်းကိုပါ သူလိုချင်ကြောင်း ပြောနေတာက ဒီ့ထက် ဆိုးဝါးတာတွေ ဖြစ်လာဦးမယ့် သဘောပါ။…

ဗင်နီဇွဲလားကို နယ်ချဲ့ ကျူးကျော်တာ သိပ်ရှင်းတယ်

ရဲဘော်အောင်စိုး (ဗင်နီဇွဲလား ပဋိပက္ခကို သုံးသပ်ခြင်း) ဗင်နီဇွဲလားအကြောင်းပြောကြပါစို့။ ဗင်နီဇွဲလားသမ္မတကို ဗမာမီဒီယာအတော်များများ၊ နိုင်ငံရေးသမားအတော်များများက အာဏာရှင်ဆိုပြီး ပုံဖော်နေကြတယ်။ ဆန်းတော့မဆန်းပါဘူး။ ကားလ်မာ့စ်ကိုလည်း အာဏာရှင်၊ လီနင်ကိုလည်းအာဏာရှင်၊ မော်စီတုံးကိုလည်း အာဏာရှင်ဆိုပြီး လစ်ဘရယ်တွေပုတ်ခတ်ကြတာဟာ ထုံးစံပဲမဟုတ်လား။ ကျနော်တို့ကို တရုတ်နဲ့ပေးစားပြီး ရန်လုပ်တာကလည်း ထုံးစံပဲမဟုတ်လား။ ဒါတွေကို ကျနော်တို့က အရေထူပြီးသားပါ။ မမှုပါဘူး။ ဒါပေမယ့် ပြောစရာတွေကတော့ရှိပါတယ်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဝင်ဖမ်းလိုက်တဲ့ကိစ္စကို အာဏာရှင်တယောက်ကို အင်အားကြီးဒီမိုကရက်တစ်နိုင်ငံကြီးတနိုင်ငံက ဝင်ဖမ်းပစ်လိုက်ပြီး ဗင်နီဇွဲလားကို ဒီမိုကရေစီဇာတ်သွင်းလိုက်ပြီဆိုတာလောက်ပဲမြင်ရင် အလွန်မိုက်လုံးကြီးတဲ့အမြင်ပဲလို့ ပြောချင်တယ်။ အဲ့တော့…

၂၁ ရာစုမှာ တကြော့ပြန်ပေါ်လာတဲ့ ၁၈ ရာစု တော်လှန်ရေးရဲ့ ကြွေးကြော်သံ

ကြည်မြအောင် ဗမာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ကာလနဲ့ မရှေးမနှောင်းမှာပဲ ကမ္ဘာ့အရင်းရှင်နိုင်ငံကြီးများမှာ အထူးသဖြင့် အမေရိကမှာ လူငယ်များရဲ့ အရင်းရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ကျယ်ပြန့်လာပါတယ်။ ၂၀၁၉ ခုနှစ် ဝန်းကျင်မှာ စတင်ပြီး အရှိန်အဟုန်ရလာတဲ့ ဒီလှုပ်ရှားမှုမှာ ထောင်စုနှစ်မျိုးဆက် (millennial) နဲ့ ‘Z’ မျိုးဆက်လို့‌ ခေါ်ကြတဲ့ “ဂျန်ဇီး” လူငယ်တွေ ပါဝင်ကြပါတယ်။ သူတို့ ရဲ့ တွစ်တာနဲ့ တစ်တော့လို ဆိုရှယ်မီဒီယာတွေမှာ “သူဌေးတွေကို စားကြစို့” ဆိုတဲ့ ကြွေးကြော်သံက တစတစနဲ့ ကျယ်လောင်…

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး – ပြည်တွင်းငြိမ်းချမ်းရေး

ရဲဘော်ကိုတူး မင်းအောင်လှိုင်စစ်ကော်မရှင်က ရွေးကောက်ပွဲတုနဲ့အတူ စစ်ရေးထိုးစစ် နိုင်ငံရေးထိုးစစ် သံတမန်ရေးထိုးစစ်တွေတပြိုင်တည်း လုပ်လာနေတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ခွက်ခွက်လန် ရှုံးနိမ့်သွားပြီးနောက် (၂၀၀၈ ခြေဥကို ကိုယ်တိုင်ချိုးဖောက်ကာ) အာဏာသိမ်းခဲ့တဲ့ မအလစစ်အုပ်စုဟာ၊ တရားဝင်မှုပြန်ရဖို့ တခြားနည်းလမ်း မရှိတော့တာကြောင့် ရွေးကောက်ပွဲတု ကျင်းပဖို့ပြင်နေတယ်။ သူတို့ဟာ လူသေအလောင်းပုံပေါ်မှာ မဲလိမ်မဲခိုးကာ မဟားတရား အတည်ပြုထားတဲ့ ၂၀၀၈ နာဂစ်စစ်ခြေဥကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတယ်။ရွေးကောက်ပွဲတုနဲ့အတူ ဖိနှိပ်ရေးဥပဒေအမျိုးမျိုးကိုလည်း ထုတ်နေတယ်။ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးခြင်းဆိုင်ရာ ဥပဒေများဖြစ်တဲ့ ပုဒ်မ ၅ (နေအိမ်…