အာရှအထည်ချုပ်အလုပ်သမားများ
ကမ္ဗောဒီးယားမှာ အထည်ချုပ်လုပ်ငန်း အလုပ်သမားတွေ သပိတ်မှောက်ကြပြန်ပါပြီ။ အထည်ချုပ်လုပ်ငန်းဆိုတော့ အားလုံးသိကြတဲ့အတိုင်း အမျိုးသမီးက ပိုများပါတယ်။ အမျိုးသားတွေလည်း မပါတော့ မဟုတ်။ တော်တော်ပါကြပါတယ်။ အခုသပိတ်ဟာ မကြာသေးခင်က ရပ်သွားတဲ့ ဆန္ဒပြပွဲကြီးရဲ့ အဆက်ပါ။ ပြီးခဲ့တဲ့ဆန္ဒပြပွဲကြီးမှာ တနိုင်ငံလုံးရှိ စက်ရုံပေါင်း ၅၀၀ လောက်က အထည်ချုပ်လုပ်သား ၃ သိန်းလောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ လမ်းပေါ်တက်ပြီး ဆန္ဒပြတောင်းဆိုကြတာပါ။ အဓိက တောင်းဆိုကြတဲ့ အချက်က အနိမ့်ဆုံးလစာ တလကို ဒေါ်လာ ၁၆၀ ရရှိရေးပါ။ ဗမာငွေ ကျပ်နဲ့ တွက်ကြည့်ရင် တသိန်းခွဲကျော်လောက် ရှိပါလိမ့်မယ်။ လက်ရှိရကြတဲ့ လစာက ပျမ်းမျှ တလကို ဒေါ်လာ ၈၀ ကျော် ပတ်ဝန်းကျင်ရှိပါတယ်။ ကျပ်ငွေ ၈ သောင်း ဝန်းကျင်ဆိုပါတော့။ ဒီတော့ လစာ နှစ်ဆတိုးမြှင့်ရေး တိုက်ပွဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အစိုးရက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလစာက ဆန္ဒမပြခင်မှာ ၆၁ ဒေါ်လာ ဖြစ်ပါတယ်။ ကျပ်ငွေနဲ့ဆိုရင် ၆ သောင်းကျော်ပါ။ ကျွန်တော်တို့… Read More »




