ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ အစိုးရ
gov31july
gov31july
coc3-2015
အနည်းဆုံးအခကြေးငွေဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ၂ နှစ်ကျော်ကြာမှ အနိမ့်ဆုံးလုပ်ခလစာ (အဆိုပြုနှုန်းထား) ကျပ် ၃၆၀၀ (တစ်နာရီ ၄၅၀ ကျပ်) ကို ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုကြေညာတဲ့ အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ မှာ အဆိုပြုနှုန်းထားသာဖြစ်ပြီး၊ အတည်မဖြစ်သေး၊ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်/ပြင်ဆင်နိုင်ပါတယ်။ အဲဒီနောက်မှသာ အနိမ့်ဆုံးလုပ်ခ အတည်ပြုကြေညာမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေး ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး “အလုပ်သမားပြဿနာတွေဖြစ်အောင် မီးမွှေးပေးနေတာ ဖြစ်တယ်”လို့ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်းက ပြောဖူးပါတယ်။ အခုလို (အဆိုပြုနှုန်းထား) ကြေညာလိုက်တော့မှ မီးတွေထတောက်တော့မယ့် ကိန်းဆိုက်နေပါပြီ။ အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ချက်ကို အလုပ်သမားတွေဘက်ကရော စက်ရုံအလုပ်ရှင်တွေဘက်ကပါ ကိုယ်စီရပ်တည်ချက်နဲ့ မကျေနပ်ကြပါဘူး။ အလုပ်ရှင်တွေက အလုပ်တွေ ပိတ်သိမ်းမယ်လို့ ပြောနေပြီး အလုပ်သမားတွေဘက်က သပိတ်မှောက်မယ်လို့ တုံ့ပြန်နေကြပါတယ်။ အလုပ်သမားတွေဘက်က မကျေနပ်မှုဟာ တရားမျှတမှန်ကန်ပြီး၊ ကြောင်းကျိုးဆီလျော်တဲ့ မကျေနပ်မှုဖြစ်ပါတယ်။ ဒီနေ့ကာလမှာ လူတစ်ယောက် အဝစား ထမင်းတစ်နပ် ကျပ်… Read More »
AYDB2-3
268528303-on-draft