ကနေဒါကွန်မြူနစ်ပါတီဗဟိုကော်မတီ

ကနေဒါကွန်မြူနစ်ပါတီဗဟိုကော်မတီ၂ဝ၁၆ ခုနှစ်၊ ဧပြီ ၂၃။အားလုံးသောကွန်မြူနစ်နှင့်အလုပ်သမားပါတီများ၊ အမျိုးသားလွတ်မြောက်ရေးနှင့်တော်လှန်ရေးအဖွဲ့အစည်းများသို့ ချစ်လှစွာသော ရဲဘော်များခင်ဗျား-ကနေဒါကွန်မြူနစ်ပါတီ၏ ၃၈ ကြိမ်မြောက် ကိုယ်စားလှယ်စုံအစည်းအဝေးကြီးကို ကနေဒါနိုင်ငံတိုရန်တိုမြို့တွင် ၂၀၁၆ ခုနှစ် မေလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။ ဤအစည်းအဝေးကြီး၏ အဓိကလုပ်ငန်းမှာ ဆိုးဝါးလာနေသော ကမ္ဘာ့စီးပွားရေးနှင့်လူမှုရေးအကျပ်အတည်း၊ နေတိုးနှင့်သူတို့၏ နယ်ချဲ့စစ်ပွဲများတွင် ကနေဒါက ဆက်လက်ပါဝင်နေမှုနှင့် ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတို့ကို ဆက်လက်ဥပေက္ခာပြုမှုဟူသော အခြေအနေများတွင် လက်ရှိကနေဒါနိုင်ငံမှ နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေး၊ အလုပ်ရရှိရေး၊ အချုပ်အခြာအာဏာပိုင်ရေးနှင့် ဆိုရှယ်လစ်အရေးတို့ကို လေ့လာကြမည် ဖြစ်ပါသည်။ ဤအစည်းအဝေးကြီးက ကျန်းမာရေးကြောင့် ယခုနှစ် ဇန်နဝါလအတွင်း၌ ပါတီတာဝန်မှ အနားယူသွားသော ကနေဒါကွန်မြူနစ်ပါတီခေါင်းဆောင် မီဂယ်ဖီဂရား (Miguel Figueroa) အား ဂုဏ်ပြုရန် အစီအစဉ်လည်း ပါဝင်ပါမည်။ ကနေဒါကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ် ၁၉၉၂ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ထမ်းဆောင်ခဲ့သော ရဲဘော်ဖီဂရားသည် ကွန်ဆာဗေးတစ်အစိုးရက ဥပဒေပြဋ္ဌာန်းပြီး ပါတီ၏ ဥစ္စာပစ္စည်းများနှင့် ကနေဒါရွေးကောက်ပွဲများတွင် ပါဝင်နိုင်သော တရားဝင်ရပ်တည်ခွင့်တို့ကို ဆုံးရှုံးအောင်လုပ်ရန်… Read More »

ဗမာပြည်အလုပ်သမားထုနှင့်အတူ မေဒေးကို ဂုဏ်ပြုခြင်း

လွတ်လပ်ရေးရပြီး ၆၈ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နိုင်ငံ၊ ၅၄ နှစ်ကြာ စစ်ဗျူရိုကရက် အာဏာရှင်စနစ်အောက် ကျရောက်နေတဲ့နိုင်ငံ၊ ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တပိုင်းစီးပွားရေးထဲမှ ရုန်းမထွက်နိုင်သေးတဲ့ နိုင်ငံဟာ ယခုအခါ လူးလွန့်လှုပ်ရှား နိုးထလာမှုနှင့်အတူ ကမ္ဘာက အာရုံစိုက်မှုကို ရရှိလာတယ်။ ဈေးကွက်အသစ်ကလေးဖြစ်လို့၊ နိုဘယ်လ်ဆုရှင်ဦးဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ ပေါ်ပေါက်လာလို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဆိုတာထက် ပထဝီနိုင်ငံရေး ပထဝီစီးပွားရေးအရ စိတ်ဝင်စားကြတာက အဓိကကျပါတယ်။ ခေတ်က ဘဏ္ဍာအရင်း ကမ္ဘာဖြန့်ကြက်နေတဲ့ ကမ္ဘာမှုခေတ်ဖြစ်တယ်။ ထုတ်လုပ်ရေး ကိရိယာသစ်တွေ ဆန်းသစ်လာတဲ့ နည်းပညာခေတ် ဖြစ်တယ်။ အရင်းရှင်စီးပွားရေးကပ် နာတာရှည်ဖြစ်ကာ ဆင်းရဲချမ်းသာ ကွာဟမှု နက်ရှုင်းလာတဲ့ ခေတ်ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး စည်းစနစ်ဟောင်းတို့ ဖရိုဖရဲဖြစ်ကာ ဧကဝန်ရိုးကမ္ဘာလည်းမဟုတ် ဗဟုဝန်ရိုးကမ္ဘာလည်း မပီပြင်သေးတဲ့ တောင်မရောက် မြောက်မရောက်ကမ္ဘာကြီး ဖြစ်နေတယ်။ အရင်းရှင်စနစ်ရဲ့ ထုတ်လုပ်ရေးမင်းမဲ့လက္ခဏာဆောင်မှုနဲ့ ဖြစ်ပေါ်တိုးတက်မှုမညီညာမှုတို့နှင့်အတူ နိုင်ငံကြီးများဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကို တဖက်က ကျင့်သုံးရင်း စီးပွားရေးကပ်ဒဏ်ကို ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများပေါ် ပုံချနေကြတယ်။ ဘာသာရေး၊ လူမျိုးရေး… Read More »

မေဒေးအစဉ်အလာ ထွန်းပြောင်စေရမယ်

မေဒေးဆိုတာကို ၁၈၉ဝ ခုနှစ်မှာ စတင်ကျင်းပခဲ့ကြတာဆိုတော့ အခုဆိုရင်ဒီကမ္ဘာပေါ်မှာမေဒေးအခမ်းအနားကို ကျင်းပဆင်နွှဲကြတာဟာ နှစ်အားဖြင့်၁၂၆နှစ်မြောက်၊ အကြိမ်အားဖြင့် ၁၂ရကြိမ်မြောက်ဖြစ်ပါလိမ့်မယ်။ တနေ့ ၈ နာရီ အလုပ်ချိန်သတ်မှတ်ရေး တောင်းဆိုချက်နဲ့ စတင်ကျင်းပခဲ့တဲ့ကမ္ဘာ့အလုပ် သမားနေ့မေဒေး ဆိုတာဟာ ဆယ်စုနှစ်ပေါင်းများစွာဆင်နွှဲခဲ့ကြတဲ့ အလုပ်သမားတိုက်ပွဲတွေရဲ့အဆက်၊ မှတ်တိုင်တခုသာဖြစ်ပါတယ်။ စက်မှုတော်လှန်ရေး (ဗြိတိန်မှာ ၁၇၆ဝ စုနှစ်များ၊ ပြင်သစ်မှာ ၁၈ ရာစုအကုန်ပိုင်းနဲ့ အမေရိကန်မှာ ၁၈၁ဝ ခုနှစ်) ကနေ စက်မှုလုပ်ငန်းကို နိုင်ငံတကာ ဖြန့်ကြက်ခဲ့တာနဲ့အတူ ကမ္ဘာ့နိုင်ငံအများအပြားမှာ အလုပ်သမားလူတန်း စားပေါ်ပေါက်လာ၊ အလုပ်သမားလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အရင်းရှင်စနစ် ဖြစ်ပေါ်တိုးပွားမှုနဲ့အတူ ဖြစ်ပေါ်တိုးပွားလာတဲ့ ဒီအလုပ်သမား လှုပ်ရှားမှုတွေဟာ ၁၈၃ဝစုနှစ်များ၊ ၁၈၄ဝစုနှစ်များ စသည်တို့ ကစပြီးအရှိန်ရခဲ့ကြပါတယ်။ ဒီအထဲမှာ ၁၈၃၁နဲ့ ၁၈၃၄ခုနှစ်တို့က လီယွန် (ပြင်သစ်နိုင်ငံ)အုံကြွမှုများနဲ့ ၁၈၄၄ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဥရောပအလယ်ပိုင်း၊ ဆိုင်လိရှားနယ်(Silesia) (အခု ချက်နိုင်ငံနဲ့ပိုလန်မြောက်ပိုင်း) ရက်ကန်း အလုပ်သမား အုံကြွမှုတွေဟာ ပြင်းထန်ထင်ရှားပါတယ်။ အဲဒီနောက်တော့ ၁၈၇၁ခုနှစ်မှာ ပဲရစ်ဘုံအဖွဲ့ကြီးပေါ်ပေါက်လာပါတယ်။ “အမှားတွေ ရှိလင့်ကစား ပြင်သစ်ဘုံအဖွဲ့ဟာ ၁၉… Read More »

ချိုးငှက်ကို ဒုံးပျံနဲ့ ပစ်ချနေတဲ့စစ်အုပ်စု

ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲတွေထဲက ကောင်းတာတခု ထပ်ထွက်လာပြန်ပါပြီ။ အဲဒါကတော့ ကြံ့ ဖွတ် ပါတီ ခေါင်းဆောင်မှုထဲက အက်ကွဲကြောင်းကြီးထင်ထင်ရှားရှားပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းအပါ ကြံ့ဖွတ်ထိပ်သီး ၁၇ ယောက် ကြီးများတောင် “အနားယူခွင့်”(ထုတ်ပစ်) ပေးလိုက်တာပါ။ သူတို့လည်းလေ လောကီသား ပေမို့လို့ ပြောရမလား၊ သူတို့လည်းလေ ဗိုလ်ချုပ်များပေမို့လို့ ပြောရမလားမသိ၊ ပုခုံးပေါ်မှာ ဘားတပြောင်ပြောင်၊ ကြယ်တဝင်းဝင်းနဲ့ ဗမာပြည်က စစ်အုပ်စုအဆက်အဆက်ဟာ အခုလို မြေပေါ်က ိုပစ်ချလိုက်တဲ့ အခါမှာ သင်းတို့ဟာ ကျီးအာသီး သာဖြစ်ကြောင်း၊ အတွင်းမှာ ပုပ်လိုက်နေတာသာဖြစ်ကြောင်း ကမ္ဘာက မြင်တွေ့ကြရပြန်ပါတယ်။ တခါမဟုတ်၊ နှစ်ခါမဟုတ်၊ မှတ်မှတ်ရရ ဒါပါနဲ့ဆိုရင် သုံး၊လေးခါ ရှိပါပြီ။ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဦးနုရဲ့ သန့်ရှင်း ဖဆပလ က အပြတ်အသတ်နိုင်ပြီးတဲ့နောက် မိတ္ထိလာတပ်မှူးများညီလာခံမှာ ဗိုလ်နေဝင်းက သူတို့ထဲကလူတွေ ရွေးကောက်ပွဲမှာ တည်မြဲ ဖဆပလ ဘက်ကို ပင်းတယ်လို့ အပြစ်ပုံချပြပြီး ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်သိန်းတုတ် စတဲ့ သူနဲ့မတည့်သူတွေကို တပ်ကထွက်ခိုင်းခဲ့တာကို သတိရကြမယ်လို့… Read More »

နိုင်ငံတကာစစ်ပွဲများကိုလည်း ဆန့်ကျင်ရမယ်

ဒီကမ္ဘာမှာ အမေရိကန်ကနေ“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး (War on Terror)”စတင်လိုက်တဲ့ နောက်ကစပြီး ကမ္ဘာကြီးတခုလုံး မငြိမ်မသက်ဖြစ်ပြီး နေရာအနှံ့ တိုက်ခိုက်မှုတွေ ပေါ်နေတာဟာ ဒီနေ့အထိ ဖြစ်ပါတယ်။ အစကတော့ အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်း၊ အခုတော့ အာရှတိုက်နဲ့ဥရောပမှာပါ စစ်ဆင်မှုမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ ဥရောပကမ်းခြေတွေအပေါ် နိုင်ငံပေါင်းစုံက ဒုက္ခသည်အမျိုးမျိုး လှိုင်းတွေက ပုတ်တင်လိုက်သလို တသုတ်ပြီးတသုတ် ရောက်လာနေတာကို တွေ့ကြရသလို နေတိုးနဲ့ရုရှားကြားမှာ စစ်ရေးတင်းမာမှုတွေ သည်းသန်လာနေတာကိုလည်း ထိတ်လန့်စိုးရိမ်ဖွယ် တွေ့နေရပါတယ်။ နယ်စပ်အငြင်းပွားမှုတွေကို ရှေ့တန်းပြန်တင်လာကြသလို ဒေသအလိုက် စစ်အင်အားဖြည့်တာ၊ တည်ဆောက်တာတွေလည်း အလျင်အမြန်ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတကာ့သတင်းတွေမှာ ပူးတွဲစစ်လေ့ကျင့်ရေးတွေ၊ ပူးတွဲကင်းလှည့်တာတွေ၊ လက်နက်အသစ်အဆန်း ထုတ်လုပ်တာတွေ၊ စစ်စကားပြောတာတွေကို နေ့စဉ်လို တွေ့နေရတာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အိမ်ဖြူတော်ရဲ့“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး”ရယ်လို့ လူကြားကောင်းအောင် နာမည်တပ်ထားတဲ့ စစ်ဆင်မှုကြီးကြောင့် လူသန်းချီ သေကြေခဲ့ရပြီး အိုးအိမ်စွန့်ပစ်ရသူ အရေအတွက်ဟာ သန်း ၆ဝ ရှိတယ်လို့ ဆိုကြပါတယ်။ ဒီ ၁၅ နှစ်တာ ထင်သလို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်အစိုးရထိပ်သီး၊ ဘယ်စစ်ဗိုလ်ချုပ်ကိုမှ အရေးယူတယ်လို့… Read More »

ကျောင်းသားသမဂ္ဂ အဓွန့်ရှည်ပါစေသတည်း

ရင်ကမွေးလည်းသားကျောကမွေးလည်းသားကိုယ့်သားမှကိုယ့်သားကျောင်းသားတဲ့ငါ့သား ဗမာပြည်မှာ ပဒေသရာဇ်မင်းဆက်ပြတ်ပြီးနောက် ခေတ်သစ်ပညာရေး၊ ကျောင်း၊ ကျောင်းသားတွေ ပေါ်လာကတည်းက ကျောင်းသားနဲ့ မိဘပြည်သူများဟာ ခွဲလို့မရအောင် တလှေထဲစီး၊ တခရီးထဲသွား၊ တိုက်ပွဲတွေဝင်ပြီး အောင်ပွဲတွေ ဆင်ခဲ့ကြပါတယ်။ ၁၉၂ဝ ခုနှစ် သပိတ်ကစလို့ လို့ပဲ ဆိုကြပါစို့။ ပြည်သူတွေရဲ့ အဲဒီကိုလိုနီဘဝလွတ်မြောက်ရေး တိုက်ပွဲတွေကစလို့ ဒီနေ့အထိ မိဘပြည်သူတွေနဲ့ လက်တွဲမဖြုတ်စတမ်း တိုက်ပွဲဝင်ခဲ့/နေတဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲတွေဟာ ဗမာနိုင်ငံသမို်င်းထဲကနေ ဖယ်ရှားပစ်လို့ မဖြစ်နိုင်သလို ဒီတိုက်ပွဲတွေအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာဟာလည်း ဗမာပြည်နိုင်ငံရေးလောကက လူပုဂ္ဂိုလ်တဦးချင်း၊ ဒါမှ မဟုတ် အဖွဲ့အစည်းတခုချင်းကို တိုင်းတာတဲ့စံတမျိုး ဖြစ်နေပါတယ်။ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်း အဲဒီမေးခွန်း၊ အဲဒီစမ်းသပ်မှုကို ရှောင်ကွယ်လို့ မရပါဘူး။ ကျောင်းသားတွေဟာ (ဆရာဗန်းမော်တင်အောင်ပြောတဲ့) သမိုင်းက ပေးတဲ့တာဝန်ကို ဘယ်တုန်းကမှ ခေါင်းမရှောင်ခဲ့ဘူးဆိုတာကို အားလုံးပဲ အသိအမှတ်ပြုရပါမယ်။ ၁၉၂ဝ သပိတ်၊ မန္တလေးအာဇာနည် ၁၇ ဦး သပိတ်၊ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်၊ ၁၃ဝဝ ပြည့် ရေနံမြေအရေးတော်ပုံ(ဗိုလ်အောင်ကျော်ကျဆုံးမှုနဲ့ဆက်နေတဲ့)၊ ဂျပန်တော်လှန်ရေး၊ ၁၉၄၅ –… Read More »

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၄)

AYDB2-4