ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး

ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်မျက်နှာတခုမှ ပါတီခေါင်းဆောင်တဦး ဒုတိယပိုင်း ဗတိုးရှိန် (မုံရွာ) အရှေ့မြောက် နယ်စပ်အခြေခံဒေသမှာ ၁၉၇၅ ခုနှစ် မေလတွင် သခင်ဗသိန်းတင် ခေါင်းဆောင် ပြန်လည်ဖွဲ့စည်းတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှာ ရဲဘော်ဖေသောင်း ဗဟိုကော်မတီဝင် အပြည့်အဖြစ် ရွေးကောက် တင်မြှောက်ခံရတယ်။ ၁၉၈၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပါတီကွန်ဂရက်မှာ ပါတီဗဟိုကော်မတီ ပြန်လည် ရွေးကောက်တင်မြှောက်ရေး အမည်စာရင်းနဲ့ အတူ အရွေးခံမယ့် ရဲဘော်ရဲ့ ကိုယ်ရေးအကျဉ်းကို တင်ပြ ရတယ်၊ အဲဒီ ကွန်ဂရက်မှာ ရဲဘော်ဖေသောင်း ကိုယ်တိုင် ရေးသားတင်ပြထားတဲ့ ကိုယ်ရေးအကျဉ်းကို တာဝန်ရှိ ရဲဘော်က ဖတ်ကြားရာမှာ “ ဗမာပြည် ကွန်မြူနစ်ပါတီကနေ အလံနီပါတီ ခွဲထွက်တဲ့အချိန် ဗန်းမော် ကိုကိုကြီး က အလံနီ ဖြစ်သွားတဲ့အခါ ကျွန်တော်လည်း အလံနီ ဖြစ်သွားတယ် ” ဆိုတဲ့ တင်ပြချက် ဖတ်ကြားတာ ကြားလိုက်ရတယ်၊ ကျွန်တော် ကွန်ဂ ရက် ခန်းမလုံခြုံရေး တာဝန်ယူနေစဉ်… Read More »

သတင်းနဲ့ မှတ်ချက်

၁။ နိုင်ငံတော် သမိုင်းကော်မရှင်ကို ပြန်လည် ဖွဲ့စည်းမည်သူရအောင်ကို(၁) လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှစ၍ ယနေ့အထိ သမိုင်းဖြစ်စဉ်အမှန်များကို အမှန်အတိုင်း ပြုစုရေးသားရန် တာဝန်ပေးမည်။(၂) ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ထိန်ချန်ခြင်းများ လုံးဝ မဖြစ်စေရန် ကြပ်မတ်သွားမည်။(၃) ရဲရဲဝံ့ဝံ့ရေးသားကြလို့ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို တာဝန်ယူသည်။လိုရင်းကတော့ အဲဒီလောက်ပါပဲ။(၁) နိုင်ငံတော်အဆင့်နဲ့ ရေးခဲ့တာတွေဟာ အခြေခံသဘောထားကစပြီး မမှန်လို့ ထွက်ခဲ့သမျှတွေဟာ အမှန်ကနည်းနည်း အမှားက ‘ဗြွစ်သိပ်’(ပြွတ်သိပ်) ဖြစ်နေတယ်။ ခု တကယ်ရေးနိုင်ကြမယ်ဆိုရင် ကြိုဆိုရမယ့် ကိစ္စဖြစ်တယ်။(၂) ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ထိန်ချန်ခြင်းတွေ လုံးဝ(လုံးဝ) ဖြစ်ခဲ့လို့ ကြပ်မတ် မကြပ်မတ်နိုင် စောင့်ကြည့်ပါ့မယ်။ တပ်မတော် သမိုင်းတို့ ဗိုလ်ခင်ညွန့်နဲ့ ဒေါ်နီနီမြင့်တို့ လမ်းညွှန်မှုနဲ့ ရေးသားတဲ့ သမိုင်းစာအုပ်တို့လို မဖြစ်ဖို့ အရေးကြီးတယ်။ ဒါတွေကို ဆန့်ကျင် ဘက်ရေးလာရင် သူတို့ငြိမ်နေပါ့မလား။(၃) တာဝန်ခံတာ အာမခံချက်ပေးတာကိုတော့ ကြိုက်ပါပြီ။ ခက်နေတာကတော့ သမိုင်းပညာရှင်တွေ ချွေးပြန်မယ့်ကိစ္စ၊ ဒုက္ခပေး သလို ဖြစ်သွားမယ့်ကိစ္စဆိုတော့ စိုးရိမ်မ်ိပါတယ်။ သူတို့အနေနဲ့ ပဒကုသလဇာတ်ထဲကလို… Read More »

ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က နားထောင်ပါ့မလား

ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က နားထောင်ပါ့မလား။ ကိုထွေး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အင်စီအေ) လက်မှတ်ရေးထိုးခြင်း နှစ်ပတ် လည် အခမ်းအနား ကို အောက်တိုဘာလ(၁၅)ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့က မိန့်ခွန်း ပြောခဲ့ကြပါတယ်။ သူတို့ပြောကြတဲ့ မိန့်ခွန်းတွေထဲမှာ အင်စီအေ စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်ကြဖို့နဲ့ စာချုပ်မှာပါ ဝင်လက် မှတ် မထိုးကြသေးတဲ့ အဖွဲ့တွေ ပါဝင်လာရေးကိုရည်ရွယ်ပြီး ကိုယ့်ရှုထောင့်နဲ့ကိုယ် ပြောသွားကြတာ တွေ့ရပါတယ်။ စာချုပ်က တစ်နိုင်ငံလုံးလို့ ချီထားပေမယ့် ခုထိ ပါဝင်လက်မှတ်ထိုးတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းက တည်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ထက်ဝက် တောင် မရှိသေးပါဘူး။ ဘာကြောင့်ပါလဲ။ လက်မှတ် ထိုးလိုက်ရုံနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်လိမ့်မယ်လို့ မယုံကြည်ကြတာက အဓိက အကြောင်းရင်း ဖြစ်ပါလိမ့်မယ်။ ၂၇နှစ်အတွင်း… Read More »

ဘာလုပ်ကြမလဲ မှတ်စုများ

download_what-is-to-be-done

နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲ

နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲ (၁) သြဇာနဲ့အာဏာ ပြည်တွင်းပြည်ပ နှစ်နေရာလုံးမှာ ဒေါ်အောင်ဆန်းကြည် သြဇာရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းကြပါ။ ရွေးကောက်ပွဲကလည်း နိုင်ထားပြီးဆိုတော့ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သူအာဏာရပြီ….ပေါ့၊ ဒါပေမဲ့ ဗမာပြည်မှာ ဒါမျိုး ဖြစ်မလာခဲ့ဘူး။ သြဇာရှိလို့ အာဏာ ရှိတာလား၊ အာဏာရှိလို့ သြဇာရှိတာလား၊ ဗမာပြည် စစ်အုပ်စုကတော့ အာဏာရှိခဲ့လို့ သြဇာရှိခဲ့ကြတာ အထင်အရှားပဲ။ ဒေါ်အောင်ဆန်းစုကြည် အဖို့တော့ သြဇာရှိတာနဲ့ အာဏာရှိတာ တခြားစီဖြစ်နေတယ်၊ သူကိုယ်တိုင် သူ့ပါတီ NLD မှာ သြဇာလည်းရှိတယ်၊ အာဏာ လည်း ရှိတယ်၊ ဒါပေမဲ့ တိုင်းပြည် နိုင်ငံရေးမှာကျတော့ သြဇာက အာဏာကို လက်ညှိုး မညွှန်နိုင်ဘူး၊ ၂၀၀၈ ခြေဥက ဒါကို ခွင့်မပြုဘူး။ ဒါကို ဆုပ်မိကိုင်မိ ရှိကြတဲ့ ပြည်ပ နိုင်ငံတွေက (နိုင်ငံချင်းဆက်ဆံရေးမှာ) သတိထား ဆက်ဆံလာကြတာ တွေ့ရတယ်၊ ကာချုပ်ကို သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ထပ်တူ ဦးတိုက်ခံစာရင်းထဲ ထည့်ထားကြရတယ်။ ကာချုပ်ကလည်း ၂၀၀၈ ခြေဥထဲက အနှစ်အသားဖြစ်တဲ့… Read More »

သွေးစုပ်ကောင်တွေ မောင်းထုတ်ကြ

သွေးစုပ်ကောင်တွေ မောင်းထုတ်ကြ ရဲဘော် ထွန်းလှ ဦး(ဗိုလ်)သိန်းစိန် အစိုးရလက်ထက်ကစလို့ပဲ ဒေါ်အောင်ဆန်းစုကြည် တယောက် ပြည်တွင်း ပြည်ပ ခရီးတွေ မကြာခဏ သွားပါတယ်။ အာရှ၊ ဥရောပ၊ အမေရိက ကမ္ဘာအနှံ့ခြေဆန့်ပါ တယ်။ အခုလို အသက်အရွယ်နဲ့မလိုက် ကျန်းမာရေး အထိခိုက်ခံပြီး အားကြိုးမာန်တက် လုပ်ကိုင်သွားလာနေတာ ကရုဏာသက်စရာပါ။ အိုပေမယ့် စွမ်းသလောက် လုပ်ကိုင်ရှာတယ်။ သူကျန်းမာသန်စွမ်းတုန်း သူလုပ်နိုင်သရွေ့လုပ်သွားမယ်လို့ ပိုင်းဖြတ်ထားပုံရပါတယ်။ ဒါပေ မဲ့ သူလုပ်နေတာတွေက ဘယ်သူတွေအတွက် ဖြစ်နေလဲ။ သူ့ကြိုးစားအားထုတ်မှုတွေကနေ ဘယ်သူတွေ ဘယ်လောက် အမြတ်ရနေသလဲ။ သူ့ကြိုးစား အားထုတ်မှုတွေ အပေါ်မှာ ဘယ်သူတွေ ဘယ်လို သွေးစုပ် အမြတ်ထုတ်နေကြပါသလဲ။ “လူထုအတွက် အနစ်နာခံဖို့လိုရင် အနစ်နာခံမယ်”လို့သူဆိုခဲ့တဲ့အတိုင်း လုပ်ကိုင်နေပုံ ရပါ တယ်။ သို့ပေမဲ့ အခုအချိန်ထိတော့ သူ့အနစ်နာခံမှုတွေ၊ သူ့အားထုတ်မှုတွေရဲ့အသီးအပွင့် တွေကို လူထုက မရရှိမခံစားနိုင်သေးပါဘူး။ နောင်အခါမှာလည်း ရရှိခံစားနိုင်မယ့် အလားအ လာသိပ်မရှိပါဘူး။ နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတဲ့ စစ်အုပ်… Read More »

ကာတွန်း