အဓိကနဲ့ လက်အောက်ခံ ပြဿနာ (ဝင်းအောင်)
အဓိကနဲ့ လက်အောက်ခံ ပြဿနာ ဝင်းအောင် တော်လှန်ရေး အင်အားစုများအနေနဲ့ ရန်သူ့ အစိတ်အပိုင်းများ မိမိတို့ အဝန်းအဝိုင်းအတွင်းသို့ မရောက်ရှိအောင် သတိထားကာကွယ်ခြင်း၊ ရောက်ရှိနေလျှင် သတိရှိရှိ စနစ်ရှိရှိ အရေးယူဖယ်ရှားခြင်းလုပ်ငန်းကို သာမန်ကာလ လတ်တလောတောင်းဆိုချက်များ အတွက်ဆင်နွှဲတဲ့ တိုက်ပွဲများအတွင်းမှာဖြစ်စေ၊ အရေးတော်ပုံကာလ (စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖျက်သိမ်းရေး ကဲ့သို့သော) နိုင်ငံရေး ကြွေးကြော်သံများအတွက်ဆင်နွှဲတဲ့ လူလုတိုက်ပွဲကြီးတွင်းမှာဖြစ်စေ လုပ်ကြရပါတယ်။ ဘယ်အခြေအနေမှာ ဖြစ်ပါစေ၊ ဒီအလုပ်ဟာ မိမိတို့ တိုက်ပွဲကို မှန်ကန်တဲ့ ဦးတည်ချက်လမ်းကြောင်း ပေါ် ရောက်ရှိအောင် ထိန်းသိမ်ထားနိုင်အောင် ကြိုးပမ်းမှု၊ လူထုလက္ခဏာဆောင်နေအောင် ကြိုးပမ်းမှု ရဲ့ လက်အောက်ခံအလုပ်ဖြစ်ပါတယ်။ သာမန်ကာလ အလုပ်သမားသပိတ်များမှာ အလုပ်ရှင်ရဲ့ (ဖြစ်နိုင်ဖွယ်ရာ) “ဒလန်” ကို သတိထား ရှောင်ကြဉ် လုပ်ကိုင်ရပါတယ်။ “သတိထား” တဲ့အထဲမှာ အလုပ်သမားချင်းသွေးမကွဲစေဖို့၊ မှားယွင်းစွာ အကဲဖြတ်တာမဖြစ်စေဖို့ ပါဝင်ပါတယ်။ “ဒလန်” ကို သတိထား လုပ်ကိုင်တာဖြစ်စေ၊ ခေတ္တယာယီ ထိန်းသိမ်းတာဖြစ်စေ မှန်ကန်စွာဆောင်ရွက်နိုင်ဖို့က တိုက်ပွဲခေါင်းဆောင်မှု အရည်အသွေး၊ တိုက်ပွဲဝင်သူများ၊ ဝန်းရံသူများရဲ့သွေးစည်းမှုအတိုင်းအတာ… Read More »




