အမှီအခိုကင်းတဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလမ်း
အမှီအခိုကင်းတဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလမ်း ညီဌေးကျော် ယခုအခါ ဗမာပြည်ဟာ ကိုယ့်ပြည်တွင်းရေးပြဿနာနဲ့ကိုယ် ရှုပ်နေတဲ့အပြင် မကြုံစဖူး နိုင်ငံကြီးများရဲ့ အာရုံစိုက်မှုကို ခံနေရတယ်။ နိုင်ငံကြီးများက ပြောင်းလဲလာတဲ့ ၂၁ ရာစု ကမ္ဘာမှုအခင်းအကျင်းအရ ဗမာပြည်ရဲ့ ပထဝီနိုင်ငံရေးကို မျက်စိကျတာပါ။ ၂၀၀၈-၂၀၁၀ အရင်းရှင်စီးပွားရေးကပ် ရှည်ကြာလာ၊ စတုတ္ထစက်မှုတော်လှန်ရေး၊ နည်းပညာပြိုင်ဆိုင်မှု၊ စည်းစနစ်ဟောင်းတွေ အလုပ်မဖြစ်၊ ကိုဗစ်ကမ္ဘာနာ ကပ်ရောဂါ၊ အမေရိကန်အကျ တရုတ်အထ၊ မတည်ငြိမ်ရှုပ်ထွေး၊ အပြောင်းအလဲများမြန်တဲ့ ခေတ်ကာလတရပ်ကို ကျော်ဖြတ်နေရပါတယ်။ အာဖဂန်နဲ့ အီရတ်မှ အမေရိကန်တပ်တွေ ရုပ်သိမ်း၊ ဖြစ်ချင်ရာဖြစ် ပစ်ထားခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးပေါ်လစီအရွေ့ဟာ အင်ဒိုပစိဖိတ် ဒေသသို့ ရွေ့လာပါတယ်။ အိုဘားမားလက်ထက် ကတည်းကချထားတဲ့ အာရှမဏ္ဍိုင်ပြု စမတ်ပါဝါ Asia Pivot smart power ဆိုတဲ့ တရုတ်ထိန်းချုပ်ရေး နိုင်ငံခြားရေးပေါ်လစီကို ဂျိုးဘိုင်ဒင်က ပြန်ကိုင်လာတာပါ။ အာဖဂန်မှ အမေရိကန် ရှုံးနိမ့်မှုနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံရေးဂုရုကြီး ကစ်ဆင်းဂျား Henry Kissinger က ယခုလို သုံးသပ်ပါတယ်။… Read More »




